16
Mar

နိုင်ငံရေး အကျဉ်းသား မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ HIV ရောဂါကူးစက်ခံရပြီး သေဆုံး



အိုင်အယ်အိုကို
တိုင်ကြားခဲ့တဲ့အမှုနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား
အလယ်တန်းပြဆရာ ဦးဌေးလွင်ဦး အသက် ၄၅ နှစ်ဟာ ဒီဇင်ဘာ ၂၈ရက် မနေ့က မန္တလေး
အိုးဘိုထောင်မှာ
HIV ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

 

နိုင်ငံတော်အစိုးရက
ဝန်ထမ်းတွေကို လစာနည်းနည်ပေးပြီး မတရား ခိုင်းစေနေတယ်ဆိုကာ အပြည်ပြည်ဆိုင်ရာ
အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးခွဲကို ၂၀၀၃ ခုနှစ်က ဦးဌေးလွင်ဦးက
စာရေးသားပေးပို့ တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားခဲ့တဲ့အတွက် မြန်မာစစ်အစိုးရက
ဦဌေးလွင်ဦးကို နိုင်ငံရေးသမားတွေကို တပ်လေ့ရှိတဲ့ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ
၅ညနဲ့ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ
အိုးဘိုထောင်အကျဉ်းထောင်မှာ အကျဉ်းချခံနေရတာ ၅နှစ်ပြည့်သွားပါပြီ။ ဒီဇင်ဘာ ၂၈
ရက်နေ့မှာ ဦးဌေးလွင်ဦး ကွယ်လွန်သွားတဲ့အကြောင်း မိသားစုအနေနဲ့
ဘယ်လိုသိရပါသလဲလို့ ဇနီး ဒေါ်ခင်လှမြင့်ကို မေးကြည့်ပါတယ်။

 

ဒေါ်ခင်လှမြင့်။  နာရေးအသင်းကနေ
လာအကြောင်းကြားတော့ သူတို့မပါဘူးနော်။ အဲလိုအကြောင်းကြားတော့ အိမ်ကိုလည်ပြီးတော့
မေးတယ်။ ဒီနေ့မနက် ၈နာရီလောက်သွားတော့ သူတို့က ၈နာရီလောက်မှာ ထုတ်ပေးတယ်။
ကြာနီကန်မှာ ၁၂ နာရီလောက်မှာ သင်္ဂြိုဟ်ပါတယ်။ တီဘီဖြစ်တယ် နောက်တခါ တက်တက်ပြီးတော့
လဲတယ် သတိလစ်လစ်ပြီး လဲတယ်။ အဲဒီလဲရာကနေ သွက်ချပါဒ ဖမ်းသွားပြီး
ပါးတွေဘာတွေရွဲ့သွားတယ်။ ကိုယ်တခြမ်းသေသွားတယ် အအေးပတ်တာ ပါမှာပေါ့လေ။

 

ဦးဌေးလွင်ဦး
ဈာပနမှာ ကုန်ကျစရိတ်တွေအတွက် တာဝန်ကျဝန်ထမ်းတဦးက မိသားစုကို
တောင်းခံခဲ့ပုံကိုလည်း ဆက်ပြောပြပါတယ်။

 

ဒေါ်ခင်လှမြင့်။  အဲဒီထဲက
တာဝန်ရှိ ကောင်လေးကနေပြီးတော့ ကျနော်တို့လုပ်ထားတာ ၂၈၂၅၀ကျတယ်ဆိုပြီး
ဇွတ်တောင်းတယ်။ အဲလိုပြောတဲ့အခါကျတော့ အိမ်က ညီမကနေပြီးတော့ မသိဘူး ဟိုအမကြီးတာ
မေးတော့ပြောတော့ အမကြီးတယောက်ကနေ ဝင်ပြောပေးတာပေါ့နော်။ ငွေတွေဘာတွေ လှူတာကတော့
အမတို့ပိုက်ဆံနဲ့ပဲ လှူလိုက်တယ်။ မီးသင်္ဂြိုဟ်စရိတ်တော့ သူတို့ဖာသာသူတို့
ပေးသွားတာပေါ့နော်။

 

အခုလို
ထောင်ထဲမှာ အများအကျိုးတောင်းဆိုရင်း သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ဂုဏ်ယူကာ
အားလုံးကို မေတ္တာပို့နေပါတယ်လို့ ဝမ်းနည်းစကား ဆက်ပြောပြပါသေးတယ်။

 

