လူ့ကိုယ်ခန္ဓာကိုယ်မှာ တွေ့ရှိတဲ့ ဗိုင်းရပ်ပိုးကြောင့် တွေ့ရှိတဲ့ ဖျားနာမှုတွေ ကာကွယ်ရေး ခံစစ်တံတိုင်းတွေကို အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးတွေက ဘယ်လို ကျူးကျော်ဝင်ရောက် သွားတယ်ဆိုတာ ရှာဖွေတွေ့ရှိထားပြီလို့ အမေရိကန် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ The Kumudra Weekly
တီဘီကာကွယ်ဆေး အိတ်ခ်ျအိုင်ဗွီ ကလေးများကို ဖျားနာစေ
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံဟာ တီဘီရောဂါ ကူစက်ခံထားရပါတယ်။ နှစ်စဉ် အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူတွေရဲ့ ဆယ်ရာခိုင်နှုန်းဟာ တီဘီကူးစက် ဖြစ်ပွားနေကြပါတယ်။ တီဘီနဲ့ အိတ်ခ်ျအိုင်ဗွီ နှစ်မျိုးလုံး ကူးစက်ဖြစ်ပွားနေသူတွေရဲ့ ၉၀ရာခိုင်နှုန်းဟာ ထိရောက်တဲ့ ကုသမှု မရဘူးဆိုရင် လအနည်းငယ်အတွင်းမှာ သေဆုံးသွားနိုင်ပါတယ်။ The Kumudra Weekly (7-12-2007)
Red Ribbon for you
Please add RedRibbon4U to your bookmarks and send the URL to your friends.
မြန်မာ့ အတာသင်္ကြန် ၊မူးယစ်ဆေးဝါးနဲ့ အိတ်ခ်ျအိုင်ဗွီ အန္တရာယ်
ဆောင်းပါးရှင် ကြည်ဝေရဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်ပြီး မိုးသောက်ကြယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားတဲ့ စာမူတစ်ပုဒ်ဖြစ်ပါတယ်။ သင်္ကြန်တွင် မှားတတ်သော အမှားများနဲ့ ဆရာဝန်တစ်ဦးက မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလဟာ တနှစ်တာ ကာလမှာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှု အများဆုံးအချိန်တွေထဲက အချိန်တခုဖြစ်တယ်လို့လဲ ဆိုပါတယ်။
ချစ်စဖွယ် သနားစဖွယ် ကလေးငယ်များနှင့် မေတ္တာတရား ကြီးမားသူတို့၏ HHHP
သုခရိပ်မြုံမှာတော့ အပြစ်မဲ့တဲ့ ကလေးငယ်တွေ နေထိုင်ကြတာဟာ ထူးခြားချက်ပါ ။ သူတို့ကို အပေါ်ယံကြည့်ရင် သာမန် ကလေးငယ်တွေလိုဘဲ အပြစ်မဲ့တယ် ချစ်စရာကောင်းတယ်။ ဖြူစင်ကြတယ်။ တကယ်တမ်းလဲ သူတို့လေးတွေမှာ အဲဒီအရည်အချင်းတွေနဲ့ ပြည့်စုံပါတယ်။ သူတို့တွေမှာ သူတို့ကိုယ်တိုင်တောင် သိလိုက်ချိန် မရလိုက်ဘဲ မိဘတွေကနေတစ်ဆင့် HIV ကူးစက်ခံကြရတာပါ။ 7 Day News
သံဃာတော်များအတွက် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်ရေးသင်တန်း
သံဃာတော်များအတွက် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဆိုင်ရာ ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ဒုတိယအကြိမ် သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း ရတနာ့မေတ္တာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7 Day News သို့ပြောကြားသည်။ 7 Day News
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဗဟုသုတပွဲတော် ရန်ကုန်နှင့် ပဲခူးတွင် ကျင်းပ
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်းနှင့် ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့မှ ပူးပေါင်း၍ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ပွဲတော်ကို ရန်ကုန်နှင့် ပဲခူးတို့တွင် ကျင်းပကြောင်းသိရသည်။ 7 day news
ကလေးသူငယ်များအတွက် ကမ္ဘာကြီး ပိုမို အာရုံစိုက်သင့်
ကမ္ဘာကြီးသည် ၂၀၀၅ ခုနှစ်တွင် ကလေးများ ကျန်းမာလာစေရေးအတွက် အလျင်အမြန်လုပ်ရမည့် လုပ်ငန်းများရှိနေသေးသည်ဟု ယူနီဆက်မှ ပြောကြားခဲ့သည်။ရေနှင့် မိလ္လာစနစ် သန့်ရှင်းရေး အေ့ခ်ျ ရောဂါကာကွယ်ရေးများ ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
လုပ်ငန်းခွင် အိတ်ခ်ျအိုင်ဗွီ၊ အိတ်ခ်ျ ကာကွယ်ရေးလုပ်ငန်း
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Myanmar Business Coalition on AIDS) သည် မန္တလေး စက်မှုဇုန် ၁ နှင့် ၂ နယ်မြေများရှိ စက်ရုံအလုပ်သမားများ မိသားစုများအား အိတ်ခ်ျအိုင်ဗွီ၊အေခ့်ျ ကာကွယ်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပညာပေး၊ ကုသရေးတို့ကို ဒေသဆိုင်ရာ အဖွဲ့အစည်းများ NGO များနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 7 day news Journal
လိင်အင်္ဂါမှတစ်ဆင့် ရောဂါကူးစက်နှုန်း မြင့်မားနေဆဲ
လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၀၀၅မှ ၂၀၀၆ခုနှစ်အတွင်း ၂ရာခိုင်နှုန်း ၃၇၆,၅၀၈ ဦးအထိ မြင့်တက်လာကြောင်း ရောဂါကာကွယ်ရေး အေဂျင်စီ(ယူကေ) ကထုတ်ဖေါ်လိုက်ပါတယ်။ လိင်အင်္ဂါ ရေယုန် ကူးစက်နှုန်းဟာ အမြင့်ဆုံးဖြစ်ပြီး ၉ရာခိုင်နှုန်း ၂၁,၆၉၈ဦး ရှိပါတယ်။ The KuMuDra Weekly
အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေပါတယ်
ရော့ဘ်ဒေါ်ဆင် မှာအလုပ်တာဝန် တစ်ခုရှိနေပါတယ်။ သူ့အလုပ်က သူ့ဘဝကို အရေးပါအောင် လုပ်ဖို့ဘဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူ့မှာ HIV ပိုးရှိနေတာကို သိရတဲ့ အချိန်ကစပြီး သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားတယ်လို့ သူကပြောပါတယ်။ The KuMudra Weekly
ငါရှိသရွေ့ငါ့သားသမီးတွေ မျက်နှာမငယ်စေရဘူး
ကိုယ်ဝန်သည် ထူးထူးခြားခြား သမီးမိန်းကလေး အမွှာပူးကလေးဖြစ်သည်။ သို့သော် မပြုံးခင်တွင် ယခုတစ်ခေါက် ကိုယ်ဝန် ခြောက်လအရောက် ဆေးစစ်ဆေးရာ HIV Positive ရှိနေကြောင်း သိရသည်။ 7 Days News

Follow me on: