နိုင်ငံရေး အကျဉ်းသား ဦးဌေးလွင်ဦးဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ HIV ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ရတယ်လို့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။ ဒီရောဂါကို ထောင်ထဲမှာ ဘယ်လိုကူးစက်ခံရသလဲ၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဘယ်လို ရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်ကို ဆက်သွယ်မေးမြန်းထားချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်တွင်းမှာ ကူးစက်ရောဂါတွေရဖို့ အခြေအနေတွေဘယ်လောက်အထိရှိလဲဆိုတာကို AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။ RFA: 2008-12-29
နယ်စပ်ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ HIV / AIDS ကူးရန်လွယ်ကြောင်း ဦးတိတ်နိုင်ပြော
နယ်စပ်ဒေသမှာရှိတဲ့ ထောင်တွေမှာ ငှက်ဖျားရောဂါက အဓိက ရှိတာပေါ့နော်။ အဲဒီမှာရှိတဲ့ ထောင်တွေထဲမှာ သူတို့ ဒေသခံတွေတောင်မှ တော်တော်နဲ့ ထိုးနိုင်ဖို့ မလွယ်ဘူးပေါ့။ တစိမ်းဆိုရင်တော့ အလျင်အမြန် ကူးနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီနေရာမှာ အများစုက ထောင်ဆရာဝန်မရှိဘူး။ ကျန်းမာရေးအရ တစုံတခု ဖြစ်တယ်ဆိုလို့ရှိရင် မြို့နယ်ဆရာဝန်ဆီ အကူအညီ တောင်းရတဲ့အခါကျတော့ အရှုပ်အယှက် ဖြစ်တဲ့အတွက် လွယ်လင့်တကူ ကျန်းမာရေး စောင့်ရှောက်မှု မရနိုင်ဘူး။ ကော့သောင်းထောင်ကတော့ နယ်စွန်နယ်ဖျားမှာရှိတဲ့ ထောင်ဆိုတဲ့ အခါကျတော့ အဲဒီထောင်ထဲမှာ ကျနေတဲ့ အများစုက ငါးဖမ်းတဲ့လူတွေ၊ အဲဒီ နယ်စပ်မှာရှိနေတဲ့ ရာဇဝတ်သားတွေကတော့ အဲဒီလိုမျိုး နေတာတွေ များတယ်။ သူတို့က မူးယစ်ဆေးဝါး သုံးစွဲမှုများတယ်ပေါ့။ အဲဒီထောင်ကတော့။ အဲလိုမျိုး လူတွေ ကြားထဲမှာ နေရတဲ့အခါကျတော့ ဒီ HIV / AIDS ရောဂါ ကူးစက်ဖို့အတွက် လွယ်ကူနိုင်တယ်။ RFA:2008-12-02
ကချင်လွတ်မြောက်ရေးအဖွဲ့တည်ရှိရာ လိုင်ဇာမှာ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူများပြား
၆ ထောင်ကျော် စစ်ဆေးတဲ့ နေရာမှာ လူ ၁၀၁၄ ယောက် အိပ်ခ်ျအိုင်ဗွီ တွေ့တာပေါ့၊ အဲဒီထဲမှာက အများဆုံးက ဒီလိုင်ဇာပတ်ဝန်းကျင်က၊ မြစ်ကြီးနားက အယောက် ၂၀၀ ပတ်ဝန်းကျင်လောက် ပါဝင်တယ်ပေါ့ ကျန်တဲ့ဟာကတော့ နယ်စပ်ပတ်ဝန်းကျင်ပေါ့ ၊ ကေအိုင်အို ဝန်ထမ်း ယောက် ၁၀၀ ကျော် ပါဝင်တယ်တဲ့အဲဒီ အိတ်ခ်ျအိုင်ဗွီ ပေ့ရှင့်ထဲမှာ ဟုတ်တယ် များတယ် စာရင်းဇယားအဲဒီမှာ တင်ပြသွားတာ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်က အများဆုံးပဲပေါ့ တဝက်ကျော်လောက် ရှိတယ်လို့ သူတို့က ပြောသွားတာလေ။ နယ်စည်းမခြားဆရာဝန်များ အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသူ ၂သိန်းခွဲ နီးပါးရှိနေပြီး အေအာတီခေါ် ရောဂါတိုက်ဖျက်ရေး ဆေးလုံလောက်စွာ မရတာကြောင့် ဝေဒနာရှင် ၂ သောင်းလောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ RFA: 02/12/08
HIV ပိုးကူးစက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကျန်းမာရေးဆိုးဝါး
ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ တောင်တွင်းကြီးမြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ ဝင် ကိုသန်းနိုင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာနေတယ်လို့ သိရပါတယ်။ သူဟာ HIV ပိုးကူးစက်ခံထားရတာ သုံးလေးနှစ် ရှိပြီဖြစ်ပါတယ်။ ကိုသန်းနိုင်ဟာ HIV ပိုးကူးစက်ခံထားရတဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ RFA: (4/12/08)