ဒေါ်ခင်လှမြင့်။  အမ
ခံစားချက်ကတော့ အမလို မခံစားရပါစေနဲ့ အမကတော့ ဘယ်သူပဲဖြစ်ဖြစ်
မေတ္တာအမြဲတမ်းပို့ပါတယ်။ ခုလည်း ခုလက်ရှိမင်းကိုလည်း မေတ္တာအမြဲတမ်းပို့ပါတယ်။
သင်္ခါရပေါ့ မောင်လေးရယ် ကိုယ့်အတိတ်ကံက မကောင်းခဲ့လို့ ဒီလိုမျိုးပေါ့ တွေ့ရတဲ့
အကြောင်းပေါ့နော် မောင်လေးရယ် ထောင်ထဲမှာအများအတွက် ကောင်းတာလုပ်တာအတွက်
သေသွာတာကို အ
စ်မကတော့ ဂုဏ်ယူတယ် ဒီလိုသေတာချင်းအတူတူတောင်မှ။

နိုင်ငံရေး
အကျဉ်းသား ဦးဌေးလွင်ဦးဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ
HIV ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ရတယ်လို့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။
ဒီရောဂါကို ထောင်ထဲမှာ ဘယ်လိုကူးစက်ခံရသလဲ၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု
အခြေအနေဘယ်လို ရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်ကို
ဆက်သွယ်မေးမြန်းထားချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်တွင်းမှာ
ကူးစက်ရောဂါတွေရဖို့ အခြေအနေတွေဘယ်လောက်အထိရှိလဲဆိုတာကို
AAPPB
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့
တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို ဆက်သွယ်မေးမြန်းပြီး မအင်ကြင်းနိုင်က
တင်ပြထားပါတယ်။

 

မေး။            
နိုင်ငံရေး အကျဉ်းသား ဦးဌေးလွင်ဟာ မန္တလေး ထောင်မှာ အိတ်ခ်ျအိုင်ဗွီရောဂါ
ကူးစက်ခံရပြီးတော့ သေဆုံးခဲ့ရတာပါ။ ဒါကြောာင့် ဒီရောဂါကို ထောင်ထဲမှာ ဘယ်လို
ကူးစက်ခံရသလဲ။ထောင်တွင်းကျန်းမာရေး အခြေအနေတွေ ဘယ်လို ရှိသလဲဆိုတာ တွေကို သိရအောင်
ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်ကို မေးမြန်းထားပါတယ်။ အဲတော့ ထောင်ဝင်စာကို ဘယ်တုန်းက
နောက်ဆုံးသွားတွေ့ ခဲ့သလဲ ဆိုပြီးတော့ ကျမ စမေးကြည့်တော့။

ဖြေ။             
အင်္ဂလိပ်လို ဒီဇင်ဘာ ၁၄ ရက်နေ့  နောက်ဆုံး ဗုဒ္ဓဟူးနေ့ က သွားတွေ့ တာပေါ့နော်။ ခု ၃၁
ရက်နေ့ မှာတွေ့ ရမှာပေါ့နော် တကယ်တမ်း တွေ့ ရမယ်ဆိုရင်။ ၁၅ ရက်ကို တစ်ခါတွေ့ နေကျ။
ဒီ ၅ နှစ်လုံးလုံး တစ်ခါမှ မပျက်ဘူး သွားတွေ့ တယ်ပေါ့နော်။ သူကျန်းမာရေးက
လေးနှစ်အထိ တအားကောင်းတယ်။ ဒီ ၅နှစ်ပိုင်း ၀င်ကတည်းက သူကျန်းမာရေးက ဖောက်တော့တာဘဲ
ပေါ့နော်။ အိမ်မှာတော့ ဘာရောဂါမှ မဖြစ်ဘူး ဆေးထိုးတာတွေ ဘာတွေလဲ မရှိဘူး။ အဲလို
ကျန်းမာရေးကောင်းတယ် မန္တလေးနဲ့ တောင်ပြုံးနဲ့  သူက စာသင်ကျောင်းက မန္တလေးမှာ
ဆိုတော့လေ စက်ဘိန်းနဲ့ အိမ်ကနေ အမြဲတမ်းသွားတယ် သူကျန်းမာရေး ကောင်းတယ်။

မေး။            
ဟုတ်ကဲ့ အစ်မက ဒီနောက်ဆုံးထောင်ဝင်စာ တွေ့ တဲ့အချိန်တုန်းက သူကျန်းမာရေး အခြေအနေ
ဘယ်လိုရှိလဲရှင့် ။

