21
Mar

ဆံပင်ကိုက်ဆရာ

ကံကောင်းချင်ပြီ ဆိုတော့ ကျွန်တော့်မိန်းမ ပထမ ကိုယ်ဝန်လည်း ရရော ကျွန်တော်လည်း ရာထူးတိုးတာပါပဲ။ ကျွန်တော်ကလည်း အလုပ်ကို တအား ကြိုးစားတာ။ တစ်ခါတလေ မှာ ကျွန်တော်ဟာ အချိန်ပိုတွေလုပ်ပါတယ်။ မိသားစုအတွက် ငွေပိုငွေလျှံရအောင်ပေါ့။ ၂ နှစ်လောက်နေတော့ ငွေတော်တော်စုမိပါပြီ။ အိမ်ကလေး တစ်လုံးလည်း ၀ယ်နိုင်ခဲ့ပါပြီ။ ဒီတော့လည်း ကျွန်တော့်ဘ၀ အတွက် ကျွန်တော် ဂုဏ်ယူတာပေါ့။ ဘ၀င်ကလေးလည်း မြင့်သွားတာပေါ့။

21
Mar

တီထွင် စိတ်ကူး ကောင်းတဲ့သူ

ကွန်ဒုံးနဲ့ ပတ်သက်ပြီး မကြောက်ပါနဲ့ ကွန်ဒုံးဟာ အပင်ကရလာတဲ့ ရာဘာလေးပါပဲ။ ကွန်ဒုံးအတွက် ရှက်နေ မယ်ဆိုရင် တင်းနစ် ဘောလုံးအတွက် ပိုပြီး မျက်နှာပူစရာ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ရာဘာ ပိုများတာကိုး လို့ ပြောတတ်တဲ့ ခွန်မီချိုင်း ဟာ ကွန်ဒုံးသုံးစွဲရေးနဲ့ သားဆက်ခြားရေး နည်းလမ်း အသွယ်သွယ်နဲ့ စည်းရုံး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

21
Mar

ခြေတော်ရာရဲ့ ပုံရိပ်

ဒီကျောင်းတိုက်မှာ လူနာတွေအတွက် လစဉ် ဘတ်ငွေ သုံးသန်းကျော် သုံးစွဲနေရပြီး ၉၀ ရာခိုင်နှုန်းကို အလှူရှင်တွေဆီက ရရှိပြီး အစိုးရဆီက ၅ ရာခိုင်နှုန်း ထည့်ဝင်ပါတယ်။ အစိုးရက ထည့်ဝင် လှူဒါန်း မှုမှာ လူနာ ၆၄ ယောက်အတွက် ARV ဆေးပါဝင်ပြီး ဖြစ်ပါတယ်။ အေအာဗွီဆေးဟာ ခန္ဓာကိုယ်တွင်း HIV ပြန့်ပွားနှုန်းကို လျော့ချတဲ့ ဆေးပါ။ ခေတ်မီဆေးဝါးတွေအပြင် လူနာတွေ လက်ခံမယ်ဆိုရင် တိုင်းရင်းဆေးနဲ့ပါ ကုသပေးပါတယ်။

21
Mar

တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ အန္တရာယ်

၁၉၉၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာရှ စီးပွားရေး အကြပ်အတည်းကလည်း HIV ပြဿနာကို မီးကူလို့ထိုး ပေးခဲ့တယ်။ စီးပွားရေး အခက်အခဲကနေ လွတ်ရာ လွတ်ကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ဘက်ကိုဦးလှည့်လာကြသလို ဆေးစွဲသူလည်း ပိုများလာတယ်။ မူးယစ်ဆေးသုံးစွဲဖို့ ငွေရှာနေတဲ့ ခန္ဓာကိုယ် ရောင်းချသူတွေရှိတယ်။ ခန္ဓာကို ရောင်းချ အသက်မမွေးသူတွေထဲကလည်း မူးယစ်ဆေး သုံးစွဲသူတွေရှိတယ် ဒီလို မသန့်ရှင်းတဲ့ ဆေးထိုးအပ် အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုတွေကနေ ရောဂါပိုး ကူးစက်မှု ပျံ့နှံ့လာပြီး HIV ကူးစက်မှု စက်ဝိုင်းကြီးဟာ ကျယ်ပြန့်လာတယ်။

21
Mar

အနာဂတ်အာရှရဲ့ သေမင်းတမန်

အာရှမှာ HIV ကူးစက်မှုအတွက် လက်ဦးမှု ရယူဖို့အတွက် သင့်တော်တဲ့ ဆောင်ရွက်မှု ပြုလုပ်ဖို့ရာ အမှန်စင်စစ်အာဖြင့်တော့ မဖြစ်နိုင်ဘူးလို့ ဆာရာ ဟာဆီက ပြောပါတယ်။ HIV ကိုထိန်းချုပ်ဖို့ ခက်တဲ့ အာရှမှာ ကမ္ဘောဒီးယား၊ မြန်မာနဲ့၊ ထိုင်းတို့ဟာ အာဖရိက တိုက်ကလွဲရင် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။

21
Mar

လွဲမှားတဲ့ ရိုးရာအစွဲ

ကျမကတော့ ကွန်ဒုံးသုံးဖို့ အယုံအကြည် မရှိဘူးလို့ မုံ အမျိုးသမီးကြီးက ပြောတယ်။ သူက ကွန်ဒုံးဟာ မိုးရွာထဲမှာ ဆောင်းရတဲ့ ထီးနဲ့တူတယ်လို့ဆိုတယ်။ ထီးဆောင်းထားလိုက်ရင် ခေါင်းသာ မိုးလုံပြီး ခြေထောက် ကတော့ မိုးရွှဲမှာဖြစ်သလို ကွန်ဒုံးသုံးပေမဲ့လည်း အချို့ အစိတ်အပိုင်း တွေမှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့နိုင်သေးတာဖြစ်တယ်။ ဒါကြောင့် ပိုလုံခြုံရအောင် ဘောင်းဘီလို ဝတ်လို့ရတဲ့ ကွန်ဒုံးကို တီထွင်ပေးပါလို့ တောင်းဆိုတဲ့အတွက် ကျန်းမာရေး ပညာပေး သူတွေဟာ ငိုရခက်ရယ်ရခက် ဖြစ်ခဲ့ရပါတယ်။

Follow me on:

Back to Top