မော်လမြိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ၂ဝ၁ဝပြည့်နှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့၊ ညနေ(၇)နာရီတွင် မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့နှင့် Save The Childrens တို့ပူးပေါင်း၍ လူကုန်ကူးမှု ပပျောက်ရေး အသိပညာပေးပွဲကို ကျင်းပရာ ကျောက်တန်းကျေးရွာ ဥက္ကဋ္ဌ ဦးသိန်းဉာဏ်နှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျေးရွာ ကိုယ်ဝန်ဆောင်များအတွက် မျိုးဆက်ပွား ကျန်းမာရေး စေတနာ့ဝန်ထမ်းအဖွဲ့ ဖွဲ့စည်း
ရန်ကုန်မြို့ အမှတ်(၅) ဇီဝကလမ်း၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပလျက်ရှိသော ကျန်းမာရေး ညီလာခံ၏ ပထမထပ်၌ မျိုးဆက်ပွား ကျန်းမာရေး အတွက် အပြုအမူ ပြောင်းလဲ ရေဆေးပညာပေး ဟောပြောပွဲ တစ်ရပ် ဇန်နဝါရီ (၂၈)ရက် နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ရာ ဒေါက်တာခင်မောင်လွင် (ညွှန်ကြားရေးမှူး) ဗဟိုကျန်းမာရေး ပညာဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနက အောက်ပါအတိုင်း ပညာပေးတင်ပြ ဆွေးနွေးပါတယ်။
OCHA report on donations to Myanmar last year
OCHA has reported on donations to Myanmar last year. It gives a breakdown of who got what.
မျိုးပွားခြင်းဆိုင်ရာ သိလိုရာမေး ကဏ္ဍကို ပြည်သူများ ပိုမိုကျယ်ပြန့်စွာသိရှိရန်လို
ပြည်သူလူထုအကြား မျိုးပွားခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ မြင့်မားလာစေရန် အောက်မြန်မာပြည် ဆေးသုတေသန ဦးစီးဌာနသည် အရေးပေါ် ဖုန်းလိုင်းမှတစ်ဆင့် ဖြေကြားပေးလျက် ရှိရာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခေါ်ဆိုမှုပေါင်း ၈၅၀ ကျော် လက်ခံရရှိခဲ့ကြောင်း သုတေသနပညာရှင် ဒေါက်တာကိုကိုဇော်က ပြောသည်။
အင်တာနက်အသုံးပြုသူများ HIV ကလေးများအတွက်ငွေလှူ
ကမ္ဘာအရပ်ရပ်မှ စာရေးသူ၊ စာဖတ်သူ ၁၁၁ ဦးက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည် ကလေးငယ်များအတွက် ပေးပို့ လှူဒါန်းသော အလှူငွေ ကျပ် ၄၇ သိန်းကို ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် လက်ခံစုဆောင်းပေးသူ စာရေးဆရာမ မနော်ဟရီက သုခ ရိပ်မြုံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အေအိုင်ဒီအက်စ် သံသရာမလည်စေရေး ဝေဒနာရှင်များ သတိပြုရန်လိုအပ်
အေအိုင်ဒီအက်စ်ရောဂါ သံသရာမလည်စေရန် အတွက် ရောဂါခံစားနေရသော ဝေဒနာရှင်များသည် မိမိ၏ ဇနီး၊ ခင်ပွန်းနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရာတွင် သတိပြုဆင်ခြင်နေထိုင်သင့်ကြောင်း တောင်ဥက္ကလာပမြို့ နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ ဒေါက်တာစောနိုင်ထံမှသိရသည်။
မြန်မာအမျိုးသမီး လူမှောင်ခိုကူးမှု တရုတ်မြန်မာနယ်စပ်မှာ များပြားလာ
မြန်မာအမျိုးသမီးတွေကို တရုတ်လူမျိုးတွေနဲ့ လက်ထပ်ဖို့ ရောင်းစားမှုတွေ ဟာ ပြီးခဲ့တဲ့နှစ်မှာ ပိုများလာတာ တွေ့ရတယ်လို့ တရုတ်နိုင်ငံထုတ် Shanghai Daily သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။
Khao San Road, Myanmar, and HIV
Remember the 80s? The backpacker and hip Thai hangout area migrants seem to be doing well.
ကွန်ဒုံး အသုံးပြုမှု သတိပြု
အမျိုးသား၊ အမျိုးသမီးတွေဟာ သားဆက်ခြားရေးအတွက် သန္ဓေတားဆေးလုံးများနည်းတူ ကွန်ဒုံးများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ ဒါပေမဲ့ ဖြစ်သလို လုပ်ထားတဲ့ ကွန်ဒုံးတွေဟာ ရောဂါကူးစက်မှုကို ဖြစ်စေပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ် များရှိကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိရပါတယ်။
အေအာရ်ဗီဆေး ကိုယ့်ဒေသမှာလည်းရရှိနိုင်
အိတ်ခ်ျ်အိုင်ဗီပိုးကူးစက်ခံရသူတွေအတွက် မိမိဒေသတွင်းမှာပဲ အေအာရ်ဗီဆေး (ARV) ကို အခမဲ့ရရှိနိုင်ပေမဲ့ တချို့ကတော့ ကိုယ့်မှာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရမှန်း သူများသိမှာစိုးတာကြောင့် နေထိုင်ရာဒေသနဲ့ဝေးတဲ့ နေရာတွေအထိ ဆေးလာယူတာမျိုး ရှိတယ်လို့ သိရတယ်။
အမှုကြီး ၁၀မျိုးဝင်မုဒိမ်းမှုဖြစ်နှုန်း မြင့်တက်၊ အမှုကြီး ၁၀မျိုးပေါင်း ဖြစ်နှုန်း လျော့ကျ
ရန်ကုန်တိုင်း၌ ဖြစ်ပွားခဲ့သော အမှုကြီး ၁၀မျိုးတွင် မုဒိမ်းမှုဖြစ်နှုန်း မြင့်တက်ခဲ့သော်လည်း အမှုကြီး ၁၀ မျိုးပေါင်း ဖြစ်ပွားခဲ့သည့် စုစုပေါင်းအရေအတွက်မှာမူ လျော့ကျခဲ့ကြောင်း သတင်းရရှိသည်။
အသက်မပြည့် မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာကလေးပြည့်တန်ဆာ (၅၀) ခန့် အလုပ်လုပ်ကိုင်လျက် ရှိသည်ဟု အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

Follow me on: