27
Nov

HIV/AIDS ပညာပေး ဗီစီဒီ အခွေမြန်မာပြည်မှာ ဖြန့်ဝေ

မြန်မာနိုင်ငံအခြေစိုက် AZG အဖွဲ့ငွေကြေးပံ့ပိုးမှုနဲ့ ရိုက်ကူးခဲ့တဲ့ “နောက်မကျသေးပါဘူး” ဆိုတဲ့ HIV/AIDS ပညာပေး ဗီစီဒီ အခွေကို အခမဲ့နီးပါး ပထမဆုံး ဖြန့်ဝေနေပြီလို့ သိရပါတယ်။ 2007-04-03/ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ

27
Nov

ကျန်းမာရေး၊ လူမှုရေးအဖွဲ့များအား ရန်ပုံငွေထုတ်ပေးရန် လျှောက်လွှာခေါ်ယူ

3 D Fund လို့ခေါ်တဲ့ ရောဂါ ၃ မျိုးရန်ပုံငွေအဖွဲ့က ရောဂါကာကွယ် တာဆီး၊ ကုသရေး လုပ်ငန်းလုပ်ဆောင်ဖို့ စိတ်ဝင်စားမှု လျှောက်လွှာခေါ်ယူပါသည်။ မြန်မာနိုင်ငံထဲက စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေဆီကို ရန်ပုံငွေပေး နိုင်ဖို့အတွက် လျှောက်လွှာတင်ဖို့ ပထမဆုံးခေါ် လိုက်တာလည်းဖြစ်ပါတယ်။ 2007-01-03/ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ

27
Nov

မဂ္ဂင်ကျောင်းတိုက်နဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအခြေအနေ စိုးရိမ်ရ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် မဂ္ဂင်ကျောင်းအနေနဲ့ ဆွမ်းကပ်နဲ့ တခြား အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
မဂ္ဂင်ကျောင်းတိုက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်းပိုင်းမှာ စစ်အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ကျောင်းမှာရှိတဲ့ ၀တ္တုတွေနဲ့ ကွန်ပြူတာတွေကို သိမ်းဆည်းသွားခဲ့တာကြောင်း ဘုန်းကြီးကျောင်းရဲ့ လစဉ်ကုန်ကျ စားရိတ်တွေအတွက် အခက်အခဲတွေ့နေရပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-10-24

27
Nov

ရောဂါဆိုးသုံးမျိုးတိုက်ဖျက်ရေး ပေါင်သန်း ၂၀ အကူအညီပေး

မြန်မာနိုင်ငံမှာ တီဘီအဆုတ်ရောဂါ၊ ငှက်ဖျားနဲ့ HIV/AIDS ရောဂါသုံးမျိုး တိုက်ဖျက်ရေး အကူအညီပေးမယ့် 3D ရောဂါသုံးမျိုး ရန်ပုံငွေသစ်မှာဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ပေါင်ငွေ သန်း ၂၀ ထည့်ဝင်မယ်လို့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ၀န်ကြီး မစ္စတာ ဂါးရက်သ် သောမတ်စ် (Mr. Gareth Thomas) က သြဂုတ် ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ငါးနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ပူးတွဲ အကူအညီပေးရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ထည့်ဝင်တာ ဖြစ်ပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 200-08-11

27
Nov

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ ကမ္ဘာတ၀ှမ်းကျင်းပ

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့မှာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံက အစိုးရပိုင် သတင်းစာမျက်နှာဖုံးတွေမှာ တရုတ်သမ္မတ မစ္စတာ ဟူဂျင်းတောင်ဟာ အေအိုင်ဒီအက်စ် ရောဂါရှင် အမျိုးသမီးတဦးကို လက်ဆွဲနှုတ်ဆက်တဲ့ပုံ ဖော်ပြထားပါတယ်။ ဒါဟာလည်း တရုတ်နိုင်ငံမှာ လူသန်းပေါင်း ငါးဆယ်လောက်ထိ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရဖို့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးချက်ထွက်ပေါ်လာပြီး နောက်တရက်မှာ သတင်းစာ မျက်နှာဖုံးမှာ ခုလိုဖော်ပြတာပါ။ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့် လူခြောက်ထောင်လောက်နေ့စဉ် သေဆုံးနေတယ်လို့လည်းဆိုပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-12-01

