နယ်တွင်ရှိသော PLHIV (People Living with HIV) တွေ အေအာရ်ဗီ ( အိတ်ချအိုင်ဗွီ ပိုးထိန်းဆေး )ရရှိနိုင်ဖို့ အတွက်နယ်က PLHIV တွေရဲ့ အကြောင်းတွေကို အင်ဂျီအို အပါအ၀င် အလှူရှင်တွေသိအောင်လုပ်ပေးဖို့ စီစဉ်နေတယ်လို့ Myanmar Positive Group မှသိရပါသည်။ မော်ဒန် ဂျာနယ်
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံကလေးငယ်များကို ကယ်တင်နိုင်ပြီ
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသော ကလေးငယ်များအား ရောဂါဖြစ်ခါစအခြေအနေတွင် ပိုးမွှားတိုက်ဖျက်ရေးဆေးဝါး တိုက်ကျွေးခြင်းဖြင့် ဆေးဝါးကုသမှု မခံရသောကလေးများထက် အသက်ရှင်နိုင်စွမ်း လေးဆမြင့်တက်လာကြောင်း သိရသည်။ ယင်းသုတေသနကြောင့် ကလေးငယ် များအားပိုမိုကယ်တင်လာနိုင်သော မျှော်လင့်ချက်တိုးပွားလာခဲ့သည်။ 7 daynews
အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့် လူမှုရေးပိုလုပ်ဖြစ်လာ
အိတ်ခ်ျအိုင်ဗွီ ပိုးရှိတယ်လို့  သိခါစမှာ ၀မ်းနည်းပေမဲ့ နောက်ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်ဖြစ်လာတယ်လို့  PLHIV (People Living with HIV ) တချို့ ကရင်ဖွင့်ပါတယ်။ Myanmar Positive Group မှ PLHIV ကိုဇော်နိုင် ( အမည်လွဲပြောင်း) က “ ကျတော်HIV ဆိုတာမသိခင် တုန်းက IDU တစ်ယောက်ပါ လိင်ကိစ္စလည်းမကင်းဘူး ပျော်ပျော်ပဲနေတယ် နောက် အိတ်ခ်ျအိုင်ဗီဆိုတော့ ပထမတော့ စိတ်ဓါတ်ကျသွားတယ် နောက်တော့ မိဘဆွေမျိုးတွေကို ပြောပြပြီး ကိုယ့်ကိုယ် ကိုပြန်ထူမတ် နိုင်တဲ့အချိန်မှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားမဟုတ်တော့ဘူး ကိုယ်ချင်းစာ တတ်တဲ့ စိတ်တွေဖြစ်လာတယ်၊ မသေခင်ကောင်းတာ လုပ်မယ်ဆိုတဲ့ စိတ်တွေဖြစ်လာတယ်” လို့ ပြောပါတယ်။ မော်ဒန် သတင်းဂျာနယ်
အိတ်ခ်ျအိုင်ဗွီ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့  UNAIDS အပြည်ပြည်ဆိုင်ရာ ခုခံအားကျဆင်းရေးအဖွဲ့ က အမျိုးသားအင်္ဂါထိပ် အရေပြားဖြတ်ခြင်းကို HIV ရောဂါပိုးအတွက် လက်ရှိကာကွယ်အသုံးပြုနေသော နည်းလမ်းများထဲတွင် ထပ်မံဖြည့်စွက်အသုံးပြုခြင်းဖြင့် HIV ပိုးကူးစက်နှုန်းလျော့ပါး သွားစေမယ်လို့ ဆိုပါတယ်။ Ref: BBC
New website on men who have sex with men and HIV
As we continue to cruise the web we find a call for MSM organisations to add their details to a directory.
