ယေဘုယျ ရတယ်လို့ ဖြေပါမယ်။ Normal pregnancy ကိုယ်ဝန်ဟာ ပုံမှန်အတိုင်း ဆက်လက်ကြီးထွားနေမယ်ဆိုရင် အရင်လိုနေနိုင်တယ်။ ဘယ်လောက် အကြိမ်ဖြစ်ဖြစ် ရတယ်လို့ ပြောတာပါဖြစ်တယ်။ ဒါပေမဲ့ အရင်လိုတော့ မနေချင်၊ မနေနိုင်ကြပါ။ ကိုယ်ဝန်ဆောင်စမှာ ဟော်မုန်း အပြောင်းအလဲတွေ ရှိလာတယ်။ ပျို့ချင်-အန်ချင်လို့ အနေရခက်တာမို့ ဘာစိတ်မှ မကူးချင်ဘူး။ အားကုန်သလိုလဲ နေသေးတယ်။
ဒုတိယ ၃ လပိုင်းရောက်ရင် သွေးလှည့်ပတ်မှုက မျိုးပွါးလမ်းနေရာတွေမှာ ပိုလာတယ်။ လိင်အင်္ဂါတွေဖြစ်လို့ လိင်စိတ် ဖြစ်ပေါ်မှု ပြန်ရလာမယ်။ တတိယ ၃ လပိုင်းရောက်ရင် ကိုယ်အလေးချိန်တက်လာမယ်၊ ခါးနာမယ်၊ ခြေသလုံးသားတွေ ကြွက်တက်ပြီး နာမယ်။ ဒါကြောင့် အဲဒီ စိတ်ကူးမျိုးတွေ နည်းလာနိုင်တယ်။
• Can sex during pregnancy cause a miscarriage? ကိုယ်ဝန်ပျက်စေသလား
စိုးရမ်စရာ မလိုသလောက်ပါ။ ကိုယ်ဝန်နုတုံးပျက်တာ အများစုကြီးက Chromosomal abnormalities (ခရိုမိုဇုမ်း) မမှန်လို့ နဲ့ ကလေး ချို့ယွင်းချက်တွေကြောင့်သာ ဖြစ်ပါတယ်။ အတူနေကြလို့ မဟုတ်ပါ။
• Does sex during pregnancy harm the baby? ကလေးကိုထိခိုက်မလား
သားအိမ်ထဲမှာ ရေမြွာအိတ်ထဲမှာ မမွေးမချင်း မပေါက်သေးသမျှ ကလေးက လုံလုံခြုံခြုံနေတယ်။ ရေမြွအိတ်က မထူပေမဲ့ ခိုင်ခန့်တယ်။ ဒါအပြင် သားအိမ်အဝကိုလဲ အချွဲခပ်ပြစ်ပြစ်က ဆို့ပိတ်ပေးထားသေးတယ်။ ဒါကြောင့် ဆက်ဆံမှုကြောင့် ကလေးကို ထိခိုက်စရာ မရှိပါ။
• What are the best sexual positions during pregnancy? ဆက်ဆံတဲ့ အနေအထား
ကိုယ်ဝန်ဆောင်နေသူ သက်တောင့်သက်သာရှိတဲ့ အနေအထားမှန်သမျှ ကိုယ်ဝန်အတွက် စိုးရိမ်ဘို့ မလိုပါ။ အပြောင်းအလဲရှိတာနဲ့အညီ ကြံဆပြီး နည်းလမ်းရှာတာလဲ ပညာရှိရာကျပါမယ်။ (၁) မှာ ရေးထားပါတယ်။
• What about oral and anal sex? အဆန်းနည်းတွေ
ပါးစပ်သုံးတာ ကိစ္စမရှိပါ။ သတိထားစရာတော့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်က လက်ခံသူဆိုရင် အဖေါ်ကနေ လေမှုတ် သွင်းတာ မလုပ်ဘို့လိုတယ်။ စအိုလမ်းတွေကို အန္တရာယ် မရှိဘူးလို့ မပြောနိုင်ပါ။ သက်တောင့်သက်သာလဲ မရှိစေပါ။ သိထားဘို့က ကိုယ်ဝန်မှာ လိပ်ခေါင်း အနည်းနဲ့ အများဖြစ်တယ်။ ဒါ့အပြင် ကူးစက်ရောဂါ ပိုပြီး ဖြစ်လွယ်သေးတယ်။
