ဗိုင်းရပ်(စ်) ပိုးကမာဏ ( Viral load ) ဆိုသည်မှာ သွေးထဲတွင်ရှိသော HIV ပမာဏကို ဖေါ်ပြခြင်း ဖြစ်ပါသည်။ သွေးထဲတွင် HIV ပိုး ပိုမိုများပြားလာပါက CD4 ကလပ်စည်းများလည်း လျင်မြန်စွာ ပျက်စီးဆုံးရှုံး ပျောက်ကွယ်သွား ပါလိမ့်မည်။ ထို့ အပြင် AIDS ရောဂါ လက္ခဏာ များလည်း လျင်မြန်စွာ ပေါ်ပေါက်လာပြီး အခြားသော အခွင့်အရေးယူ ရောဂါများလည်း နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ၀င်ရောက်လာကာ ထိုရောဂါ ဝေဒနာ လက္ခဏာများလည်း ခံစားရပါလိမ့်မည်။ Health Digest Journal
ဘ၀လျှောက်လမ်းပေါ်ကဖဲကြိုးနီ
“ ၂၀၀၂ နိုဝင်ဘာ ” အနာဂတ်ဘ၀တစ်ခုလုံးအား လွဲချော်စေခဲ့သည့်နေ့ ရက်များ၊ ခင်ပွန်းသည်၏ ပိန်ရှုံ့ ချည့်နဲ့ နေသော လက်ကို အသာတွဲရင်း ဆေးခန်းသို့ လိုက်ပို့ ချိန်၊ HIV Positive တဲ့။ သိရှိထားခဲ့သော အသိက ကုသ၍ မရနိုင်သောရာဂါ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလို ခံစား လိုက်ရသည်။ မိမိသာမက မိမိ၏ ကိုယ်တွင်းမှ ကလေးငယ်မှာပါ ရောဂါကူးစက်ခြင်း ခံနေရပြီလား ဆေးစစ်ခိုင်းကြသည် နှစ်ကြိမ်စလုံး Positive ကလေးအား ကူးစက်နိုင်ရန် ရာခိုင်နှုန်းနည်းနိုင်သတဲ့၊ မွေးဖွားပြီးလျှင်လည်း လုံးဝ HIV လွတ်ကင်းသူ ဖြစ်နိုင်သေးသည်တဲ့။ ဒီလိုစကား တွေကမျှော်လင့်ချက်လေးတစ်ခု ဖြစ်လာပြီး ကလေးအတွက် အသက်ဆက်ရှင်ပေးရဖို့  အင်အားတစ်ရပ်ဖြစ်စေခဲ့သည်။ သားကိုကောင်းစွာ မွေးဖွားနိုင်ဖို့  အားတင်းထားရမည်။ people megazine
ကိုယ်သန်ရာ ကိုယ်လုပ်ဖို့ ရတနာ့မေတ္တာ အဖွဲ့ မှကူညီမည်
ရတနာ့ မေတ္တာမှ PLHA ( People loving with HIV/AIDS) တွေကို အရင်းအနှီးမတည် ပေးမှုအပြင် ၀င်ငွေတိုးစေမယ့် လုပ်ငန်းတွေပါ တိုးချဲ့ ကူညီဖို့ ရှိတယ်လို့ သိရပါတယ်။The Yangon Times
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်တယ်လို ဆိုလာပြန်တဲ့ ဝေဒနာသည်တစ်ဦး
HIV/AIDS ဆိုတဲ့ စကားကို လူတိုင်းလူတိုင်းက ရင်းနှီးမှု ရှိပြီးသားပါ။ ဒါပေမဲ့ ခုချိန်ထိ ဒီဝေဒနာ ဒီရောဂါကို ကြောက်ရကောင်းမှန်း မသိသေးတဲ့သူတွေ အများကြီး ရှိပါ သေးတယ်။ ကျတော်ကတော့ ဒီဝေဒနာ ဆိုးကြီးကြောင့် နေ့ စဉ်နဲ့ အမျှ ဘ၀ နောင်ရေး ရတက်မအေး ဖြစ်နေရပြီ။ ကျတော် ငယ်စဉ်တုန်းကတော့ လိမ္မာတဲ့ ကလေးတစ်ယောက်ပါဘဲ။ အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့ခါ ဘ၀ပေးတာဝန် ကျေပွန် အောင် ကိုယ့်ရဲ့ မိသားစု ဘ၀သာယာချမ်းမြေ့အောင် အလုပ်တွေကြိုးစား လုပ်ကိုင်ရင်းနဲ့  မမျှော်လင့်ဘဲ ကျောက်တူးသမား ဘ၀နဲ့ ဖားကန့်  ဘက်ကို ရောက်သွားတယ်။ ကျတော် ကျောက်တူးရင်းနဲ့  ငွေနည်းနည်းရလာပြီး အလုပ် ကလည်း အဆင်ပြေလာတယ်။ ၀င်ငွေ ကောင်းလာတယ် ပေါ့ဗျာ။ Good Health Journal
ရေယုန်ရောဂါ ပျောက်ဆေးများသည် အိတ်ခ်ျအိုင်ဗွီ ပိုးအားထိန်းချုပ်နိုင်ကြောင်းတွေ့ ရှိ
လိင်အင်္ဂါတစ်ဝိုက်တွင် ဖြစ်ပွားသော ရေယုန်ရောဂါများအား ကုသရန်ဖန်တီးထားသော ဆေးဝါးတစ်မျိုးသည် သွေးထဲတွင် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ပါဝင်မှု ပမာဏ ၇၀ ရာခိုင်နှုန်း လျော့ချပေးနိုင်ပြီး လိင်အင်္ဂါ လမ်းကြောင်းတစ်လျောက်ရှိ အိတ်ခ်ျအိုင်ဗွီ ပမာဏ ကိုလည်း လျော့ချနိုင်ကြောင်း ဗြိတိလျှ သုတေသန ပညာရှင်များ၏ လေ့လာစစ်ဆေးချက်အရ သိရှိရသည်။ The Yangon Times
ဆေးလိပ် သောက်သုံးသူများသည် HIV ပိုးကို ပိုမို ရလွယ်နိုင်ခြေရှိ
ဆေးလိပ်သည် အဆုတ်၏ တည်ဆောက်ထားမှု ပုံသဏ္ဌာန်နှင့် ရောဂါပိုးဝင်လျှင် ခန္တာကိုယ်မှ တုံ့ ပြန်သည့် ခုခံနိုင်မှု စွမ်းရည်တို့ ကို ပြောင်းလဲ စေသည်ဟု သုတေသီတို့ ကဆိုပါသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူများနှင့် နှိုင်းယှဉ်ပါက HIV ပိုးကို ပိုမိုရရှိစေ ရှိသည်ဟု လေ့လာမှု အသစ်တစ်ခုတွင် တွေ့ ရှိခဲ့သည်။ Good Health Journal
ကလေးများအတွက် အေ့ခ်ျ ဆေးဝါးတစ်မျိုး အတည်ပြု
ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်သော သုံးမျိုးစပ် (Three in One ) အေ့ခ်ျ ဆေးဝါးတစ်မျိုးကို အေ့ခ်ျ ရောဂါတိုက်ဖျက်ရေး စီမံကိန်း များတွင် အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။ Weekly Eleven Journal
ကိုယ့်ကိုယ် ကိုမသင်္ကာရင် သွေးစစ်သင့်ကြောင်း သတိပေးတဲ့ ဝေဒနာသည်
ကျတော်က တစ်ယောက်တည်းသမားပါ။ ကျတော် အမေ့ဝမ်းထဲမှာ ရှိစဉ်ကတည်းက အဖေဆုံးသွားခဲ့ပါတယ်။ ကျတော့ကိုမွေးပြီး အမေကလဲ ဆုံးသွားပါတယ်။ ကျတော့ကို အဘွားကဘဲ လူလားမြောက်တဲ့အထိ ထိန်းကျောင်းကျွေးမွေးခဲ့ပါတယ်။ လူ့ လောကထဲ ရောက်လာကတည်းက ကျတော့ဘ၀ဟာ ရင်နာစရာ ကောင်းလှပါတယ်။ တစ်ခါတလေ တွေးမိပါတယ်။ ကျတော့ဘ၀ ဘာ့ကြောင့်ကံဆိုးရတာလဲလို့ ပါ။ ကျတော်ကလဲ ဆိုးခဲ့မိုက်ခဲ့တယ် ရည်းစားတွေ ထည်လဲတွဲပြီး လိင်မှု ကိစ္စတွေလဲ လိုက်စားခဲ့တယ်။ Good Health N0 120

Follow me on: