2
Apr

ကမ္ဘာကြီးက စောင့်ကြည့်နေရတဲ့ AIDS

AIDS သည် ၂၀၀၇ အတွင်း လူသားနှစ်သန်းကျော်၏ အသက်ကို ဆုံးပါးစေခဲ့ကြောင်း UNAIDSနှင့် WHO တို့၏ ပူးတွဲ အစီရင်ခံစာအရ သိရှိရသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူသား ၃၃သန်းကျော်တို့သည်လည်း HIV/AIDS ရှိနေကြသူများဖြစ်သည်။ ဤအခြေအနေက AIDS ကိုကမ္ဘာကြီးက စောင့်ကြည့်ဖို့ တွန်းအားပေးလာပြီ ဖြစ်သည်။ Weekly Eleven News

2
Apr

အိတ်ခ်ျအိုင်ဗွီ အတူနေအချို့ကို မိသားစုပုံစံကူညီ

အိတ်ခ်ျအိုင်ဗွီ အတူနေ (PLHA) အချို့ကို လှိုင်သာယာ မိသားစုတစ်ခုက ပုဂ္ဂလိက စေတနာ့ဝန်ထမ်းအဖြစ် လက်မှုပညာ အမှတ်တရ ပစ္စည်းပြုလုပ်နည်း သင်ပေးပြီး ဝင်ငွေရရှိအောင် ကူညီပေးနေပါတယ်။ The Kumudra Weekly

2
Apr

အိတ်ခ်ျအိုင်ဗွီနဲ့ တီဘီ ဆက်စပ်နှုန်းပိုများလာ

ရှိသူတွေမှာ တီဘီရောဂါဖြစ်နှုန်း ပိုများတယ်လို့သိရပါတယ်။
တီဘီရောဂါဆိုတာ ချောင်းဆိုးရင်းနဲ့ တံတွေး၊ သလိပ်တို့ကတစ်ဆင့် လေထဲကနေ ပြန့်ပွားနိုင်လို့ ခုခံအားကျနေတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေက တီဘီရောဂါသည်တွေ ဆီကနေ သွားရင်းလာရင်း ကူးစက်နိုင်ပါတယ်။ The Kumudra Weekly

2
Apr

The New York Times takes note of the suffering of those with HIV in Myanmar

A brilliant but black and white heartrending photoessay in the style of James Nachtwey accompanies this article on the New York Times website. The photos are uncredited and undated. …
But the story is superficial. It appears that the journalist did not visit Yangon to write it. Has the Global Fund applied for government permits to bring antiretroviral drugs into Myanmar? That doesn't fit with their usual business model.

2
Apr

အိတ်ခ်ျအိုင်ဗွီ ပိုးရှိပြီဆိုရင် အခြားရောဂါတွေလဲ ထိရောက်အောင်ကုသဖို့လို

အိတ်ခ်ျအိုင်ဗွီ ရှိသူတွေအနေနဲ့ အေအာရ်ဗွီ သောက်ရမယ့် အဆင့်ကိုမြန်မြန် မရောက်အောင် အခြားအခွင့်အရေးယူ ရောဂါတွေကို ထိထိရောက်ရောက် ကုသဖို့က အရေးကြီးဆုံးဘဲလို့ အထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။ The Kumudra Weekly

2
Apr

ဆေးမတိုးမှု တစ်မျိုးပြီးတစ်မျိုး ဖြစ်လာ

ရောဂါပိုးနဲ့ ဆေးဝါးယဉ်ပါးသွားတဲ့ ဆေးမတိုးမှုတွေ မြန်မာပြည်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစပြီး သိသိသာသာ များပြားလာတယ်လို့ ရန်ကုန်အရှေ့ပိုင်း ဆေးရုံက တွဲဖက်ပါမောက္ခ သမားတော်ကြီး ဒေါက်တာဦးချစ်စိုး ပြောပြချက်အရ သိရပါတယ်။ The Kumudra Weekly

2
Apr

အိတ်ခ်ျအိုင်ဗွီ၊ ဆေးယဉ်ပါးမှု၊ ကူးစက်မှု မဖြစ်စေချင်

ဆေးယဉ်ပါးနေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူကနေတစ်ဆင့် ကူးစက်ခံရသူတွေဟာ ဆေးကုသဖို့ အလွန်ခက်ခဲကြောင်း သိရပါတယ်။အိခ်ျအိုင်ဗွီပိုးကို ထိန်းတဲ့ (ART) ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ မသောက်ရင် ဆေးမတိုးတော့ဘဲ ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ The Kumudra Weekly

Follow me on:

Back to Top