28
Mar

အိတ်ခ်ျအိုင်ဗွီ ဆေးအသစ်အမေရိကန်ခွင့်ပြု

လူနာတွေအတွက် အိတ်အိုင်ဗွီ ဆေးအသစ် Etravirine ကို အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့  (FDA ) ကခွင့်ပြုလိုက်ပါပြီ အဆိုပါဆေးကို Intelence အမည်နဲ့  ဈေးကွက်မှာ ရောင်းချမှာဖြစ်ပါတယ်။ Etravirine ဆေးဟာ reverse trainscriptase အင်ဇိုင်းကိုပိတ်ဆို့ တားဆီးတဲ့ ဆေးမဟုတ်ပါဘူး။ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပိုးကိုထပ်မပွားအောင် တားဆီးပေးပြီး လူနာရဲ့ သွေးအတွင်းမှာ အိတ်ခ်ျအိုင်ဗွီ ပိုးပမာဏ ကျဆင်းလာစေတဲ့ ဆေးဖြစ်ပါတယ်။ ယင်းဆေးဟာ ရောဂါတွေကို တိုက်ခိုက်ပေးတဲ့ သွေးဖြူဥဆဲလ်တွေကိုလည်း မြှင့်တက်စေတယ်။သတင်း – ဖတ်ပါ့ ၂၈၊၃၊၂၀၀၈

Follow me on:

Back to Top