14
Mar

HIV ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ရန်

HIV ကူးစက်မှုကိုကာကွယ်ရန်အတွက် ဆောင်ရွက်သင့်သည်များကို ဖေါ်ပြထားသည်။ Ref: Family Health No.74

14
Mar

ထပ်တလဲလဲထိုးနေရမည့် ခေါင်းလောင်း

၁၉၉၆ ခုနှစ် နှစ်လည် ခန့်မှန်းချက်အရဆိုလျင် တစ်ကမ္ဘာလုံးတွင် အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်ပိုးရှိသူ ၂၈ သန်း ဖြစ်ပါသည်။ ယင်း၌ ကလေးသူငယ် ၁.၅ သန်း အပါဝင်ဖြစ်ပါသည်။ ၅ သန်းနီးပါးမှာ အာရှမှ ဖြစ်ပြီး၊ သက္ကရာဇ် ၂၀၀၀ ၌ ရောဂါပိုးရှိသူ သန်း ၄၀ အထိ ကမ္ဘာ တစ်ဝန်းတွင်ရှိ လာမည်ဖြစ်ပါသည်။ dts-medicaleducation

14
Mar

မြန်မာနိုင်ငံရှိ အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား ကူးစက်ရောဂါများ အပေါ်တုံ့ပြန်မှုမူဝါဒ

၂၀၀၃ ခုနှစ် အမျိုးသားစစ်တမ်းတွေက တွေ့ရှိချက်တွေဟာ အဓိပ္ပါယ်ကောက်ယူရမှာ ခက်ခဲတယ်။ ရှေ့နောက် ကိုက်ညီခြင်းမရှိဘူး၊ ပြီးတော့ နယ်ပယ်အတိုင်းအတာ ကျဉ်းမြောင်းပါတယ်။ တနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုကို အတိအကျ သိနိုင်ဖို့အတွက် အိတ်ခ်ျအိုင်ဗီ စောင့်ကြပ်ကြည့်ရှုနေမှုက ကျဉ်းမြောင်းလွန်းတယ်၊ မြို့ပြနေရာတွေကို အလွန်အကျွံကိုယ်စားပြုထားပြီး ဓါတ်ခွဲခန်းက အချက်အလက်တွေ ကလည်း အားထားလို့မရဘူးဆိုတာကိုတော့ ပြပါတယ်။ ဒါဟာ အိတ်ခ်ျအိုင်ဗီ ထိန်းသိမ်းမှု အခြေခံအုတ်မြစ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေနဲ့ ကိုက်ညီပါတယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ဘွဲ့ရ ဆရာဝန် တဦးသွားရောက်တုန်းက မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ဗဟိုဓါတ်ခွဲခန်းက အေအိုင်ဒီအက်စ်ကုသမှုကို စောင့်ကြည့်ဖို့ အနိမ့်ဆုံးအဆင့်အဖြစ် လက်ခံထားတဲ့ စီဒီ စမ်းသပ်မှုကို မလုပ်နိုင်တာ တွေ့ခဲ့ရပါတယ်။ dts-medicaleducation

14
Mar

ခုခံနိုင်စွမ်းအားကျရောဂါစေသော ဗိုင်းရပ်စ် နှင့် ရောဂါ၊

AIDS ဆိုသည်မှာ မွေးရာပါ မဟုတ်ဘဲ အဆင့်ခံရရှိလာသည့် ခုခံနိုင်စွမ်းအားနည်းခြင်းကြောင့် ဖြစ်လာသည့် ရောဂါလက္ခဏာများ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ လူသည် ခုခံစွမ်းအားစနစ် ပျက်စီးပြီး၊ ရောဂါပိုးမွှားများ ကူးစက်လာခြင်းမှန်သမျှအား ခံနိုင်ရည် မရှိတော့ခြင်းပင် ဖြစ်သည်။ dts-medicaleducation.blogspot.com

14
Mar

အေအိုင်ဒီအက်စ် ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များကို လူ့အသိုင်းအ၀ိုင်းက ပစ်ပယ်ကြခြင်းသည် ဂုဏ်သိက္ခာကျ အရှက်ရစရာ ရောဂါဖြစ်နေသူများဟု ရှုမြင်မှုကြောင့် အဓိကဖြစ်သည် ကိုတွေ့ မြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်ကြခြင်းသည် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လက်ခံ ရာ ကျင့်သုံးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၏ သြဇာလွှမ်းမိုးမှုများနှင့်လည်း များစွာ သက်ဆိုင်နေသည်ကို တွေ့ရပေသည်။ ထိုသို့မဟုတ်ဘဲ လူသားဆိုင်ရာ အခွင့်အရေး ရှုထောင့်မှ ပြောင်းလဲကြည့်မြင်ပေးလျှင်မှု ထိုဝေဒနာသည်များကို အသက်အန္တရာယ်ရှိသည့် ကူးစက်ရောဂါ ခံစားရသူများ အဖြစ်သာရိုးရိုး ရှင်းရှင်း ရှုမြင်နိုင်မည် ဖြစ်ပေသည်။ ဒေါက်တာလွဏ်းဆွေ

Follow me on:

Back to Top