27
Nov

အေ့ဒ်စ် ပညာပေးလက်ကမ်းစာစောင်ဝေသူကို အာဏာပိုင်များ ဆင့်ခေါ်

AIDS ရောဂါပညာပေး လက်ကမ်းစာစောင်တွေ ဝေသူတစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ပြီး နောင်မလုပ်တော့ပါဆိုတဲ့ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းတယ်ဆိုတဲ့ သတင်းရပါတယ်။ ကုလသမဂ္ဂ HIV/AIDS ရောဂါတိုက်ဖျက်ရေးနဲ့ UNICEF စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ HIV/ AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့ ကွန်ဒုံးတွေဝေတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ခဲ့တာပါ။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-08-01

27
Nov

ကွန်ဒုံးမသုံးက ဆက်ဆံမှုကိုလက်မခံရန် အမေရိကန်ရုပ်ရှင်မင်းသားက တိုက်တွန်း

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ဇန်န၀ါရီလ ၁၀ ရက်နေ့ကကျင်းပသည့် HIV/AIDS ရောဂါကာကွယ် တားဆီးရေး အသိပညာပေးအခမ်းအနား၌ တိုက်တွန်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ လိင်လုပ်သားပေါင်း ၁၀၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ရစ်ချက်ဂီရာက HIV/AIDS ရောဂါကာကွယ် တားဆီးရေးအစီအစဉ်များမှာ ပါဝင်လှုပ်ရှားခဲ့ ကြသည့် လိင်လုပ်သားများကိုဆုများ ချီးမြှင့်ခဲ့သည်။

27
Nov

စံနှုန်းမီ ကွန်ဒုံးတို့သည် အိန္ဒိယသားတို့ အတွက်ကြီးလွန်း

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ လူတစ်ထောင်ကျော်ကို လေ့လာခဲ့မှုအရ နိုင်ငံတကာ စံနှုန်းဖြင့် ထုတ်လုပ်ထားသော ကွန်ဒုံးတို့သည် အိန္ဒိယသားအများစု အတွက် အရွယ်အစားကြီးလွန်းနေသည်ဟု သိရသည်။

27
Nov

အိပ်ခ်ျအိုင်ဗီပိုးရှိသည်ဟု အဖြေမှားခဲ့ခြင်းအတွက် ဆရာဝန်ကိုတရားစွဲ

ကိုယ်ဝန်ဆောင်ထားစဉ် ဆေးစစ်ခံရာ အိပ်ခ်ျအိုင်ဗီပိုးရှိသည်ဟု မှားယွင်းဖော်ထုတ်ခဲ့သောကြောင့် အသိုင်းအ၀ိုင်း၏ ဖယ်ကြဉ်ခြင်းခံရမှုများအတွက် နစ်နာကြေးရယူလိုကြောင်း စစ်ဆေးခဲ့သည့် ဆရာဝန်နှင့် အစိုးရအား တရားစွဲဆိုခွင့်ရခဲ့ကြောင်း အေပီက ဖော်ပြခဲ့သည်။ No.28 Vol.3 April 30 Wednesday 2008, Health & Science News, Weekly Eleven News

27
Nov

အိန္ဒိယတွင် HIV ကုသပေးရေးစင်တာများ နှစ်ဆတိုးချဲ့မည်။

HIV ဝေဒနာခံစားနေရသော အိန္ဒိယနိုင်ငံသား ၅၀၀၀၀ ခန့်တို့အား ဆေးဝါးအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းများ ပြုလုပ်ပေးသွားရန် ကုသရေး စင်တာများ ယခင်ထက် နှစ်ဆတိုးချဲ့ထားပေးသွား မည်ဖြစ်သည်။ No.28 Vol.3 April 30 Wednesday 2008, Health & Science News, Weekly Eleven News

27
Nov

ရုရှားတွင် HIV ရောဂါပိုးကူးစက်ခံထားရသူ ဦးရေမှာ တစ်သန်းခန့် ရှိ

ရုရှားတွင် HIV ရောဂါပိုးကူးစက်ခံထားရသူ ဦးရေမှာ တစ်သန်းခန့် ရှိကြောင်း ကုလသမဂ္ဂခုခံအားကျဆင်းမှု ကူးစက်ရောဂါလေ့လာရေးအဖွဲ့က ပြောဆိုခဲ့သည်။ UNAIDS သည် တိကျမှန်ကန်သော စာရင်းများရရှိရန် အစီအစဉ်အတိုင်း အရေးပါသည့်လုပ်ငန်းများကို ပြည့်စုံအောင်ဆောင်ရွက်ခဲ့ကြောင်း။ No.28 Vol.3 April 30 Wednesday 2008, Health & Science News, Weekly Eleven News

Follow me on:

Back to Top