မြန်မာနိုင်ငံတွင် HIV/AIDS တီဘီ၊ ငှက်ဖျားတို့ ကို တိုက်ဖျက်ရာတွင် အကူအညီ အထောက်အပံ့များ ပေးနေသည့် 3D Fund နိုင်ငံတကာ ရန်ပုံငွေအဖွဲ့ က ဒေါ်လာ သန်း ၂၀ထပ်မံတိုးမြှင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်က ဖေါ်ပြသည်။ Weekly eleven
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုင်းရပ်ပိုး ကလပ်စည်းတွင်း ၀င်ရောက်မှုကို တားဆီးပေးမည့်ဆေး
Pfizer မှ စမ်းသပ် ထုတ်လုပ်သော Maraviroc အမည်ရှိ ဆေးသည် အိတ်ခ်ျအိုင်ဗွီပိုးက လူ့ ခန္တာကိုယ်တွင်းရှိ ကလာပ်စည်းအတွင်းသို့  ၀င်ရောက်ခြင်းကို တားဆီးပေးနိုင် သည့်အတွက် ဆေးယဉ်ပါး သူများအတွက် မျှော်လင့်ချက် ကောင်းကြောင်း ပြောကြား ထားပါသည်။Good Health
CD4 နှင့် HIV ပိုးပမာဏ အပိုင်း (၄)
ဗိုင်းရပ်ပိုး ပမာဏချင်း အတူတူ CD4 Count နည်းးသောသူများသည် AIDS လက္ခဏာများ ပို၍ လျှင်မြန်စွာ ပေါ်ပေါက်လာနိုင်သည်။ CD4 Count နှင့် ဗိုင်းရပ်ပိုး ပမာဏ နှစ်မျိုးလုံးကို တိုင်းတာခြင်းသည် လာမည့် အချိန်တိုအတွင်း သို့ မဟုတ် အလယ် အလတ် ကာလအတွင်း AIDS လက္ခဏာများ ပေါ်ပေါက်လာမည့် အရေးကို ကြိုတင် ဟောကိန်းထုတ်နိုင်သော အဖိုးတန်သည့် အချက်အလက်များ ကိုပေးနိုင်ပါသည်။ Health Digest
CD4 နှင့် HIV ပိုးပမာဏ အပိုင်း (၂)
ဗိုင်းရပ်ပိုး ပမာဏတိုင်းတာသည့် အဖြေသည် သွေးနမူနာ တစ်ခုနှင့်တစ်ခု မတူဘဲ တက်ချင်တက်နေမည်။ ကျချင်လည်း ကျနေနိုင်ပါသည်။ ဤကဲ့သို့  ဖြစ်ရခြင်းမှာ သဘာဝအလျောက်လည်း ဖြစ်တတ်သည် ဆိုတာကို သိထားဖို့ လိုပါသည်။ လူ၏ ကျန်းမာရေး အခြေအနေကို ရေရှည်တွင် အကျိုးသက်ရောက်မှု မရှိဘဲ တွေ့ နိုင်ပါသည်။ Health Digest
CD4 နှင့် HIV ပိုးပမာဏ အပိုင်း (၃)
HIV ဗိုင်းရပ်ပိုး ရှိနေသူ၏ ဗိုင်းရပ်ပိုးပမာဏ ကိုတိုင်းတာရာတွင် ထိုသူသည် မကြာသေးမှီက ကာကွယ်ဆေး တစ်ခုခု ထိုးခဲ့သော် သိုမဟုတ် ရောဂါပိုး တစ်ခုခု ၀င်ရောက်ခြင်း ခံခဲ့ရလျှင်လည်းကောင်း ထိုသူတွင်ရှိသော ဗိုင်းရပ်ပိုး ပမာဏသည် ယာယီအားဖြင့် မြင့်တက်နေနိုင်သည်။ Health Digest
AIDS ရောဂါကို တိုင်းရင်းဆေးဖြင့် ကုသ၍ ရ၊မရ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုလုပ်လျှက်ရှိ
ကမ္ဘာ တစ်ဝန်းတွင် ကုသရာဆေးမရှိသေးသော AIDS ရောဂါကို ခံစားနေရသူ စုစုပေါင်း သန်း ၄၀ ကျော်ရှိပြီး ယင်းတို့ ထဲမှ ၅ သန်းမှာ နေထိုင် နိုင်သည့် သက်တမ်းကို ရှည်စေသည့် ARV ဆေးဝါး အရေးတကြီး လိုအပ်သည့် ဝေဒနာရှင်များဖြစ်ကြောင်း ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ကျင်းပ ခဲ့သည့် ၁၆ ကြိမ်မြောက် နိုင်ငံတကာ AIDS ညီလာခံတွင် ဖြန့် ဝေခဲ့သည့် Too Little For Too Few (Challenges for Effective and Accessible Antiretroviral Therapy) စာတမ်းအရသိရှိရသည်။ Weekly Eleven

Follow me on: