21
Jun

လမ်းပန်းဆက်သွယ်ရေးနဲ့အတူ အေ့ဒ်စ်ရောဂါ ပိုမိုပြန့်ပွား

အာရှတိုက်ရဲ့ ဒေသတွင်းလမ်းဖော်လုပ်ပေးရေးမှာ ငွေကြေးသုံးစွဲတာဟာ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ HIV/AIDS ရောဂါလည်း ပိုမိုပြီးပြန့်ပွားလာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က ပြောလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ လေ့လာချက် အစီရင်ခံစာမှာ ခရီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့အမျှ တဖက်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့နှုန်းမြင့်တက်လာတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ – လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊ သတင်းများ 2008-02-28 –

21
Jun

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ထားသူ အာရှတွင် ငါးသန်းနီးပါးရှိ

အေအိုင်ဒီအက်စ်ရောဂါဟာ အာရှတိုက်က အသက် ၁၅ နှစ်နဲ့ အသက် ၄၄ နှစ်အကြား အသက်အရွယ်ရှိသူတွေ အများဆုံး သေဆုံးရတဲ့ ရောဂါဖြစ်နေဆဲပဲလို့ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ အကြံပေးအရာရှိချုပ်က ပြောဆို လိုက်ပါတယ်။
အာရှဒေသတွင်း အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ကော်မရှင် တခုက ဒီသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားပြီး ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌက အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ အကြံပေးအရာရှိချုပ် ပါမောက္ခ မစ္စတာ C.Rangarajan ဖြစ်ပါတယ်။ – လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊ သတင်းများ 2008-03-27 –

21
Jun

စစ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် အေအိုင်ဒီအက်စ်ရောဂါရှင်များ ဒုက္ခရောက်နေ

မြန်မာပြည်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေသူတွေကို ကူညီကုသပေးတဲ့ နိုင်ငံခြားက အဖွဲ့အစည်းတွေကို စစ်အစိုးရက ခွင့်မပြုတဲ့အတွက် ရောဂါပြန့်ပွားမှုတွေ တိုးပွားနေရတဲ့ အကြောင်းကို ကမ္ဘာကျော် တိုင်းမ်စ် မဂ္ဂဇင်း ကြီးမှာ ဖော်ပြလိုက်ပါတယ်။ – လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊ သတင်းများ 2008-03-29 –

21
Jun

မြန်မာဒုက္ခသည်များကို UNHCR က HIV/AIDS သင်တန်းပေး

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ကြီးမှူးကျင်းပသည့် HIV/AIDS အကြောင်း တရက်ကြာ သင်တန်းကို ပထမအကြိမ်အဖြစ် ယမန်နေ့က ကော့စ်ဘဇားမြို့ ဟိုတယ်တခုတွင် ဟောပြောပို့ချခဲ့သည်။
– ငြိမ်းချမ်း စနေနေ့၊ ဒီဇင်ဘာလ 15 2007 02:18 – မြန်မာစံတော်ချိန် Mizzima News –

21
Jun

တောင်ဒဂုံတွင် HIV နှင့်နေထိုင်သူများ စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်

တောင်ဒဂုံတွင် အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအတွက် ဖွင့်လှစ်ထားသော ဂေဟာ (၂) ခုမှ ဝေဒနာရှင်များသည် ယခုအခါ စိတ်ဓာတ် ကျဆင်းမှုများ ခံစားနေရသည်။
တောင်ဒဂုံမြို့နယ်၊ ရပ်ကွက် (၁၈) နှင့် (၂ဝ) တို့တွင် ဖွင့်လှစ်ထားသော ဂေဟာမှ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများသည် သူတို့ လေးစားချစ်ခင်သော မဖြူဖြူသင်း ပုန်းရှောင်နေရသည့် ပြီးခဲ့သည် (၅) လအတွင်း ယခုကဲ့သို့ စိတ်ဓာတ်ကျဆင်းမှုများ သိသိသာသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
– သန်းထိုက်ဦး တနင်္လာနေ့၊ ဇန်နဝါရီလ 14 2008 22:17 – မြန်မာစံတော်ချိန် Mizzima –

21
Jun

An amazing statement from a WHO regional advisor

In the correspondence below we see that a WHO regional advisor writes “Myanmar has one of the BEST public health care delivery system in the world.” This makes the [him] moderator concerned about the mental health of the advisor. What is the evidence base that mental health interventions after emergencies are effective?

Follow me on:

Back to Top