ဖြေ။             
ကျန်းမာရေး မကောင်းဘူးညီမလေး ကျန်းမာရေး တော်တော့ကို မကောင်းလို့  အစ်မတို
့နေ ပြီးတော့ ဟို အပြင်ဘက်ကနေ ပြီးတော့ပေါ့နော်၊ အသနားခံစာ တင်မယ်ပေါ့။ အပြင်က
ဆေးရုံမှာ ဆေးကုသခွင့် ရအောင်လို့ ဆိုပြီးတော့ အစ်မက လုံးပန်းနေတဲ့ အချိန်မှာ
အခုသူဒီလို ဆုံးသွားတာပေါ့နော် ညီမလေး။

 

မေး။            
ဘယ်လိုဖြစ်ပြီးတော့ ခုလိုဆုံးသွားတာလဲဆိုတာ သိခွင့်ရလားအစ်မ။

ဖြေ။             
ဘယ်လိုဖြစ်ပြီးတော့ ရုတ်တရက် ဆုံးသွားတယ် ဆိုတာလေ၊ မေးတယ် ထောင်ဝန်ထမ်းတွေကလေ
သူတို့ သေတာတောင် မသိလောက်ဘူးထင်တယ်။ သူတို့ ပြောတော့ နံနက် ၅ နာရီနဲ့ ၅
မိနစ်မှာသေတယ်လို့ ဘဲပြောတာ။ ကျန်တဲ့ ကိစ္စတွေတော့ မပြောဘူး အစ်မကလဲလေ အဲဒါ
ထောင်ထဲမှာ ၀င်တွေ့ ချင်တယ်လို့  ပြောတဲ့အခါကျတော့။ အဲကောင်လေး
အဲဒီထောင်ဝမ်ထမ်းတွေက အတွေ့ မခံဘူး အပြင်ကျမှ ခင်ဗျားယေက်ျားကိုတဲ့ ဒီသုသာန်
ရောက်မှ ဖက်ငိုငိုတဲ့ အောင်မယ်လေး ကြိုက်သလို အဲဒီတော့မှ ငိုလို့ ရတယ်ပေါ့။
ဒီအထဲထဲတော့ တွေ့ ခွင့်မပေးနိုင်ဘူးလို့ ပြောတာ အစ်မကို။ ထောင်ထဲမှာကျမှ
ရောဂါဖြစ်တာပေါ့နော်။

 

မေး။            
ဆရာဝန်တွေက ဘာရောဂါလဲလို့ သူမှတ်ချက် ပေးသွားလဲရှင့်။

ဖြေ။             
သူကပေါ့ အိတ်ခ်ျအိုင်ဗွီ လို့ အဲလိုပြောတာပေါ့နော်။

 

မေး။            
ဟုတ်ကဲ့ အဲတော့ ဒီ ထောင်တွင်းဆေးဝါး ကုသစောင့်ရှောက်မှုနဲ့  ပတ်သက်ပြီး အစ်မကိုလေ
သူ မဆုံးခင်က ပြောပြတာတွေ ရှိလား။

ဖြေ။             
သူတို့ ကတော့လေ အဲဒီပေါ့ ကိုဌေးလွင်ဦးကို ပေါ့ ဘေးနားမှာ ပြုစုတဲ့
ကလေးလေးတွေရှိတယ်။ ထောင်ကျတဲ့လူ အချင်းချင်းပေါ့၊ အဲဒီကလေးလေးကတော့ အားဆေးလေးဘာလေး
ထိုးပေးပါတယ်။ ဆရာဝန်က အဲဒီထောင်ထဲကိုလာတဲ့ ပါရဂူတွေ ဘာတွေ ကိုလဲပြပေးပါတယ်။
ဒါပေမဲ့ အဲဒီရောဂါက ဘာရောဂါလဲဆိုတော့ မေးလို့ မရအောင်ကို ဖြစ်နေတယ်။ လက်တွေ
့မြင်နေရတာတော့ ကိုယ်တစ်ချမ်း သေတာတို့  ပါးရွဲ့ တာတို့ ပေါ့လေ။ ကိုယ်ကလဲ
လိမ်းဆေးတွေ သွင်းပေးတယ်။ အားဆေးတွေ ဘာတွေလုပ်ပေးတယ် ဗမာဆေးတွေပေါ့နော်။
အဲလိုမျိုး နောက် အာရုံကြော အားနည်းတယ်ဆိုပြီးတော့ အာရုံကြောမကောင်းဘူး
ဆိုပြီးတော့ ဆရာဝန်က ရေးပေးတာ အာရုံကြော ဆေးတွေဘာတွေ သွင်းပေးတာ ဒါတော့ရှိတယ်။

