12
Oct

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

ပြည်တွင်းရှိ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာရ်ဗွီ (ARV) ဆေးဝါး များ ထောက်ပံ့ပေးမည့် ဂလိုဘယ်ဖန်းသည် အနှောင့်အယှက် တစုံတရာ မရှိပါက လာမည့် ၂၀၁၁ ဇန်န၀ါရီ (၁) ရက်နေ့တွင် ဆေးဝါးများ စတင်ပေးဝေမည်ဖြစ်ကြောင်း Marie Stopes International Country Director ဒေါက်တာစစ်နိုင်က ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ဂလိုဘယ်ဖန်းသည် ပြည်တွင်း၌ အသေးစိတ် တွက်ချက် ဆွေးနွေးမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ရုံးအဖွဲ့များစွာမှလည်း စာရွက်စာတမ်းမှ အစ အစိုးရကိစ္စ အထိ ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂလိုဘယ်ဖန်းဟာ အလုပ်တွေ လက်ရှိ လုပ်နေပါတယ်။ စာရွက်စာတမ်းကိစ္စ ရှင်းလင်းစရာ အနည်းငယ် ကျန်ဦး မယ်။ လာမယ့် ဇန်န၀ါရီမှာ ငွေစသုံးမယ်။ ဆေးထုတ်ပေးမယ်။ လူတွေကို ပညာပေး ဆွေးနွေးမှုတွေ လုပ်မယ်ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ဂလိုဘယ်လ်ဖန်းသည်
ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု
ကျန်းမာရေး ရန်ပုံငွေအဖွဲ့ကြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး
အတွက်
အကူအညီ ပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင်
နအဖစစ်အစိုးရက
ခရီးသွားလာမှုများ ကန့်သတ် ချုပ်ချယ်သော ကြောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိဟု ဆိုကာ ဂလိုဘယ်ဖန်း အဖွဲ့ကြီးက မြန်မာ နိုင်ငံတွင် ရောဂါတိုက်ဖျက်ရေး အကူအညီ ပေးနေသည့် ရန်ပုံငွေများကို ၂၀၀၅ ခုနှစ် သြဂုတ် လတွင် ရပ်ဆိုင်းခဲ့သည်။

ထို့နောက်ပိုင်းတွင် ဗြိတိန်၊ သြစတြေးလျ အစရှိသော အလှူရှင်နိုင်ငံများ ပါဝင်သည့် သရီးဒီဖန်း (3D Fund) အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ရောဂါသုံးမျိုး တိုက်ဖျက်ရေး အတွက် ငွေကြေး
အကူအညီများ
ပေးအပ်ခဲ့သည်။

၂၀၀၆ မှ ၂၀၁၁ ခုနှစ် (၅) နှစ် ကာလအတွင်း မြန်မာပြည်တွင်းရှိနေသည့် သရီးဒီဖန်းသည် စီမံကိန်းသုံးငွေ ကန်ဒေါ်လာ (၁၂၅) သန်း သုံးစွဲခဲ့သည်ဟု အိုင်အန်ဂျီအိုတခုက ပြောသည်။

လာမည့်
၂၀၁၁
တွင် သရီးဒီဖန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ဂလိုဘယ်ဖန်းက ပြည်တွင်း သို့ အေအာရ်ဗွီ ထောက်ပံ့မှု စတင်မည် ဖြစ်ကြောင်း၊ ဤသို့ စတင်ရာတွင် ဌာန တခုတည်းမှ ကြီးစိုးခြင်း၊ အစိုးရ၏ ချုပ်ကိုင်ခြင်းများကို ဂလိုဘယ်ဖန်းက ခွင့်ပြုမည် မဟုတ်ကြောင်း အဆိုပါ အိုင်အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဂလိုဘယ်ဖန်း
တာဝန်ယူမည့်
(၅) နှစ်တာ ကာလအတွင်း ကုလအဖွဲ့အစည်းများ၊ ကျန်းမာရေး ၀န်ကြီးဌာန၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ဝေဒနာရှင်များ၏ အကြံဉာဏ်များ ရယူကာ စီမံကိန်းတခု ရေးဆွဲမည် ဖြစ်ပြီး ထိုစီမံကိန်းကို မြန်မာအစိုးရက အတည်ပြု ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒေါက်တာစစ်နိုင်က
ဂလိုဘယ်ဖန်းဟာ ဖွံ့ဖြိုးဆဲ ဘယ်နိုင်ငံက မဆို ရောဂါကြီး (၃) မျိုး ဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ် ရောဂါတွေ အတွက် လျှောက်ထားပြီး လှမ်းတောင်းလို့ ရတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်။ 3D Fund ကျ မြန်မာပြည် အတွက်ပဲ လုပ်ပေးတယ်။ ဂလိုဘယ်ဖန်းနဲ့ အစိုးရပိုင်း ဒီဘက်ကလည်း နည်းနည်းဟ၊ ဟိုဘက်ကလည်း နည်းနည်းဟနဲ့ ပြေလည် ပါတယ်။ ပြေလည်လို့လည်း ဒီအဆင့်ကို ရောက်လာရခြင်း ဖြစ်ပါတယ်ဟု ရှင်းပြသည်။