• Are condoms necessary? (ကွန်ဒွမ်) သုံးဘို့လိုသလား
အဖေါ်မှာ လိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင် ကိုယ်ဝန်ဆောင်ကို ကူးစက်လာနိုင်တယ်။ ကလေးအတွက်လဲ ပြောမရတာတွေ ရှိတယ်။ ဒါကြောင့် ယောက်ျားဆီက မသေခြာရင် (ကွန်ဒွမ်) သုံးရမယ်။
• Can orgasms trigger premature labor? လိင်ဆန္ဒပြည့်ဝတာကနေ ကလေးမွေးစေအောင်ဖြစ်စေသလား
Orgasms (အောဂဇင်) ဖြစ်ရင် သားအိမ်ကြွက်သားတွေ ညှစ်စေနိုင်တယ်။ ဒါပေမဲ့ မွေးချင်လို့ ညှစ်တာနဲ့ မတူပါ။ ဒါကြောင့် လိင်စိတ်ပြည့်ဝလို့ (အော်ဂဇင်) ရတာကြောင့် ကလေးစောမွေးတာ၊ ပျက်တာမဖြစ်နိုင်ပါ။
• Are there times when sex should be avoided? လိင်မဆက်ဆံဘဲ နေရမဲ့ကန့်သတ်မှုရှိသလား
- Risk of preterm labor ကလေး စောမွေးနိုင်ခြေရှိနေသူ၊
- Unexplained vaginal bleeding မွေးလမ်းကနေ သွေးဆင်းနေသူ၊
- Leaking amniotic fluid ရေမြွာရည် ဆင်းနေသူ၊
- Cervix begins to open prematurely သားအိမ်အဝ စောပွင့်နေသူ၊
- Placenta previa အချင်း အနေအထား မမှန်သူ၊ ဒီလိုအခြေအနေမှာ ရှောင်ရပါမယ်။
• What if I don't want to have sex? ကိုယ်ဝန်ဆောင်နေချိန် ဆက်ဆံမှု လုံးဝမလုပ်ရင်
ကျန်းမာရေးအရ ဘာမှ မဖြစ်ပါ။ လင်-မယားဆက်ဆံရေးဆိုတာ လိင်အင်္ဂါချင်း ဆက်ဆံမှုတခုထဲ မဟုတ်ပါ။ နှစ်ယောက်သား နားလည်မှုတော့ ယူကြရပါမယ်။
• After the baby is born, how soon can I have sex? ကလေးမွေးပြီးရင်ကော
ဘယ်နည်းနဲ့ ကလေးဖွါးသလဲအပေါ်မူတည်တယ်။ C-section (LSCS) ဗိုက်ခွဲမွေးရရင် အပြင်နာ၊ အတွင်းနာတွေ ကောင်းကောင်းကျက်အောင် စောင့်ရမယ်။ ၄-၆ ပါတ် ကြာမယ်။ Episiotomy and Tear မွေးလမ်း ချဲ့မွေးလို့ ပြင်ချုပ်ရရင်လဲ အနာကောင်းကောင်း ကျက်အောင် စောင့်ရမယ်။ ဒါလဲ ၄ ပါတ် အနည်းဆုံးကြာမယ်။ ဇနီးသည်အပေါ် အဓိကမူတည်တယ်ဆိုတဲ့ ဦးစားပေးမှု ထားသင့်တယ်။ နောက်ကိုယ်ဝန် ဆက်ယူ-မယူ ကြိုတင် ပြင်ဆင်မှုရှိရမယ်။ ကလေးဖွါးပြီး ၆ ပါတ်နေရင် နောက်ကိုယ်ဝန် ရနိုင်ခြေရှိတာ သတိပြုပါ။
ဒေါက်တာတင့်ဆွေ (၂၆-၃-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂)
28
Mar