 

မေး။            
ထောင်ထဲမှာပေါ့နော် ဒီရောဂါကို ဘာဖြစ်လို့ ရခဲ့တာလဲ ဆိုတာ အစ်မတို
့မသိရဘူးပေါ့နော်။

ဖြေ။             
ဟုတ်ကဲ့ ဘာမှကိုမသိရဘူး အဲလိုဘဲတိတိကျကျ ကိုယ့်ကို ဆရာဝန်နဲ့ လဲ မတွေ့ ရဘူး လေနော့ မပြောဘူးပေါ့နော်
တွေ့ ဖို့  ကလဲ ဆရာဝန်က သူအိမ်ကို မလာပါနဲ့ တို့ ပြောထားတော့၊ သူ့ အိမ်ကို သွားတွေ
့ဖို့ ကလဲ ခဲယဉ်းတယ်ပေါ့နော်။ ခုက နိုင်ငံရေး ပုဒ်မနဲ့ ဆိုတော့ သူတို့ က တွေ
့မခံချင်ဘူးပေါ့ ကိုယ်တွေကို။ အဲတစ်ခါ သွားတွေ့ တဲ့အခါကျတော့ လွန်ခဲ့တဲ့ ၆လ ၇လ
လောက်က ပိုက်ဆံတစ်သိန်း ပေးထားပါ ပေါ့။ အဲဒီ ပိုက်ဆံတစ်သိန်းကို သူဆေးကုဖို
့ပေါ့နော် သူတို့ ယူဖို့ မဟုတ်ပါဘူးပေါ့။ အဲဒီလို တွေဘာတွေ သူကပြောတယ်ပေါ့။

 

မေး။             ။အဲတော့
အဲဒီရောဂါဟာ တစ်ကယ်လို့ ထောင်ထဲက ဆေးထိုးအပ်တွေ ဘာတွေကကော မကူးနိုင်ဘူးလားရှင့်။

ဖြေ။             
ကူးနိုင်တာပေါ့ ထောင်ထဲက ဆေးထိုးအပ်ကလဲ ကူးနိုင်တာဘဲ။ ဟိုထောင်ထဲမှာ နေမကောင်းရင်
ဒီရောဂါမျိုးက ၀င်လာနိုင်တယ်။ ကိုဌေးလွင်ဦး ထောင်ထဲမှာ တစ်ချက်နေမကောင်းလိုက်တာက
ဒီရောဂါဝင်လာတယ်လို့  အဲဒီဆေးထိုးအပ်ဆိုတာ သိတယ် မဟုတ်လား ကိုဌေးလွင်ဦးက သတိလစ်နေတယ်
ဆေးနှစ်လုံး ထိုးဖူးတယ် ဘာညာ အဲဒီလိုတွေ ပြောဖူးတယ်။ အဲဆေးနှစ်လုံး ထိုးတယ်ဆိုတာ
ဆေးထိုးအပ်ကို တစ်ခါသုံး ဆေးထိုးအပ်နဲ့ ထိုးတာလား ဘာလားဆိုတာ ကာယကံရှင် မသိဘူးလေ
ဟုတ်တယ် မဟုတ်လား။ အဲဒီထဲမှာလဲ သူတို့ လူတွေ ချည်းပဲလေ၊ ကိုယ်လူမှ မဟုတ်တာကြီးကိုး
အဲတော့ ယုံစားလို့ မရဘူး အဲဒါကြောင့်မိုလို့  အစ်မကလေ ဖြစ်ကတည်းက ဒီသတင်း
မီဒီယာတို့ ကိုထည့်ချင်တယ်။ ဒါပေမဲ့ ထည့်ချင်ပြောချင်ပေမဲ့ ကိုယ့်အမျိုးသားက
ထောင်ထဲမှာ ရှိနေတော့ မရှိတာကို ရှိအောင် ပိုလုပ်ပေးလိုက်ရင် ပြဿနာက
ပိုတက်သွားမှာစိုးလို့  သူလဲကြပ်သွားမှာစိုးလို့  အစ်မပြောလိုက်တဲ့ စကားလုံးတွေ
ကြောင့်မိုလို့ ။ အဲဒါကြောင့်မိုလို့  အစ်မက မပြောဘဲနဲ့  အစ်မက မီဒီယာထဲကို
လုံးဝမထည့်ဘဲနဲ့ နေလိုက်တာ။ ဆေးသာကြိတ်ပြီးတော့ ကုနေတာ ဘာဆေးဆို ဘာဆေး ညာဆေးဆို
ညာဆေး အဲလိုမျိုးကုပြီးတော့ပေါ့နော် နေတာ။