အစိုးရနှင့်
ညှိနှိုင်းမှု အပိုင်းကိုလည်း
၎င်းကပင် သဘောတူတယ်၊ မတူဘူး အဲလို မဟုတ်ပါ ဘူး။ ဥပမာ ဆေးဝါးတွေကို သိုလှောင်ဖို့ ဌာနတို့၊ ဂိုဒေါင်တို့က အစ ဒီဟာနဲ့ ဆံ့ပါ့မလား။ မဆံ့ရင် နောက်တခု ထပ်ဆောက်မလား။ ဟိုဟာ လိုအပ်မယ် ထင်လိုက်၊ တမျိုး တောင်းလိုက် အဲလို ပုံစံမျိုးပါဟု ပြောသည်။

ဂလိုဘယ်ဖန်း၌
ရန်ပုံငွေကိုင်သော
အဓိက (၂) ဖွဲ့ရှိကြောင်း၊ UNOPS နှင့် Safe the Children တို့ ဖြစ်ကြောင်း၊ ဂလိုဘယ်ဖန်းမှ လာသမျှ ရန်ပုံငွေလမ်းကြောင်းကို ယင်းနှစ်ဖွဲ့မှ ကိုင်တွယ် ဖြန့်ဖြူးမည် ဖြစ်ကြောင်း၊
ခေါင်းခံသုံးစွဲပေးမည်မှာ
ယင်းနှစ်ဖွဲ့ပင်
ဖြစ်ကြောင်း
ဒေါက်တာ စစ်နိုင်က
ဆက်လက်ပြောဆိုသည်။

မြန်မာပြည်မှ မကြာမီ ထွက်ခွာတော့မည့် သရီးဒီဖန်း၏ ဆေးဝါးပံ့ပိုးမှုသည် အားရစရာမရှိ ဟူသော အန်ဂျီအိုများ၏ ယူဆချက်များ အပေါ် ဒေါက်တာစစ်နိုင်က လုပ်ပုံကိုင်ပုံ သိပ်မကွာ နိုင်ဘူး။ ဂလိုဘယ်ဖန်းဟာ အနည်းငယ် ပိုများနိုင်မယ်။ တဖက်က ပြောရင် သရီးဒီဖန်းဟာ သေချာလုပ်ခဲ့တဲ့ အတွက် ဂလိုဘယ်ဖန်း ပြန်ဝင်လို့ ရသွားတယ်ဟု ဆိုသည်။

အိတ်ခ်ျအိုင်ဗွီအရေး
ဆောင်ရွက်နေသူ မဖြူဖြူသင်းကမူ
ဂလိုဘယ်ဖန်းဟာ ၂၀၁၆ အထိ ဆွဲပေးသွားမယ့် သဘောရှိတယ်။ လူနာကြည့်မယ်။ CD4 Count စစ်မယ်။ CD4 100 အောက် ဦးစားပေးမယ်။ အေအာရ်ဗွီ ဆေးဟာ ရာသက်ပန် သုံးရမယ့် ဆေးဖြစ်တာမို့ တချိန်ချိန်မှာ ပြည်ပ အလှူရှင်တွေ မရှိတော့ရင် HIV(+) တွေအတွက် ဆိုးကျိုး ဖြစ်သလို လူမျိုးအတွက် လည်း ထိခိုက်စရာတွေ ရှိတယ်ဟု ပြောဆိုသည်။

၂၀၀၉ ခုနှစ် စာရင်းများ အရ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ပိုး ကူးစက်ခံ ရသူပေါင်း (၂၃၇,၆၈၄) ဦး  ရှိပြီး ထိုသူများတွင် (၂) သောင်းကျော်သာ အေအာရ်ဗွီ ဆေးဝါး ရရှိပြီး အေအာရ်ဗွီဆေးဝါး လိုအပ်သူပေါင်း (၇) သောင်းကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီး
ဌာနမှ
ထုတ်ပြန်ချက်ကိုကိုးကား၍ ယခုနှစ် စက်တင်ဘာထုတ် ဆဲဗင်းဒေးသတင်း ဂျာနယ်တွင် ဖော်ပြသည်။

အောင်ထက် (၁၂-၁၀-၂၀၁၀)

ခေတ်ပြိုင် - နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top