5
Dec

နိုင်ငံတကာ အေ့စ် တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရနေ



VOA မြန်မာပိုင်းအစီအစဉ်

၆၊၁၂၊၂၀၀၈

 

ဒီဇင်ဘာလ
၁ ရက်နေ့ ဟာကုလသမဂ္ဂကနေ သတ်မှတ်ထားတဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ဖြစ် ပါတယ်၊ အခုကျင်းပတာဆိုရင်
အကြိမ် ၂၀ မြောက်ရှိပါပြီ။ ကမ္ဘာအ၀ှမ်းမှာတော့ နိုင်ငံခေါင်းဆောင်တွေ  အေစ့်တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ 
ကမ္ဘာ့ပြည်သူတွေဟာ အခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာအ၀ှမ်း အေစ့် တိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်မှုတွေကို
ချီးမွမ်းပြောခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ
အေစ့် ရောဂါ တိုက်ဖျက်ရေးနဲ့  အေစ့် ဝေဒနာရှင်တွေကို အကူအညီ ပေးရေးတွေကို
ပိုပြီး  လုပ်ဆောင်ကြမယ်လို
့လည်းဂတိက၀တ်ပြုခဲ့ကြပါတယ်။

 

အမေရိကန်အစိုးရရဲ
့ အခုနှစ်ကုန်ပိုင်းအထိ HIV/AIDS ဝေဒနာသည် နှစ်သန်းကုသမယ်ဆိုတဲ့ ရည်မှန်းချက်  ဟာလည်း ပြည့်မှီခဲ့တယ်လို့  သမ္မတဘွတ်က
ပြောပါတယ်။ AIDS ရောဂါတိုက်ဖျက်ကူညီရေး သမ္မတရဲ့ အရေးပေါ်အစီအစဉ်ဟာလည်း အတော်လေးကို
အောင်မြင်မှု ရတယ်လို့ အသိအမှတ်ပြူ ခံရပါတယ်။နောက် လာမယ့်သမ္မတအဖြစ် အရွေးခံထားရတဲ့ မစ္စတာဘရက်ခ် အိုဘားမားကလည်း သမ္မတဘွတ်ရှ် ရဲ 
့အေ့စ်တိုက်ဖျက်ရေးကြိုးပမ်းချက်တွေကိုချီးမွမ်းပြီး သူ့ အနေနဲ့ လည်းဒီလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ဂတိပြုပါတယ်။

 

ထိုင်းမြန်မာနယ်စပ် မဲတော်ဆေးခန်းမှာလုပ်တဲ့ အခမ်းအနားမှာတော့ ဒေါက်တာစင်သီယာမောင်က “ဆင်းရဲမွဲတေမှုပြဿနာတွေကို ရှင်းနိုင်မှသာ
အေစ့်ရောဂါ  တိုက်ဖျက်ရေး ကျဆင်လာမယ်“ လို့ ပြောဆိုသွားပါတယ်။

သတင်း- VOA မြန်မာပိုင်းအစီအစဉ် နိုင်ငံတကာ အေ့စ် တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရနေ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top