6
Jun

ဒီဇင်ဘာ(၁)ရက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် ဆောင်းပါး

မြန်မာနိုင်ငံအတွင်း နအဖစစ်အုပ်စု၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ သတင်းအမှောင်ချမှုများ၊ လူအခွင့် အရေး ချိုးဖောက်မှုများ၊ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုများ အောက်တွင် ပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စသည်ဖြင့် ဘက်ပေါင်းစုံ၌ အခက်အခဲ အကျပ်အတည်း မျိုးစုံနှင့် တွေ့ကြုံရင်ဆိုင် နေရပေသည်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကဲ့သို့သော ရောဂါကပ်ဆိုးကြီးကလည်း ဒုက္ခမျိုးစုံကြုံ တွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့သို့ ဖိစီးနှိပ်စက်လာသည်ကို ထိတ်လန့် တုန်လှုပ်ဖွယ် တွေ့မြင်နေရပေသည်။

6
Jun

လိင်တူချစ်သူတွေရဲ့ ခံစားချက်ကို နားလည်ပေး နိုင်တဲ့ နှလုံးသားနဲ့ “တော့ဘ်”

“ယောက်ျားလေးအချင်းချင်း ပွေ့ဖက်နမ်းရှုပ်ရတာကို သရုပ်ဆောင်ရတော့ ရင်ထဲမှာဘယ်လိုနေလဲ။ ဘယ်လိုထူးခြားတဲ့ခံစားမှုတွေဖြစ်ခဲ့လဲ” ဒီမေးခွန်းလေးက “ဘန်ကောက် အချစ်ဇတ်လမ်း” လို့ခေါ်တဲ့ လိင်တူချင်းချစ်သူအမျိုးသားနှစ်ယောက်ရဲ့ အချစ်ဇတ်လမ်းလေးကိုသရုပ်ဖော်တင်ဆက်ထားတဲ့ ဇတ်ကားလေးထဲက အပွေ့အဖက်အနမ်းအရှုပ်တွေကို ရုပ်ရှင်ကြည့် ပရိတ်သပ်တွေအကြား တီးတိုးတီးတိုးနဲ့ စိတ်စနို့စနှောက်ခံစားမှုတွေ ဖြစ်သွားအောင် ခပ်ကြမ်းကြမ်းလေး သရုပ်ဆောင်နိုင်ခဲ့တဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ချိုင်ဝပ်လို့ခေါ်တဲ့ တော့ဘ် ကို သတင်းမီဒီယာတွေက အကြိမ်ပေါင်းထောင်ချီမက မေးခဲဖူးတဲ့မေးခွန်းလေးပါ။

1
Jun

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)

AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင်မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုးလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇိဝိန်ကို ဆွဲနှုတ်ယူငင်သွားသော အခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။

Follow me on:

Back to Top