1
Jan

နှစ်သစ် ဆုတောင်းနှင့် ၂၀၁၂ ခုနှစ် တင်ပြခဲ့မှုများ

ဟင်း(မ်)ကို ၂၀၀၆ ခုနှစ်တွင် အင်္ဂလိပ်လို စတင် ထုတ်လွင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မြန်မာလို စတင် တင်ပြနိုင်ခဲ့ ပါသည်။ ၂၀၁၃ ခုနှစ် အတွက်လည်း အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ပြီး နှစ်သစ်တွင် အားလုံး အဆင်ပြေ ချောမွေ့စေရန် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

၂၀၁၂ ခုနှစ်အတွက် ဟင်း(မ်)စာမျက်နှာမှ လုပ်ဆောင်ခဲ့မှုများကို စာဖတ် ပရိသတ်အား ယခုပို့စ်နှင့် အတူ တင်ပြ လိုက်ရပါသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ လုပ်ဆောင်မှုများမှာ -
ဝက်ဘ်ဆိုက်တွင် တင်ပြခဲ့သော ပို့စ် အရေအတွက် စုစုပေါင်း ၉၀၅ ပုဒ်၊ ၂၀၁၁ ဒီဇင်ဘာလတွင် ၈၄ ပုဒ်နှင့် အပုဒ်ရေ အများဆုံး ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ၂၉ ပုဒ်နှင့် အနည်းဆုံး ဖော်ပြနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်မှ စတင်ပြီး ယခင် သုံးစွဲခဲ့သော civiblog ၏ ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားသဖြင့် ဖေ့စ်ဘွတ် စာမျက်နှာတွင်သာ ပုံမှန် သတင်းများကို ၂၀၁၂ ခုနှစ် မေ ၂ ရက်နေ့မှ စတင်ပြီး ယခု စာမျက်နှာအသစ်တွင် စတင် ထုတ်လွင့်မှုများ ပြန်လည် လုပ်ဆောင်နိုင်ခဲ့သည်။

၂၀၁၁၊ အောက်တိုဘာမှ ၂၀၁၂၊ သြဂုတ်လတွင်းတွင် ပုံမှန် ဝက်ဘ်စာမျက်နှာသို့ ဝင်ရောက်သူ အရေအတွက်မှာ ပျှမ်းမျှ ၄၀၀၀ နှင့် ၆၀၀၀ အကြားရှိပြီး၊ အနည်းဆုံးလမှာ ၂၀၁၂ ခုနှစ် ဧပြီလတွင်  ၃၃၂ ဦးသာ လာရောက်ခဲ့သည်။၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့ရာ ၄၁၇၀ ဦးအထိရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ၁၁၃၀၂ ဦးနှင့် ဒီဇင်ဘာလတွင် ၁၃၅၆၁ ဦးအထိ ဝင်ရောက်ခဲ့သည်။

အီးမေးမှ တဆင့် မြန်မာဘာသာဖြင့် စာဖြန့်ဝေမှုကို လုပ်ဆောင်ခဲ့ရာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ 2012 ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စုစုပေါင်း ၃၇၁ ပုဒ်ကို အီးမေးလိပ်စာပေါင်း ၂၈၇ ဦး အထိ ပေးပို့နိုင်ခဲ့ပါသည်။

အွန်လိုင်းမှတဆင့် ဖြေဆို အကြောင်း ပြန်ပေးနေသော အမေးအဖြေ ကဏ္ဍမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ အဖြေပေါင်း ၁၈၂ ခု ပြန်လည် ဖြေဆိုပေးနိုင်ခဲ့ သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လပေါင်း ဖြေဆိုခဲ့မှု အရေအတွက် ၁၀၇ ခု ရှိသည်။

ဖေ့စ်ဘွတ် စာမျက်နှာကို ၂၀၁၀ ဇွန်လ ၇ ရက်နေ့မှ စတင် အသုံးပြုခဲ့ပြီး၊ ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် Like လုပ်သူ (အသုံးပြုသူ) အရေအတွက် ၁၀၀၀ ဦးရေအထိ ရှိခဲ့သည်။ နောက်ဆုံး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စုစုပေါင်း ၁၄၁၆ ယောက်အထိ ရှိပြီ ဖြစ်ပါသည်။

ဟင်း(မ်) စာမျက်နှာကို ဝင်ရောက် အသုံးပြုကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။

ဟင်း(မ်) မော်ဒရေတာ (မြန်မာပိုင်း)
၂၀၁၃ ဇန်နဝါရီလ ၁ ရက် နံနက် ၀၀:၄၀ နာရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top