 

မေး။            
ဟုတ်ကဲ့ပါအစ်မ အဲဒီ ဆရာဦးဌေးလွင်ဦး ကိုယ်တိုင်ပေါ့နော် သူ့ မှာ
အဲဒီရောဂါရှိသွားပြီသိတဲ့ အချိန်ကျတော့။ အစ်မကို ဘာပြောသေးလဲရှင့်။

ဖြေ။             
အစ်မကို ဘာပြောလဲဆိုတော့ ကျမတို့ က အသက် ၃၃ နှစ်မှာ အိမ်ထောင်ကျတာလေ သူရဲ့
ကိုယ်ကျင့်တရားကိုလဲ ကျမ သိတယ် ကျမရဲ့ ကိုယ်ကျင့်တရားကိုလဲ သူကသိတယ် နှစ်ယောက်စလုံးမှာ။
အဲဒီတော့ ကိုယ့်ကိုယ် ကို အသိဆုံးဘဲလေ ကိုယ်ဘာလဲဆိုတာ။ အစ်မတို့ ဒီမယ်
အိမ်ထောင်ကျပြီးတဲ့ သက်တမ်းတလျောက်မှာ သူက အရက်သောက်တာတို့ ဘာတို့ လဲမရှိဘူး။
မိန်းမလိုက်စားတာတို့  ဒါတွေလဲ မရှိဘူး။ အစ်မ သွေးသွားစစ်တယ် သွေးစစ်တော့
ဘာမှကိုရောဂါ လက္ခဏာလဲ မရှိဘူး။

 

မေး။            
ဦးဌေးလွင်ဦးက ဒီ ILO ကိုတိုင်ကြားတဲ့ အမှုဆိုတော့ သူနိုင်ငံရေးနဲ
့ပတ်သက် ပြီးတော့ပေါ့နော် သူလုပ်ဆောင်ခဲ့တဲ့ အချက်ကလေး အစ်မ သိသလောက်ပြောပြလို
့ရမလားရှင့်။

ဖြေ။             
နိုင်ငံရေး လုပ်ဆောင်ချက်ဆိုတော့  သူတို
့ဝန်ထမ်းတွေပေါ့ ဒီအစိုးရက နည်းနည်းလေး ငွေပေးပြီးတော့ ခိုင်းတယ်။ မိသားစုက
မစားလောက်ဘူးလေ သိတယ်မဟုတ်လား။ မြန်မာနိုင်ငံမှာ စားဝတ်နေရေးအတွက်
ကုန်ဈေးနှုန်းတွေ ကြီးတော့လေ။ လစာလေးကလဲ အလယ်တန်းပြ လစာဆိုတော့ ဘာမှသုံးမလောက်ဘူး
ညီမလေးရေ။ ၅၀၀၀ လောက်ပဲရတာဆိုတော့ အဲဒီမှာသူက ILO ကိုသွားပြီးတော့ ဆက်သွယ်တာ
နေမှာပေါ့ ညီမလေးရယ်။ ငါတို့ လုပ်တာတွေက ကောင်းတာလုပ်တာ အများအတွက် ကောင်းတာလုပ်တာ
ခုလခတွေ တိုးပေးတာလဲ ငါတို့ ILO နဲ့ ဆက်သွယ်လို့  အများအတွက်
ကောင်းတာတွေလုပ်ခဲ့တာ။ ငါတို့ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘူးပေါ့။ အဲလိုတွေတော့
ပြောပြတယ် မင်းကိုအပြင်ရောက်မှ ဂဃနဏ ရှင်းပြမယ်လို့  အစ်မကိုပြောပါတယ်။

ဒါကတော့ ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်ကို ဆက်သွယ် မေးမြန်းခဲ့တာ
ဖြစ်ပါတယ်။

 

တစ်ဆက်တည်းမှာဘဲ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ
အတွက် ကူးစက် ရောဂါတွေ ဖြစ်နိုင်တဲ့ အလားအလာ ဘယ်လောက်ထိ ရှိသလဲဆိုတာ သိရအောင်လို့ 
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP
ရဲ့တွဲဖက် အတွင်းရေးမှူ ကိုဘိုကြည်ကို မေးကြည့်တော့။

