HIV ပိုးစစ်ဆေး နည်းလမ်းများတွင် မိမိဆန္ဒအလျောက်
နှစ်သိမ့်ဆွေးနွေး ပညာပေးမှု ခံယူပြီး လျှို့ဝှက်မှုရှိသော HIV ပိုးစစ်ဆေးခြင်း Volurraty Confidental Coornselling & Testing VCCT နည်းကို
လူအများစု စိတ်ဝင် စားမှုရှိလာကြောင်း ခုခံအားကျ၊ကာလသားရောဂါ တိုက်ဖျက်ရေးဌာန AIDS
STD Team မှသိရှိရသည်။
VCCT နည်းအား ၂၀၀၁ခုနှစ်မှ
စတင်၍ အသိပေးခြင်း များကို ပြုလုပ်ပေးခြင်းဖြစ်ပြီး ယခုအခါ တိုင်းနှင့် ပြည်နယ် အသီးသီးတွင်
နှစ်သိမ့် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန် သင်တန်းများ ဖွင့်လှစ် ပို့ချသွားမည်
ဖြစ်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင် မိခင်မှ
သန္ဓေသားသို့ ကူးစက်ခြင်း ကာကွယ်ရေး ကာကွယ်ရေး စီမံချက် မြို့နယ်များ ဆေးရုံ များနှင့်
လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကုသရေးဌာနများနှင့် တီဘီရောဂါ ကုသရေး ဌာနများတွင်လည်း
VCCT နည်းဖြင့် အခမဲ့ စစ်ဆေးနိုင်သည်။
“ဒီ VCCTနည်းဟာ နာမည်ကစပြီး
လျှို့ဝှက်ပြီး ကာယကံရှင် နှစ်သိမ့်ဆွေးနွေး ပညာပေးတာကြောင့် လူနာတွေအတွက် အများကြီး
အကျိုးသက်ရောက်မှု ရှိပါတယ်” ဟု အရေပြားကာလသား HIV အထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးသန့်က
ပြောကြားခဲ့သည်။
နှစ်သိမ့် ဆွေးနွေးခြင်းကြောင့်
စောစီးစွာ HIV ပိုးရှိသည်ကို သိရှိနိုင်ခြင်းဖြင့် အခြား အခွင့်အလန်းသင့်သည့် ရောဂါများကို
အချိန်မှီ ကာကွယ်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်ပြီး ကျန်းမာရေး
စောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။
Weeklyeleven
(26/8/09)




