မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် နှစ်သိန်းခွဲနီးပါးတွင် အဆိုပါ ရောဂါပိုးထိန်းဆေးဖြစ်သော (Anti- Retroviral Virus- ARV) ဆေး သောက်သုံးနိုင်ရန် အခြေအနေရှိသည့် လူနာဦးရေ ၇၅,ဝဝဝ ရှိရာ၌ လူနာ ၁၇,ဝဝဝ ကိုသာ ယင်းရောဂါပိုးထိန်းဆေးများကို ပံ့ပိုးပေးနိုင်သေးကြောင်း ရတနာ့ မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် ART ဆေးလိုအပ်ချက်၏ ၂၀ရာခိုင်နှုန်းသာရ
လက်ရှိ ဆေးရရှိလျက်ရှိသော ဝေဒနာရှင် ဦးရေသည် တကယ်လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းသာ ရရှိကြောင်းသိရသည်။ အစိုးရ ဆေးရုံများမှပေးသော အိတ်ခ်ျအိုင်ဗွီ ပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် ART ဆေးကုထုံးကို လက်ခံရရှိနေသော ဝေဒနာရှင် ဦးရေမှာ ၂၀၀၉ခုနှစ် မတ်ခ်ျ လကုန်အထိ ၁၈၅၉ ဦးသာဖြစ်ကြောင်း သိရသည်။
ဝက်တုပ်ကွေး မသင်္ကာရသူများအား HIV ဝေဒနာရှင်များနှင့် တဆောင်တည်းထား
ရန်ကုန်မြို့အတွင်း ဝက်တုပ်ကွေး ဖြစ်ပွားသူလို့ ယူဆရသူတွေကို ဝေဘာဂီ ကူးစက်ရောဂါဆေးရုံကို ပို့ပြီး ကုသလျက် ရှိရာမှာ HIV/ AIDS ဝေဒနာရှင်တွေနဲ့ တဆောင်တည်းထားတာကြောင့် HIV ဝေဒနာရှင်တွေ ရောဂါကူးစက်မှာကို စိုးရိမ်နေတယ်လို့ ဝေဘာဂီဆေးရုံမှာ တက်ရောက် ကုသနေတဲ့ HIV ဝေဒနာရှင်တွေက ပြောပါတယ်။
(IOM) အဖွဲ့မှ အကူညီပေးနေသော (HIV&AIDS) ဝေဒနာသည်များ သေဆုံးမှုနှုန်းများလာ
နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားအဖွဲ့ (IOM) မှ မွန်ပြည်နယ် ၆ မြို့နယ်အတွင်း အကူညီပေးနေသော (HIV&AIDS) ရောဂါဝေဒနာ ခံစားရသူများအနက်မှ ဇွန်လအတွင်း လူနာသေဆုံးမှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည်ဟု (IOM) အဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။
Are the IOM and IMNA getting enough technical assistance?
An increase in the death rate is most likely due to the quality of care. The [him] moderator won't comment on the confusion about prevalence figures. Are the IOM and IMNA getting enough technical assistance?
လူငယ်များအကြား HIV/AIDS တားဆီးရေး နည်းလမ်းနှင့် ပတ်သက်၍ အမှားကို အမှန်ထင်မှုများရှိ
မြန်မာလူငယ်များအကြား HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းနှင့် ပတ်သက်၍ အမှားကို အမှန်ထင်မှုများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာတမ်း တစ်စောင်တွင် ဖေါ်ပြထားချက်အရ သိရသည်။
Eating pineapples does not cause AIDS
Just for the record. Eating pineapples does not cause AIDS. And the story is a myth.

Follow me on: