14
Dec

မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

မြန်​မာ​နိုင်​ငံ​ရဲ့ အေ​အာရ်​တီ​ဆေး ​တိုက်​ကျွေး​ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက်​ကို ​ပြင်​ဆင်​ရေး​ဆွဲ​နေ​ပြီး ၂၀၁၄ ​ခု​နှစ်​အ​တွင်း​မှာ ​စ​တင်​အ​သုံး​ပြုသွား​မယ်​လို့ ကျန်း​မာ​ရေး​ ၀န်​ကြီး​ဌာ​န​က ​ပြော​ကြား​လိုက်​ပါ​တယ်။

ရန်​ကုန်​တိုင်း​ ဒေ​သ​ကြီး ​အ​မျိုး​သား ​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး ​စီ​မံ​ချက် ​တာဝန်​ရှိ​သူ ​ဒေါက်​တာ ​မျိုး​သန့်က ​မြန်​မာ​နိုင်​ငံ​ရဲ့ အေ​အာရ်​တီ​ဆေး ​တိုက်​ကျွေး​ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက်​ကို ​ပြင်​ဆင်​ရေး​ဆွဲ​နေ​ပြီး ၂၀၁၄ ​ခု​နှစ်​ အ​တွင်း​မှာ ​စ​တင်​အ​သုံး​ပြုသွား​မယ်​လို့ ပြော​ကြား​လိုက်​ပါ​တယ်။

ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​ကျန်း​မာ​ရေး​၀န်​ကြီး​ဌာ​န ​အ​မျိုး​သား ​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး ​စီ​မံ​ချက် ​တာဝန်​ခံ ​ဒေါက်​တာ​မျိုး​သန့် “​ဆ​ရာ​တို့ ပ​ထ​မ​အ​ဆင့်​အ​နေ​နဲ့ သ​မား​တော်​ကြီး​တွေ​နဲ့ National AID Program ​အ​ဖွဲ့တွေ ​ပူး​ပေါင်း​ဆွေး​နွေး ​ပြီး​တော့ ​ဂိုက်​လိုင်း​အ​သစ်​ကို ​ရေး​ဆွဲ​နေ​တယ်။ ​ဂိုက်​လိုင်း​အ​သစ်​ကို ​မ​ရေး​ဆွဲ​နိုင်​တာ​တောင်​မှ WHO ​ရဲ့ ​ဂိုက်​လိုင်း​ထဲ​မှာ ​တ​ချို့ လို​အပ်​ချက်​တွေ ​ဖြည့်​စွပ်​ပြီး​တော့ ​ဆ​ရာ​တို့ အ​နေ​နဲ့ သုံး​စွဲ​သွား​မှာ ​ဖြစ်​ပါ​တယ်”​လို့ ပြော​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​ဇွန်​လ​အ​တွင်း​က ​ထွက်​ရှိ​ခဲ့​တဲ့ ​က​မ္ဘာ့ ကျန်း​မာ​ရေး​ အ​ဖွဲ့ရဲ့ စံ​နှုန်း​သတ်​မှတ်​ချက်​ အ​သစ်​အ​ရ ​ကိုယ်​ခံ​အား​စ​နစ် ​စီ​ဒီ​ဖိုး (CD4 ၅၀၀ ​ရှိ​သူ​တွေ​ကို ​အေ​အာရ်​တီ​ဆေး​ပေး​ဖို့ သတ်​မှတ်​ထား​ပါ​တယ်။ ​အ​ခု​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​စီ​ဒီ​ဖိုး ၃၅၀ ​အောက် ​ရှိ​သူ​တွေ​ကို​သာ ​ဆေး​ပေး​နိုင်​နေ​ပြီး ​အ​ပြည့်​အ၀ ​ပေး​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။

ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​ကျန်း​မာ​ရေး​၀န်​ကြီး​ဌာ​န ​အ​မျိုး​သား​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး​စီ​မံ​ချက် ​တာဝန်​ခံ ​ဒေါက်​တာ ​မျိုး​သန့်​က “​အ​ခု ART ​ဆေး​လို​အပ်​တဲ့​ သူ​က ၁ ​သိန်း ၂​သောင်း ​ကျော်​လောက်​လို​တယ်။ ​ဒါ​ကြောင့် ​ဂိုက်​လိုင်း​အ​သစ်​နဲ့ဆို ၁​ သိန်း​ခွဲ​ လောက်​လို​မယ်”​ လို့ ပြော​ပါ​တယ်။

လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​အိတ်​ခ်ျ​အိုင်​ဗီ​ပိုး ​ရှိ​သူ ၂ ​သိန်း ၄ ​သောင်း ​ကျော်​ရှိ​ပြီး ​အေ​အာရ်​တီ​ဆေး ​လို​အပ်​သူ ၁ ​သိန်း ၂ ​သောင်း​ကျော် ​ရှိ​နေ​ပါ​တယ်။ ​အဲ​ဒီ​အ​ထဲ​မှာ ၄၀ ​ရာ​ခိုင်​နှုန်း​ကျော်​သာ ​အေ​အာရ်​တီ ​ဆေး​၀ါး​ရ​ရှိ​နေ​ပါ​တယ်။

DVB - ​မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top