ကမ္ဘာ့ အေအိုင်ဒီအက်နေ့ နှင့် မြန်မာပြည်မှ အိတ်ခ်ျအိုင်ဗွီ ရှိသူတို့ ၏ ရင်ဖွင့်သံ
ကျမတို့  အေအိုင်ဒီအက်ရှိသူတွေ (ကျမတို့ အုပ်ထဲက) သူတွေသိရ သလောက် ကတော့ လှုပ်ရှားမှု ဘာမှ မရှိဘူးရှင့်၊ကမ္ဘာတစ်လွှားမှာ အေအိုင်ဒီအက် ရှိသူတွေအတွက် ကူညီမှုတွေ ပေးနေကြောင်း၊ နွေးထွေးမှုတွေ ပေးနေသော်လည်း မိမိတို့ နိုင်ငံတွင် မည်သည့် စီမံမှုမျှ မရှိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း Ref: RFA (01/12/07)
ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း (အပိုင်း ၃)
Family Health မဂ္ဂဇင်းတွင်ပါရှိသော “ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း” အမေးအဖြေများကို အပိုင်း (၃) အဖြစ် ပြန်လည် ဖေါ်ပြလိုက်ပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း (အပိုင်း ၂)
Family Health မဂ္ဂဇင်းတွင်ပါရှိသော “ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း” အမေးအဖြေများကိုအပိုင်း (၂) အဖြစ် ပြန်လည် ဖေါ်ပြထားပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း (အပိုင်း ၁)
Family Health မဂ္ဂဇင်းတွင်ပါရှိသော “ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း” အမေးအဖြေများကို ပြန်လည် ဖေါ်ပြထားပါသည်။
IRIN article on injecting drug use in Myanmar
Awareness is just the first step to knowledge which is necessary but not sufficient to change behaviour. M2 should not blame himself. It is others who are to blame.
HIV ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ရန်
HIV ကူးစက်မှုကိုကာကွယ်ရန်အတွက် ဆောင်ရွက်သင့်သည်များကို ဖေါ်ပြထားသည်။ Ref: Family Health No.74
ထပ်တလဲလဲထိုးနေရမည့် ခေါင်းလောင်း
၁၉၉၆ ခုနှစ် နှစ်လည် ခန့်မှန်းချက်အရဆိုလျင် တစ်ကမ္ဘာလုံးတွင် အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်ပိုးရှိသူ ၂၈ သန်း ဖြစ်ပါသည်။ ယင်း၌ ကလေးသူငယ် ၁.၅ သန်း အပါဝင်ဖြစ်ပါသည်။ ၅ သန်းနီးပါးမှာ အာရှမှ ဖြစ်ပြီး၊ သက္ကရာဇ် ၂၀၀၀ ၌ ရောဂါပိုးရှိသူ သန်း ၄၀ အထိ ကမ္ဘာ တစ်ဝန်းတွင်ရှိ လာမည်ဖြစ်ပါသည်။ dts-medicaleducation
မြန်မာနိုင်ငံရှိ အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား ကူးစက်ရောဂါများ အပေါ်တုံ့ပြန်မှုမူဝါဒ
၂၀၀၃ ခုနှစ် အမျိုးသားစစ်တမ်းတွေက တွေ့ရှိချက်တွေဟာ အဓိပ္ပါယ်ကောက်ယူရမှာ ခက်ခဲတယ်။ ရှေ့နောက် ကိုက်ညီခြင်းမရှိဘူး၊ ပြီးတော့ နယ်ပယ်အတိုင်းအတာ ကျဉ်းမြောင်းပါတယ်။ တနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုကို အတိအကျ သိနိုင်ဖို့အတွက် အိတ်ခ်ျအိုင်ဗီ စောင့်ကြပ်ကြည့်ရှုနေမှုက ကျဉ်းမြောင်းလွန်းတယ်၊ မြို့ပြနေရာတွေကို အလွန်အကျွံကိုယ်စားပြုထားပြီး ဓါတ်ခွဲခန်းက အချက်အလက်တွေ ကလည်း အားထားလို့မရဘူးဆိုတာကိုတော့ ပြပါတယ်။ ဒါဟာ အိတ်ခ်ျအိုင်ဗီ ထိန်းသိမ်းမှု အခြေခံအုတ်မြစ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေနဲ့ ကိုက်ညီပါတယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ဘွဲ့ရ ဆရာဝန် တဦးသွားရောက်တုန်းက မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ဗဟိုဓါတ်ခွဲခန်းက အေအိုင်ဒီအက်စ်ကုသမှုကို စောင့်ကြည့်ဖို့ အနိမ့်ဆုံးအဆင့်အဖြစ် လက်ခံထားတဲ့ စီဒီ စမ်းသပ်မှုကို မလုပ်နိုင်တာ တွေ့ခဲ့ရပါတယ်။ dts-medicaleducation

Follow me on: