စတင် ဖြစ်ပွားချိန် ကာလကနေ ယနေ့ (၂၀၁၁) ကာလ အထိ နှစ်ပေါင်း(၃၀)တိတိ ဆေး ပညာရှင် များက နေ့ည မလပ် စမ်းသပ် ဖော်ထုတ်မှုများ အရအေ့စ်ရောဂါ ဆိုးကို ကာကွယ် နိုင် ခဲ့ပါပြီ လို့ နယူးအင်္ဂလန် ဆေးပညာစာစောင်က သတင်းကောင်း ပါးလာပါ တယ်။ နယူးယောက်ကကုလသမဂ္ဂ ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အေ့စ်ရောဂါ တားဆီး ကာကွယ်ရေး နှစ်(၃၀) ပြည့် အခမ်းအနားမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အထက်ပါအတိုင်း ပြောကြားခဲ့တာတွေ့ရပါတယ်။
UN General Assembly Highh Level Meeting မှာ အတွင်းရေးမှူးချုပ်က လောလောဆယ် ကမ္ဘာတဝန်းမှာ လူ(၆) သန်းနီးပါး အေ့စ်ရောဂါဖြစ်ပွားနေသော်လည်း ယခင်ကာလက ထက် ၄ပုံ၁ပုံခန့် လျော့ကျခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယမှာ ထက်ဝက်ခန့်လျော့ခဲ့သလို အာဖရိကမှာ ၃၅% ကျဆင်းခဲ့ကြောင်း တရုတ်မှာ ၆၀% ကျဆင်းနေပြီးမို့ ဝမ်းမြောက်စရာဖြစ် ကြောင်း Wegathe To End AIDS လို့ဆိုကြောင်း သိရပါတယ်။
မန္တလေးအာရုဏ်ဦး (27 June 2011 )
ရိုးရာလေး - နှစ်ပေါင်း (၃၀) အကြာမှာ အေ့စ် ရောဂါ ကာကွယ်နိုင်ပြီ




