There is a lot of loose talk and sloppy thinking about HIV rates and AIDS rates in the country lately. Perhaps World AIDS Day has something to do with it. …
သြစတြေးလျားက မြန်မာကို HIV/AIDS တိုက်ဖျက်ရေးအတွက် ကူညီ
အာရှပစိဖိတ် ဒေသတွင်း HIV ပိုး ပျံ့နှံ့ကူးစက်မှု လျှော့ချနိုင်ရန် သြစတြေးလျားက မြန်မာ၊ အင်ဒိုနီးရှား၊ ပါပူးဝါးနယူးဂီနီ နိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၃ သန်း ကူညီသွားမည်။
သြစတြေးလျား နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (AusAID) က ကမ္ဘာ့ AIDS နေ့ ကြေညာချက်ကို ယနေ့ ထုတ်ပြန်ကာ HIV ကာကွယ်ရေး ၃ နှစ်စာအတွက် ဤအကူအညီကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ အခြေအနေ ဆိုးရွားနေဆဲ
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါရှင်တွေအတွက် ပေးဝေနေတဲ့ ARV ဆေးဟာ တကယ် ရသင့်ရထိုက်တဲ့ သူတွေရဲ့ ၂၀% ပဲ ရနေတဲ့အပြင် AIDS ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ ရရှိမှုဟာလည်း လိုအပ်ချက်ရဲ့ ထက်ဝက်လောက်တောင် မရဘူးလို့ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနက ၂၀၀၈ ခုနှစ်အတွက် AIDS ရောဂါဆိုင်ရာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအတွက် လမ်းညွှန်ချက်အသစ်ထုတ်ပြန်
အိတ်ခ်ျတ်အိုင်ဗွီ ကူးစက်ခံရသူများအနေနဲ့ အေအာရ်ဗွီခေါ် အိတ်ခ်ျအိုင်ဗွီတန့်ဆေးကို စောစောသောက်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလမ်းညွှန်ချက်အသစ်တစ်ရပ် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့
ဒီဇင်ဘာလ တစ်ရက်နေ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်သူတွေကို HIV/AIDS နဲ့ပတ်သက်ပြီး သတိမူကြဖို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ HIVနှင့် နေထိုင်သူပေါင်း ၃၃ သန်းကျော်ရှိနေပြီး မြန်မာနိုင်ငံမှာတော့ နှစ်သိန်းလေးသောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့ UNAIDS ကခန့်မှန်းပါတယ်။

Follow me on: