13
May

အမျိုးသမီးကွန်ဒုံးသင်တန်း ဦးဆောင်ဖွင့်လှစ်သူနှင့် တွေ့ဆုံမေးမြန်းခန်း

အခု လူတွေ့မေးမြန်းခန်းကနေ ကွန်ဒုံးကို ဘယ်လိုသုံးစွဲ သင့်သလည်း၊ ဘာကြောင့် သုံးသင့်သလည်း၊ အမျိုးသား၊ အမျိုးသမီး ကွန်ဒုံးတွေ ဘယ်လိုကွာခြားသလည်း ဆိုတာတွေကို မေးမြန်းထားတယ်။ လက်တွေ့နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ သင်တန်းနည်းပြဆရာမ နော်ဒါးကို ခေတ်ပြိုင်ဂျာနယ်က မေးမြန်းထားချက်ပါ။ ကွန်ဒုံးသုံးခြင်း အားဖြင့် “ကိုယ်ဝန်ဖျက်ချတဲ့ နှုန်းထားတွေ၊ မရည်ရွယ်ဘဲ ကိုယ်ဝန်ရလာတဲ့ နှုန်းထားတွေ၊ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းတွေ အဓိကအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်နှုန်းတွေ ကျဆင်းလာမယ်လို့ ယုံကြည်ပါတယ်” ဆရာမ နော်ဒါးက သူမရဲ့ အမြင်ကိုပြောပြ နည်းဂုံးချုပ်ထားပါတယ်။
[ဟင်း မ်] မြန်မာကဏ္ဍ မော်ဒရေတာ
++++++++++++++++++

13
May

(Aphaw Condom) အဖော်

အဖော်ကွန်ဒုံးသည် အမေရိကန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Population Service International (PSI) မှ ၁၉၉၆ ခုနှစ်မှစ၍ HIV ရောဂါပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန် ထုတ်လုပ်ဖြန့်ဖြူး ပေးခဲ့သော ကွန်ဒုံးအမျိုးအစားတစ်ခု ဖြစ်သည်။ (ဧပြီ ၃၀ ရက်၊ ၂၀၀၈ – Weekly Eleven)

13
May

HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံ......သုခရိပ်မြုံ (သို့မဟုတ်)

HIV ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါခံစားနေရသော ကလေးငယ်များနှင့် HIV ဗိုင်းရပ်စ်ပိုး၏ ဆိုးကျိုးသက်ရောက်မှု ခံစားနေရသော ကလေးငယ်များ (HIV Infected & Affected Children) များအား မိသားစုသဖွယ်ပြုစု စောင့်ရှောက်ပေးနိုင်ရန် သီးသန့်ဂေဟာ တစ်ခုအဖြစ် ဖွင့်လှစ်ထားသည့် သုခရိပ်မြုံသည် လူမှုရေးပရဟိတ ဂေဟာ အများအပြားရှိသည့် အနက် တစ်မူထူးခြားသောကြောင့် ၂၀၀၇ ၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ထည့်သွင်း ဖော်ပြအပ်ပါသည်။ (ဧပြီ ၃၀ ရက်၊ ၂၀၀၈ – Weekly Eleven)

13
May

မဖြူဖြူသင်းတို့ သုံးဦးအတွက် ချက်သမ္မတဟောင်း ဆုချီးမြှင့်

မဖြူဖြူသင်း၊ မစုစုနွေးနှင့် မနီလာသိန်းတို့ သုံးဦးအား Homo Homini ဆု ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ ည ၇ နာရီ ၃၀ တွင် ချက် သမ္မတနိုင်ငံ ပရာဂ်မြို့တော်တွင် ကျင်းပသည်။ မတ် ၆၊ ၂၀၀၈ (ရေချမ်း၊ ဟစ်တိုင်၊ သတင်း)

13
May

ဝေဘာဂီအခမဲ့ဆေးရုံမှ ဝေဒနာရှင်များထံမှ အခကြေးငွေတောင်းခံခြင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ နေရသူများအတွက် အခမဲ့ ဆေးစစ်ပေးမှုများ ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာသတင်းဌာနများမှ ဖော်ပြချက်များကို စုစည်းတင်ပြထားပါတယ်။ ခေတ်ပြိုင်၊ ဒီဗွီဘီ၊ ဧရာဝတီ သတင်းဌာနတွေမှာ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၂၊ ၂၃ ရက်က သတင်းတွေ ဖြစ်ပါတယ်။
[ဟင်း မ်] မြန်မာကဏ္ဍ မော်ဒရေတာ
++++++++++++++++++++

13
May

[ဟင်း မ်] မြန်မာကဏ္ဍမှ ထုတ်ဖော်ပြောကြားချက်

လက်တလော မြန်မာနိုင်ငံ အခြေအနေများက အလွန်အမင်း စိုးရိမ်မကင်းနှင့် ၀မ်းနည်းကြေကွဲဖွယ်ရာများ ရင်ဆိုင်နေရသည်။ မေလ (၂) ရက်နေ့က ကျရောက်ခဲ့တဲ့ မုန်တိုင်း နာဂစ်စ်ကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေသည်။ လူဦးရေ သန်းနဲ့ချီပြီ အိုးမဲ့ အိမ်မဲ့ဖြစ်မှုများ၊ နစ်နာဆုံးရှုံးမှုများ တွေ့ကြုံခံစားနေရသည်။ မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ အပူတပြင်း လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

Follow me on:

Back to Top