The 2008 Human Rights Report: Burma by the US Bureau of Democracy, Human Rights, and Labor notes the following …
HIV ပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းသည် ခန္ဓာကိုယ် အတွင်းပိုးရှိမှန်း မသိကြဟုဆို
မြန်မာနိုင်ငံ HIV ပိုးရှိသူများအားလုံး၏ ၁၅ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ ပိုးရှိမှန်းသိပြီး ကျန် ၈၅ ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ ရောဂါပိုးရှိမှန်း မသိကြောင်း Marie Stpoes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောသည်။ ရန်ကုန်တိုင်း(မ်)
ရေနွေးကြမ်းသောက်ခြင်းဖြင့် AIDS ရောဂါကာကွယ်နိုင်
ရေနွေးကြမ်းသောက်ခြင်းဖြင့် AIDS ရောဂါကာကွယ်ရေးကို အထောက်အကူ ပြုနိုင်ကြောင်း ဗြိတိန်သုတေသီတို့က တွေရှိခဲ့ဟု BBC သတင်းကတစ်ဆင့် သိရသည်။ လက်ဖက်ခြောက်ထဲတွင်ပါဝင်သည့် ဓါတုဒြပ်ပေါင်းတစ်ခုဖြစ်သည့် epipgallocate – chingallate ( EGCG ) သည် ဆဲလ်အတွင်းရှိ ခုခံအား စနစ်အတွင်း အရင်ဝင်ရောက်ဓါတ်ပြု နိုင်သောကြောင့် HIV ဗိုင်းရပ်စ် အနေနှင့် သမားရိုးကျ ၀င်ရောက် တိုက်ဖျက်နိုင်ချိန် မရှိတော့ဟု သိပ္ပံပညာရှင် များက ဆိုသည်။ The Voice Journal
ကလေးငယ်များကို အစားအစာဝါး ကျွေးသဖြင့် HIV ပိုးကူးစက်နိုင်
ကလေးငယ်များသို့ HIV ပိုးကူးစက်နိုင်သည့် အခြားနည်းတစ်ရပ်ကို သုတေသီများက ထပ်မံတွေ့ရှိခဲ့ကြသည်။ အဆိုပါနည်းလမ်းမှာ HIV ပိုးကူးစက်ခံထားရသောမိဘ (သို့မဟုတ်) ကလေးကိုကြည့်ရှုစောင့်ရှောက် သူကတစ်ဆင့် အစားအစာဝါးကျွေးရာမှ ကလေးသို့ HIV ပိုးကူးခြင်းဖြစ်သည်။ ယူနိုက်တက်စတိတ်တွင် လွန်ခဲ့သော၁၅နှစ်မှစ၍ ကလေးသူငယ်ဦးရေ ထောင်ပေါင်းများစွာသို့ ဤရောဂါကူးစက်မှု ရှိနေရာကျွမ်းကျင်သူ ပညာရှင်များက အစားအစာဝါးကျွေးရာမှ ကူးစက်မှု သုံးခုကိုမှတ်တမ်းတင် တွေ့ရှိခဲ့ကြသည်။ Good Health
HIVပိုး၏ဇာတိသည် ဟေတီနိုင်ငံဖြစ်ကြောင်းရှာဖွေတွေ့ရှိ
အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့၏ လေ့လာချက်များအရ HIV ရောဂါပိုးစတင် ပေါက်ဖွားရာဒေသသည် ဟေတီိနိုင်ငံ ဖြစ်ကြောင်းတွေ့ရှိရသည်။ သိပ္ပံပညာရှင်များ ကပြောကြားရာတွင် HIV ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇသည် ကမ္ဘာတစ်ခွင်သို့မပျံနှံမီ ၁၉၆၉ခုနှစ် ပတ်ဝန်းကျင်က ဟေတီနိုင်ငံတွင် စတင်ပေါက်ဖွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။ BBC
အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များ တီဘီဖြင့် သေဆုံးသူကပိုများ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရသူအများစုမှာ AIDS သို့ကူးပြောင်း သေဆုံးရခြင်းထက် တီဘီရောဂါဖြင့် သေဆုံးရသူပိုမို များနေကြောင်း သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။ ယင်းကဲ့သို့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ခံစားနေရသူများ တီဘီရောဂါဖြင့် သေဆုံးကြရခြင်းမှာ ခုခံအားကျဆင်းနေသော ခန္ဓာကိုယ်ထဲသို့ ကူးစက်ရောဂါများ အလွယ်တကူ လျင်မြန်စွာကူးစက် ပြန့်ပွားနိုင်ခြင်းကြောင့်ဖြစ်ကြောင်း နှင့် ကူးစက်ခံရသော ရောဂါမှတီဘီရောဂါဖြစ်ပါက သေဆုံးမှုမြန်ဆန် ကြောင်းသိရသည်။ Flower News