အေ့စ်ရောဂါသည် တရုတ်တွင် လူအသေအပျောက် အများဆုံးကူးစက်ရောဂါဖြစ်လာ
အေ့စ်ရောဂါသည် တရုတ်နိုင်ငံ၏ လူအသေအပျောက်အများဆုံး ကူးစက်ရောဂါဖြစ်လာကာ ပြီးခဲ့သည့်နှစ် ပထမကိုးလအတွင်း လူ ၆၈၉၇ ဦး သေဆုံးခဲ့သည်။ ယင်းကာလအတွင်း တစ်နာရီလျင် အနည်းဆုံးလူတစ်ဦး သေဆုံးခဲ့သည်ဟု တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ Weekly Eleven (24/2/2009)
HIV/AIDS အကြောင်းသိကောင်းစရာ အပိုင်း (၆)
ယနေ့အချိန်တွင် ကမ္ဘာ့ကပ်ရောဂါတစ်ခုသဖွယ်ဖြစ်နေသောရောဂါတစ်ခုမှာ AIDS ရောဂါ ဖြစ်သည်။ AIDS ရောဂါမှာ Human Immuno deficiency virus HIV ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော ရောဂါတစ်ခုဖြစ်၏။ ကံဆိုးစွာပင် ယင်းရောဂါကူးစက်ခံရသူ၏ ၅ဝရာခိုင် နှုန်းမှာ အသက် ၁၅နှစ်မှ ၂၄နှစ်ကြား လူငယ်လူရွယ်များဖြစ်နေခြင်းပင်ဖြစ်ပါသည်။ Planet Forums
HIV/AIDS ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၅)
ကဲ HIV ပိုး စတင် ဖြစ်ပေါ်လာပုံနှင့် ပြောင်းလဲပုံကို ဖော်ပြပြီးဖြစ်လို့ ဒီတစ်ခါတော့ အဲဒီရောဂါပိုး ပြန့်ပွား ကူးစက် တတ်သော နည်းလမ်းတွေကို ဖော်ပြပေးပါမယ်။ ဒီလို ဖော်ပြတဲ့ နေရာမှာ လွဲမှားလေးတွေ ရှိမယ် ဆိုရင်တော့ နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ကနေ လိုအပ်တယ် ထင်တဲ့ အချက်အလက်လေးတွေကို ထုတ်နှုတ် တင်ပြတဲ့ အတွက်ကြောင့်ပါ။ လာရောက် ဖတ်ရှုသူများမှ ဒီထက် ပိုပြီး သိထားတာများ ရှိရင်လည်း ဝေဖန် အကြံပေးစေလိုပါတယ်။ နောက် ပြီး ဆေးပညာပိုင်းဆိုင်ရာ စာအုပ်လေးတွေ ရှိမယ်ဆိုရင်လည်း ကျွန်တော့်ကို ဝေငှပေးပါလို့ တောင်းဆိုပါတယ်။ ကဲ HIV အကြောင်းကိုဆက်လိုက်ရအောင်နော်။ ။ဒေါက်တာ သီဟ၏ HIV မှတ်စုများ (Planet Forums )
Burmese language email list connected to HIV Information for Myanmar [him]
The [him] moderator is pleased to announce that a Burmese language email list on HIV is about to begin. It is named himburmese and will contain no English. The list is connected to the HIV Information for Myanmar [him] blog and email list but will not be identical to it. If you want to subscribe just send an email to himburmese at gmail dot com. Congratulations to himburmese!
HIV/AIDS ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၄)
AIDS အကြောင်းကို လေ့လာမယ် ဆိုရင် HIV အကြောင်းကို အရင်လေ့လာမှသာ ပြီးပြည့်စုံမှာပါ။ အဲဒီလို ဆိုရင် HIV ဆိုတာ ဘာလဲ သိဖို့လိုလာပါပြီ။ ဟုတ်ကဲ့ ဖော်ပြပါမယ်။ Plannet Forums
HIV/AIDS အကြောင်းသိကောင်းစရာ အပိုင်း (၃)
ဒီအိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခြင်းရဲ့ အစောပိုင်း ရောဂါ လက္ခဏာ တွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ် ပါဘူး။ တချို့တလေ မှာတော့ အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခံရပြီး ၃ ပါတ်ကနေ ၆ ပါတ် အတွင်းမှာ တုပ်ကွေး ရောဂါနဲ့ ပုံစံတူတဲ့ ရောဂါ လက္ခဏာ တွေ ခံစားရ တတ် ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ခေါ်ပါတယ်။ သူရဲ့လက္ခဏာ တွေကတော့ Myanmar Homosexual society
HIV/AIDS အကြောင်းသိကောင်းစရာ အပိုင်း (၂)
မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင် ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ့် ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ (၁၂) ပါတ်ထိ မတွေ့ နိုင် ပါဘူး။ တချို့မှာ လည်း (၆)လ ထိ တိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက် သေးတော့ ဆေးစစ် တဲ့အခါမှာ Negative ပြနေပါတယ်။ ( Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂) ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင် ပါတယ်။) Myanmar Homosexual society

Follow me on: