25
Mar

ငှက်ပျောသီးတွင်ပါဝင်သော ဒြပ်ပေါင်းက HIVကို ဟန့်တားနိုင်စွမ်းရှိကြောင်း သုတေသနတစ်ခုကဖော်ပြ

မတ်လ ၁၉ ရက်နေ့ထုတ် Biological Chemistry ဂျာနယ်တွင် ဖော်ပြထားချက်အရ ငှက်ပျောသီး၌ ပါဝင်သော Ban Lec ဟုခေါ်ဆိုသည့် ဒြပ်ပေါင်းတစ်မျိုးသည် အိတ်ခ်ျ အိုင်ဗီကူးစက်မှုကို ဟန့်တားနိုင်ပြီး ကြိုတင်ကာကွယ်မှုကိုလည်း ပြုလုပ်နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။ ဓာတ်ခွဲခန်း စမ်းသပ်မှုများအရ အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းမှ ကာကွယ်ရာတွင်လည်း ယင်းဒြပ်ပေါင်းမှာ အထောက်အကူပြုနိုင်ကြောင်း သိရသည်။

25
Mar

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ပြန်ဝင်လာ သော်လည်း ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ ဆက်ရှိနေမည်

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသော်လည်း ရောဂါသုံးမျိုးရန်ပုံငွေ အဖွဲ့ (3DFund) အနေဖြင့် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာဖိလစ်အယ်လန်က မတ်လပထမပတ်က ပြောကြားသည်။

25
Mar

ဗြိတိန်က တောင်အာဖရိကကို ကွန်ဒုံးဝယ်ရန် ပေါင် ၁ သန်းလှူ

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) အဖြစ်များလျက်ရှိသော တောင်အာဖရိကနိုင်ငံတွင် မကြာမီ ကျင်းပရန်ရှိသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း အသုံးပြုဝေငှရန်အတွက် ကွန်ဒုံးများဝယ်ယူရန် ဗြိတိန်အစိုးရက ပေါင်ငွေ တစ်သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

25
Mar

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉) - Genital Warts

လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသည့် ဗိုင်းရပ်ကို သတ်မည့်ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာလျင် ကုသနည်း အမျိုးမျိုးတော့ရှိသည်။ အလွယ်ဝယ်ယူရရှိသော ဆေးဆိုင်ကောင်တာပေါ်ကဆေးကို အားမကိုးပါနှင့်။ မည်သည့်နည်းက အကောင်းဆုံးဟု မပြောနိုင်ပါ။ ပျောက်သွားမည်ဟုလည်း ရာနှုန်းပြည့် အာမ မခံနိုင်ပါ။

25
Mar

Gmail is now even safer

Every time you check your Gmail, look at “Last account activity” just below the Inbox. …

Follow me on:

Back to Top