 

အကျဉ်းထောင်က ဒီ ကူးစက်ရောက်ဂါတွေ ပြန်
့ပွားပေးရာနေရာဖြစ်နေတယ်။ ဆိုတော့ အထူးသဖြင့်တော့ ဒီ ဆေးထိုးအပ် တစ်ချောင်းထဲနဲ့ 
အကျဉ်းသားတွေကို ဆေးထိုးနေတဲ့ ကိစ္စဟာ အိတ်ခ်ျအိုင်ဗွီ တို့ တီဘီတခြား ကူးစက်ရောဂါပိုးတွေ တစ်ကယ် လျင်လျင်မြန်မြန် ပြန့် ပွားတဲ့ နေရာဖြစ်နေတယ်။
အဲဒီလို ဖြစ်တယ်ဆိုတော့ တချို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ
အိတ်ခ်ျအိုင်ဗွီ နဲ့ သေသွားတာ တွေရှိတယ်။ နိုင်ငံသမားတော်တော် များများက
ဒီထောင်မကျခင်တုန်းက အကျင့်စာရိတ္တ ကောင်းတဲ့သူတွေ အဲဒီလို လူမျိုးတွေ တောင်မှ
ဒီထောင်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရတာမျိုးတွေ ကျတော်တို့  ကြုံတွေ့ ခဲ့ရ တာတွေ
အများကြီးရှိပါတယ်။

 

မေး။            
ဟုတ်ကဲ့ ဒီထောင်ထဲမှာ နေမကောင်းလို့  ဆေးဝါးကုသရှိရင် သေချာဂရုတစိုက်
ကုသတာမျိုးကော ရှိပါသလားရှင့်။

ဖြေ။             
ဒီဆေးကုသမှုက လုံးဝ ဂရုတစိုက်မရှိဘူး။ တခါတလေ ကျလို့ ရှိရင် နိုင်ငံတကာက
စောင့်ကြည့်မှုတွေ များနေလို့ ရှိရင်။ အဲဒီလို အချိန် မျိုးတွေမှာ ကျလို့ ရှိရင်တော့
တစ်ခါသုံးဆေးထိုး အပ်ကိုဆေးထိုးပေးတာမျိုး ရှိတယ်။ ဒါပေမဲ့ ကိုယ်တွေက တစ်ခါတလေ
ကျလို့ ရှိရင် သေကောင်ပေါင်းလဲ ဖြစ်တာမျိုးတွေ ရှိတယ်။ အဲဒီလို အချိန်မျိုးကျရင်
ကိုယ့် ကိုဘယ်လို ဆေးကုသလဲဆိုတာ ကိုယ်ကမသိနိုင်တော့ဘူး။ အဲလိုအချိန်မျိုးမှာဆိုရင်
သူတို့ ပြီးစလွယ်နဲ့ ဆေးထိုးပြစ်တာတွေ နောက်ဆေးထိုးအပ်တွေကို သေသေချာချာ
ပြုတ်ပြီးမှ ထိုးတာမျိုးတွေ မဟုတ်တော့ဘူး။ နောက်ဆေးထိုး အပ်တစ်ချောင်းတည်းနဲ
့လူအများကြီးကို ဒီ တိရစ္ဆာန် တွေကိုထိုးသလိုမျိုးတွေ ကြုံတွေ့ ရလေ့ရှိတယ်။ ဒါဟာ
အင်မတန်မှ စိုးရိမ်စရာ အချက်ဖြစ်တယ်။ အခု ကျတော်တို့ မှတ်တမ်းတွေ အရတော့
ကိုဌေးလွင်ဦး သေဆုံးတာက ၁၃၈ ယောက်မြောက်ပါ။ မန္တလေးထောင်မှာ ဒီနှစ်ထဲမှာ
နှစ်ယောက်သေတယ်။ ဇူလိုင်လလောက်တုန်းက ကိုရာပြည့်သေဆုံးတယ်။ အခု ကိုဌေးလွင်ဦး
သေဆုံးတယ်။ ဆိုတော့ အားလုံးပေါင်း ၁၃၈ ယောက်ဖြစ်ပါတယ်။

 

ဒါကတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(မြန်မာနိုင်ငံ) ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ပြောသွားတာပါ။


သတင်း


အလုပ်သမား
အဖွဲ့ချုပ်ကို တိုင်ကြားသူ ထောင်တွင်းမှာ သေဆုံး

အသံဖိုင်ကို အောက်တွင်ရယူ နားဆင်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top