မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါခံစားနေသူများကို အကူညီပေးနေသော (IOM) အဖွဲ့မှ ရောဂါသည်များအတွက် လိုအပ်နေသည့် ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် (ART (Anti-retrovial Therapy)) ဆေးဝါးကို ဧပြီလမှ စပြီး ယခင်ကထက် နှစ်ဆပို၍ ပေးနေသည်ဟု (IOM) အဖွဲ့သားတစ်ဦး၏ ပြောပြချက်အရသိရသည်။
You can work here very well
It is possible for international groups to work in Myanmar.
ဝက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်
ဝက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်သည့် အခြေအနေသို့ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ကယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Swine Flu ဝက်တုပ်ကွေးအတွက် သတိပေးချက်
Swine တုပ်ကွေးအရေးပေါ် သတိပေးချက်တွေကို WHO နဲ့ အမေရိကန်တို့က ယနေ့ထုတ်ပြန် လိုက်ပါတယ်။ ရောဂါပြန့်နှံ့မှု အဆင့် ၆ဆင့်ရှိရာမှာ အဆင့် ၃ကနေ အဆင့် ၄အဆင့်ထိ WHO ယနေ့ဘဲ တိုးမြှင့်လိုက်ပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး ပြန့်နှံ့ဖို့ အဆင့် ၂ဆင့်သာ လိုတော့တယ်လို့ WHO တာဝန်ခံများက ပြောဆိုပါတယ်။
မိတ္ထီလာမှ အနှိပ်ခန်းနှင့် ဇိမ်ခံခန်းများ
မိသားစု စားဝတ်နေရေး အဆင်မပြေမှုကြောင့် လုပ်နေကြတဲ့ ဒီအမျိုးသမီးငယ်တွေကို ကျန်းမာရေး ပညာပေးမှု၊ ပြည့်ပြည့် မရှိတဲ့အတွက် ဒီအနှိပ်ခန်းတွေဟာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြန့်ဖြူးရာ ဗဟိုချက်မတွေ ဖြစ်လာသလို မြို့နေလူငယ်ထုကြားမှာ ဒီရောဂါနဲ့ သေဆုံးမှုနှုန်း တိုးပွားလာတယ်။ DVB
လားရှိုးနှင့် မန္တလေးတို့မှ အိတ်ခ်ျအိုင်ဗွီနှင့် အတူနေ ပြည့်တန်ဆာများပြား
လားရှိုးနဲ့ မန္တလေးမြို့တို့က ပြည့်တန်ဆာ အမျိုးသမီးတွေမှာ အိတ်ခ်ျအိုင်ဗွီ အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးစစ်တမ်း ကောက်ယူတဲ့ လူမှုဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ သူတစ်ဦးက ပြောပါတယ်။ DVB 21-3-2009
စစ်အစိုးရ အချိန်မီ အကူအညီ တောင်းဖို့ Global Fund မျှော်လင့်
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ဒုက္ခအခြေအနေအတွက် စစ်အစိုးရ အာဏာပိုင်တွေဘက်က အချိန်မီ အကူအညီ တောင်းခံလာဖို့ မျှော်လင့်ထားတယ်လို့ Global Fund ရောဂါ ၃ မျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ဖော်ပြောကြားပါတယ်။ RFA: 20/4/09
ကလေး တီဘီရောဂါ လူကြီးထံမှ အများဆုံးကူးစက်
အသက် ၁၂နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားသည့် ကလေးတီဘီရောဂါမှာ ကလေးချင်းကူးစက်မှုနှုန်း နည်းပြီး တီဘီရောဂါရှိသော လူကြီးထံမှတစ်ဆင့် အများဆုံး ကူးစက်ခံရ (7 Day News)
အိတ်ခ်ျအိုင်ဗွီ ညီလာခံအတွက် မျှော်လင့်ချက်များ မြင့်မား
ဒီနှစ်ညီလာခံမှာ အလားအလာ တိုးတက်မှုတွေကို ကြားရလိမ့်နိုးနဲ့ မျှော်လင့်ပြီးတော့ လာကြတာပါ။ အိတ်ခ်ျအိုင်ဗွီ ဟာ ပျောက်ကွယ်မသွားသေးဘူး။ ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်း ၄၀ကျော်တို့ဟာ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ကူးစက်ခံနေရသေးတယ်။ ကူးစက်ပြန့်ပွားမှုဟာ နှေးကွေးလာတဲ့ လက္ခဏာ နည်းနည်းကလေးဘဲ တွေ့ရပါသေးတယ်။ The Kumudra Weekly
ရင်ဆိုင်ရဲသူများ
စာဖတ်သူများ PLHIV များရဲ့ အသံကို နားဆင်ပြီးကြရင် သူတို့တွေ အတွက် ဘာလုပ်ပေ နိုင်သလဲ စဉ်းစားကြည့်ပါ။ သူတို့ လိုချင်တာ သူတို့ကို မခွဲခြားဖို့၊ မနှိမ့်ချဖို့ အဓိကပါ။ အကယ် ၍ စာဖတ်သူ အသိုင်းအ၀န်းမှာ ဒီလို ဝေဒနာရှင် မျိုးရှိရင် သူတို့နဲ့ ချိတ်ဆက်ပေးခြင်းဖြင့် ဘ၀ကို တစ်က ပြန်စနိုင်အောင် ဖန်တီးပေးပါလို့သာ တိုက်တွန်းလိုက်ချင်ပါတယ်။
အိမ်ထောင်ရှင်တွေ အိတ်ခ်ျအိုင်ဗွီ ပြန်လည်စစ်ဆေးသင့်
“အိတ်ခ်ျအိုင်ဗွီ ကင်းရှင်းတယ်ဆိုတဲ့ အိမ်ထောင်ရှင်တွေမှာလဲ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင် နောက်ထပ် ကလေးမယူခင် အိတ်ခ်ျအိုင်ဗွီ ပြန်လည်စစ်ဆေးသင့်တယ်”The Kumudra Weekly
နိုင်ငံတကာ အိတ်ခ်ျ ရောဂါကွန်ဖရင့်မှာ တောင်အာဖရိကရဲ့ ပေါ်လစီကို ဝေဖန်တိုက်ခိုက်
အာဖရိကတွင် ကုလသမဂ္ဂ၏ AIDS ရောဂါဆိုင်ရာ အထူးသံတမန် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နေသူက အရေးပါတဲ့ ကွန်ဖရန့် တစ်ရပ်ရဲ့ ပိတ်ပွဲ အခမ်းအနားမှာ တောင်အာဖရိက အစိုးရကို အကြီးအကျယ် ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။ The Kumudra Weekly

Follow me on: