11
Apr

HIV/AIDS ပညာပေး လက်ထိုးရုပ်ပြပွဲ ကျောင်းများတွင်ပြုလုပ်

ကလေးငယ်များကို သရုပ်ပြ ပညာပေးခြင်းဖြင့် အသိပညာ ရရှိမှု လွယ်ကူစေရန် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းက HIV/AIDS ပညာပေး အစီအဉ်အဖြစ် လက်ထိုးရုပ် ပြပွဲများကို အခြေခံပညာ ကျောင်းများတွင် ကျင်းပပြုလုပ်ပေးနေကြောင်း သိရသည်။ The Voice

11
Apr

AIDS နှင့် နေထိုင်သူများကို MSF က ARV ဆေး အခမဲ့ ထောက်ပံ့

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့( MSF ) မြန်မာနိုင်ငံရုံးခွဲမှ HIV/AIDS နှင့်နေထိုင်သူ တစ်ထောင်ကျော်ကို ARV ဆေးဝါး အခမဲ့ ထောက်ပံ့ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ MSF ဆွစ်ဇာလန်နိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Emmanuel GOUE ၏ ပြောကြားချက်အရ သိရသည်။ The Voice Weekly

11
Apr

နယ်မှ HIV/AIDS နှင့် နေထိုင်သူများအတွက် ARV ရရှိရန် ကြန့်ကြာ

HIV/AIDS နှင့် နေထိုင်သူများအတွက် ARV ဆေးအခမဲ့ ပေးဝေနေသည့် ရန်ကုန်မြို့မှ INGO များထံတွင် နယ်ဒေသများမှ HIV/AIDS နှင့်နေထိုင်သူများက ဆေးဝါးတောင်းခံရာတွင် ကြန့်ကြာမှုများရှိနေကြောင်း၊ အခက်အခဲများလည်း ရှိနေကြောင်း မန္တလေးတိုင်း ကျောက်ပန်တောင်း မြို့နယ်မှ ARV ဆေးဝါး လာရောက်ရယူသည့် ဝေဒနာရှင် အချို့ကပြောကြားသည်။ The Voice Weekly

11
Apr

အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ အရေအတွက် ယခင် သန်း၄၀မှ ယခု၃၃သန်းသို့ ပြင်ဆင်

ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်အတွက် အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူ အရေအတွက်ကို ယခင်က သန်း၄၀ ခန့်မှန်းထားရာမှ ယခု ၃၃သန်းမျှ သာရှိသည်ဟု ပြင်ဆင်လိုက်ကြောင်း သတင်းရရှိသည်။ Flower News

11
Apr

ပန်းကောင်းတွေကြွေ “ရနောင်းမြေ”

ထိုင်းနိုင်ငံတွင် အနေကြာ အလုပ် လုပ်ကိုင်နေသော ရွာမှ သူငယ်ချင်း ပြန်ရောက်လာပြီး အလုပ်ကောင်း ရမည်ဟု စည်းရုံးသဖြင့် မနှစ်က ရနောင်းသို့ လိုက်ပါလာခဲ့ကြောင်း၊ ရနောင်း ရောက်မှ ပြည့်တန်ဆာ အလုပ် လုပ်ရမည်ကို သိရှိသည့်အခါ အိမ်ပြန်စရာ ငွေမရှိသဖြင့် အလုပ်ရှင်၏ အဓမ္မ ခိုင်းစေမှုကို ယနေ့တိုင် လုပ်ကိုင် နေရကြောင်းနှင့် အလုပ်ရှင်မှ ၄င်း၏ သူငယ်ချင်းအား ဘတ်(၅,ဝဝဝ)ခန့်ပေးပြီး ၄င်းအား ဝယ်လိုက်သည်ကို နောက်မှ သိရသည်။ snapshot-news.com

11
Apr

AFXB က HIV/AIDS နှင့်နေထိုင်သူများအတွက် ကျပ် သုံးသောင်းထုတ်ချေး

HIV/AIDS ဖြင့်အသက်ရှင် နေထိုင်သူများအတွက် ဆေးကုသစရိတ်များ ရရှိနိုင်ရန် ဝင်ငွေတိုးလုပ်ငန်းများ AFXB(Association Francois Xavier Bagnoud) ကထောက်ပံ့ပေးနေရာ ယင်းတို့အနက် စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးလျက် ၃၀၀၀ ကျပ် စတင်၍ ထုတ်ချေး ပေးနေကြောင်း အဆိုပါ အဖွဲ့အစည်း ထံမှသိရသည်။ The Voice Weekly

11
Apr

AIDS နှင့်နေထိုင်သူများအတွက် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

HIV/AIDS နှင့်နေထိုင်သူများအတွက် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဧပြီလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့ကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် HIV ဖြင့်အသက်ရှင်နေထိုင်သူ PLHA တစ်ဦး၏ ပြောပြချက်အရ သိရသည်။ The Voice Weekly

11
Apr

လက်တွဲကူညီလမ်းပြသူများ(မြန်မာ)အဖွဲ့၏ ကျန်းမာရေး ဝန်ဆောင်မှုများ

လက်တွဲကူညီ လမ်းပြသူများ (မြန်မာ) အဖွဲ့သည် မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စေတနာ့ လုပ်အားရှင်များ အခြေခံပြီး ဖွဲ့စည်းခဲ့သောလူသားအကျိုးပြု အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ snapshot-news.com

11
Apr

သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

သားဖွားမီးယပ် ပညာအဖွဲ့ (မြန်မာနိုင်ငံ ဆရာဝန် အသင်း)က ဆေးပညာ တိုးတက် ပြန့်ပွားစေရန် အတွက် သားဖွားမီးယပ် အထူးကု ဆရာဝန်များ ဆွေးနွေးပွဲကို
(၂ဝဝ၉)ခုနှစ်၊ ဖေဖော်ဝါရီ (၁၈)ရက်နှင့် (၁၉)ရက်နေ့ များတွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခ ဦးခင်မောင်အေးက အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ပြီး သားဖွားမီးယပ်အသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါ်သန်းသန်းတင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ snapshot-news.com

11
Apr

HIV ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း

HIV/AIDS ရောဂါနှင့် လူကုန်ကူးမှုသည် လူသားလုံခြုံရေးနှင့် လူသား ဖွံ့ဖြိုးမှုတို့အတွက် ခြိမ်းခြောက်လျက်ရှိနေသည်။ သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည်။ပြီးခဲ့သော နှစ်များအတွင်းက ၄င်းတို့၏ နိုင်ငံအတွင်းမှ နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးခြင်း ခံနေကြ ရသည်။ snapshot-news.com

11
Apr

HIV/AIDS နှင့်နေထိုင်သူများအတွက် ဆုတောင်းပွဲကျင်းပ

ကမ္ဘာပေါ်ရှိ HIV/AIDS ကြောင့် အသက်ဆုံးပါးခဲ့သူများနှင့် HIV ပိုးကူးစက် ခံနေရသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့် ၂၄ကြိမ်မြောက် ဖယောင်းတိုင်မီး ထွန်းညှိ အမှတ်တရ ဆုတောင်းပွဲ 24th Annual International AIDS Candlelight Memorial ကိုမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ်ဘာသာ စသည့် ဘာသာကြီး လေးဘာသာ၏ မေတ္တာပို့ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ The Weekly Eleven News

11
Apr

လူကုန်ကူးမှုနောက်ကွယ်မှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် အခြားဖြစ်စဉ်များ

လိင်ခေါင်းပုံဖြတ် အမြတ် ထုတ်ယူမှုတွင် ထိတွေ့ ပါဝင် ခဲ့မိကြသော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် မိမိတို့ တပ်စု၏ တာဝန်များ၊ ဝတ္တရားများ အရန်သင့် ထမ်းဆောင်နိုင်မှုကို ထိခိုက် ပျက်ပြားစေသည့် HIV/AIDS အပါအဝင် လိင်ကူးစက် ရောဂါ အန္တရာယ်များကို ၄င်းတို့ ကိုယ်တိုင် ရရှိစေသကဲ့သို့ ဖြစ်စေခဲ့သည်။ snapshot-news.com

Follow me on:

Back to Top