HIV ရောဂါသည်များအား နေအိမ်တွင်ထား၍ ကုသခြင်းဖြင့် ပိုမိုအောင်မြင်မှုရ
အာဖရိကတိုက်တွင် HIV ဝေဒနာရှင်များအား ဆေးခန်းများတွင် ကုသမှုပေးသည့်အစား၊၎င်းတို့၏ နေအိမ်များသို့ သွားရောက်ကုသပေးခြင်းက သေဆုံးမှုနှုန်းကို ထိရောက်စွာလျော့နည်းစေသည် ဟုသုတေသနပညာရှင်များက Lancet ဆေးပညာဂျာနယ်တွင် ရေးသား ဖေါ်ပြကြသည်။ BBC
HIV စွဲကပ်လူနာကလေးများကိုကယ်လို့ရပြီ
သုတေသနပြုချက်များအရ မွေးကင်းစကလေးငယ် HIV စွဲကပ်လူနာများကိုမွေးဖွါးပြီး ပထမ ရက်သတ္တပတ်များအတွင်း လေးကြိမ် antiretroviral ဆေးသွင်းခြင်းဖြင့် ကာကွယ်ကုသ ကယ်တင်လို့ရပြီဟုဆိုသည်။တောင်အာဖရိကနိုင်ငံတွင် အဆိုပါစမ်းသပ်မှုကိုပြုလုပ်၍ မွေးကင်းစကလေးငယ်များကို ဆေးထိုးစမ်းသပ် အောင်မြင်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကူးစက်ပြန့်ပွါးရောဂါ ဌါနမှကြေညာလိုက်သည်။ “ဒါဟာလူနာကလေးတွေနဲ့ မိဘတွေအတွက် အင်မတန်ကောင်းတဲ့ သတင်းတစ်ရပ်ပဲဖြစ်ပါတယ်” ဟုတောင်အာဖရိကနိုင်ငံ ဂျွန်ဟန်နက်စ်ဘတ်ရှိ Witwatersrand တက္ကသိုလ်မှ တွဲဖက်စာရေးဆရာ ဒေါက်တာအာဗီဗွိုင်အိုလာရီက အေပီသတင်းဌါနသို့ပြောကြားလိုက်သည်။ AP
တီဘီရှိသူများ အိတ်ခ်ျအိုင်ဗီရှိ၊ မရှိ စစ်ဆေးသင့်
တီဘီရောဂါပိုးရှိသူ၏ ဆယ်ရာခိုင်နှုန်းခန့်သည် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးတွေ့ရှိနေရသဖြင့် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိ၊မရှိစစ်ဆေးသင့်ကြောင်း PSI (Myanmar) မှ Deputy Director ဒေါက်တာမင်းဇော် ကပြောသည်။ အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိသူများ၏ ၆၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တီဘီ ရောဂါပိုးရှိနေတတ်ပြီး တီဘီ ရောဂါပိုးရှိသူ၏ ဆယ်ရာခိုင်နှုန်းခန့်တွင် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးတွေ့ရှိရ ကြောင်းသိရသည်။ 7 Day News
Superinfection
Superinfection exists. It is better to call it coinfection with two types (or clades) of virus. But superinfection has never been shown to do much harm. So how many resources we use trying to get seroconcordant HIV positive couples to use condoms is a tough decision. Probably protection from other STIs is more important than superinfection. Maybe superinfection is a good thing.
Article on HIV programming in Myanmar from late last year
It is about time that [him] posts this article from late last year. Its authors speak as truthfully as they can about constraints.
အိတ်ခ်ျအိုင်ဗွီ အထောက်အကူပြု ပစ္စည်းများကို ပြည်တွင်း အဖွဲ့ အစည်းများရယူ အသုံးပြုနိုင်
ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း IOM မှ တုတ်လုပ်ထားသော အိတ်ခ်ျအိုင်ဗွီ ပညာပေးအထောက်အကူပြု ပစ္စည်းများကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်တားဆီးရေးဆိုင်ရ လုပ်ငန်းများလုပ်ဆောင်နေသည့် ပြည်တွင်းအဖွဲ့ အစည်းများအသုံးပြုနိုင်ကြောင်း IOM မှ မြန်မာကိုယ်စားလှယ် ဒေါက်တာ ဦးအောင်ကျော်မင်းကပြောကြားသည်။ 7daysnews

Follow me on: