5
Aug

နိုင်ငံတကာ အေ့စ်ညီလာခံပြီးဆုံး၊ ရောဂါတိုက်ဖျက်ရေး ဆက်လက် ထောက်ပံ့မည်ဟု အိုဘားမား ကတိပြု



ဗီယင်နာမြို့တွင်
ပြုလုပ်နေသော နိုင်ငံတကာ အေ့စ် ကွန်ဖရင့် အဆုံးသတ် သွားချိန်မှာပင် အေ့စ် ရောဂါ တိုက်ဖျက်ရေးအတွက်
အမေရိကန်နိုင်ငံက ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားနှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန် တို့က ကတိပြု ပြောကြားသည်။

အေ့စ်
ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ကြိုတင် အသံသွင်းထားသော ဗွီဒီယိုမှတဆင့် ပြောကြားရာ၌
အေ့စ် ရောဂါ တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက်နှင့် ရေရှည် ထိန်းသိမ်းနိုင်သော အစီအစဉ်ကို
ဦးဆောင်ဦးရွက် ပြုမည်ဖြစ်ကြောင်းနှင့် ရရှိလာသော တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းရေး
လုပ်ဆောင်မည် ဖြစ်ကြောင်း အမေရိကန် ခေါင်းဆောင် နှစ်ဦးက ပြောကြားသည်။

အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်(စ်) ကာကွယ်ရေး၊ ကုသရေးနှင့် စောင့်ရှောက်မှုကို ရရှိရေးမှာ တစ်ကမ္ဘာလုံးတွင်
ညီတူမျှတူ ဖြစ်ရမည်ဟု အမေရိကန်က ယုံကြည်ကြောင်း မစ္စကလင်တန်က ပြောကြားပြီး ကျန်းမာရေးမှာ
လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ၂၀၁၂ နှစ်တွင် အမေရိကန်က အေ့စ် ညီလာခံကို
လက်ခံကျင်းပမည် ဖြစ်သည်။

ဗီယင်နာ
ကွန်ဖရင့်အား ကမ္ဘာ့နိုင်ငံများမှ အစိုးရဆိုင်ရာနှင့် အရပ်ဘက် ကိုယ်စားလှယ်ပေါင်း ၁၉,၀၀၀
တက်ရောက် ခဲ့သည်။ ညီလာခံတွင် တင်ပြသည် စာတမ်းတစ်ရပ်၌ အိတ်ခ်ျအိုင်ဗွီ အား ကာကွယ်နိုင်သော
အမျိုးသမီးသုံး ဂျယ်လီ တစ်မျိုးအကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း
ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အေ့စ် ဝေဒနာရှင်ပေါင်း ၅ ဒသမ ၂ သန်း ကုသမှု ရရှိနေကြောင်း ယင်းမှာ
စံချိန်တင် အရေအတွက် ဖြစ်ကြောင်း ပြောကြားသည်။

သို့သော်
အေအိုင်ဒီအက်(စ်)၊ တီဘီရောဂါ၊ ဌက်ဖျား စသည့်ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေးကို ကမ္ဘာတစ်ဝန်း
လုပ်ဆောင်နေသော Global Fund အဖွဲ့က ၎င်းတို့၏ ငွေကြေးအင်အား လျော့နည်းလာ၍ လာမည့် သုံးနှစ်အတွင်း
အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ ဖြည့်တင်းရန် လိုအပ်နေကြောင်း ညီလာခံတွင် တင်ပြခဲ့သည်။

AP



ဗီယင်နာ၊ ဇူလိုင် ၂၃

July
29, 2010 (Vol.9, No.19)

7 Day News
(၇ ရက် သတင်းဂျာနယ်) - နိုင်ငံတကာ အေ့စ်ညီလာခံပြီးဆုံး၊ ရောဂါတိုက်ဖျက်ရေး ဆက်လက် ထောက်ပံ့မည်ဟု
အိုဘားမား ကတိပြု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top