7
Apr

နတ်ဆိုးရဲ့ကျိန်စာ

ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသောအပြစ်မဲ့သည့် ထိုသားဖွားဆရာမလေးနှင့် သီလရှင်မလေး ညီအစ်မနှစ်ယောက် ကွယ်လွန်ခဲ့ရခြင်းသည် ဆိုးဝါးလှသော ကံကြမ္မာ၏အပြစ်လား။ အိတ်ခ်ျအိုင်ဗွီပိုးကို တိုက်ရိုက် မရှာနိုင်သေးပဲ ပဋိပစ္စည်းကိုသာ ရှာနိုင်သေးသည့် နည်းပညာ အဆင့်နိမ့်သေးသော သွေးစစ်ချက်၏ အပြစ်လား။ သွေးလှူဘဏ်မှ တာဝန်ရှိသူများ၏ အပြစ်လား။ သားဖွားဆရာမလေးကို သွေးသွင်းကုသ ပေးခဲ့ကြသည့် ဆရာဝန်ဆရာမများ၏ အပြစ်လား။ စဉ်းစားစရာပင်ဖြစ်သော်လည်း ပြီးဆုံးခဲ့ပြီဖြစ်သည့် ထိုအဖြစ်အပျက်များအတွက် ကျမတို့အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုတော့ချေ။

7
Apr

From the Three Diseases Fund ...

From the Three Diseases Fund … The Three Diseases Fund provides prevention and treatment & care activities of TB, Malaria and HIV projects in Myanmar …

6
Apr

The Myanmar UNGASS 2010 report is out

The new Myanmar country report for the United Nations General Assembly Special Session on HIV/AIDS, if one occurs this year, has recently been posted. Sizzling hot off the press. Read it!

6
Apr

Karuna makes guidelines

The [him] moderator would like to take a look at the prevention guidelines.

6
Apr

တီဘီရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းတွင် မြန်မာနိုင်ငံလည်း ပါဝင်

ကမ္ဘာပေါ်တွင် နှစ်စဉ် တီဘီရောဂါ ဖြစ်ပွားသူ ၉ ဒသမ ၄ သန်းခန့် ရှိပြီး၊ ၁ဒသမ ၈ သန်းခန့် သေဆုံးလျက် ရှိကြောင်း၊ တီဘီရောဂါ ဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းသည် ၁၅ နှစ်မှ ၅၄ နှစ်ကြားရှိ လူများတွင် ဖြစ်ပွားလျက်ရှိ သောကြောင့် တိုင်းပြည်များ၏ ကုန်ထုတ်စွမ်းအား လူသားအရင်းအမြစ် အပေးနိုင်ဆုံးအုပ်စုမှ ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

5
Apr

ရေယုန်ကိုကုသရုံဖြင့် အိတ်ခ်ျအိုင်ဗွီကို ကြိုတင်ကာကွယ်နိုင်ခြင်း မရှိဟုဆို

ဆရာဝန်များက ရေယုန်ပေါက်သောသူများသည် HIV ဖြစ်ရန် အလားအလာပိုမိုနီးစပ်သည်ဟု ကာလရှည်ကြာစွာကပင် သံသယရှိခဲ့ကြသည်။ ထိုကဲ့သို့ သံသယရှိခဲ့သောကြောင့်ပင် ၎င်းတို့သည် ရေယုန်ကို ကုသလိုက်ရုံဖြင့် လူတစ်ဦး၏ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် အန္တရာယ်ကို ကုသဖြတ်တောက် နိုင်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့ရာတွင် လေ့လာချက်အသစ်တစ်ရပ် ဤမဟာဗျူဟာကို စမ်းသပ်ခဲ့ရာတွင် ထိုယူဆချက်သည် မှားကောင်းမှားနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

5
Apr

အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး

ရဲကျော် ဆိုတဲ့ ဒီကလေး ရန်ကုန်လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက ကျမကိုအထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်းလုပ်လို့ အချုပ် ခဏခဏကျတယ်၊ ရဲသား ဘ၀မှာလည်း သူနဲ့ဆက်စပ်ရာ ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ်ဆိုတဲ့ အကြောင်းပြောပြကြပါတယ်။

5
Apr

Web comment on Thingyan

Here is an anonymous web comment on sex workers planning to go to the capital for Thingyan. The [him] moderator wonders why local organisations were not encouraged to undertake HIV prevention work there. Only international ones.

5
Apr

အင်္ဂလိပ် ကျောင်းသားများ၏ စိုးရိမ်ဖွယ်ရာ လိင် အကြမ်းဖက်မှု ဖြစ်ရပ်

နှစ်ခန့်က ဗြိတိန်ရှိ (၆)နှစ် အရွယ် မိန်းကလေး တဦးအား အတန်းတူ ယောက်ျားလေး (၂၃)ဦး တို့က ကာယဆိုင်ရာနှင့် လိင်ဆိုင်ရာအကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းကို ရဲတပ်ဖွဲ့က ယခုအခါ အတည်ပြုလိုက်ကြောင်း သိရှိရသည်။

4
Apr

ဗြိတိန်တွင် ည၉နာရီမတိုင်မီ ကွန်ဒုံးကြော်ငြာပြသရန်စီစဉ်

ကွန်ဒုံးကြော်ငြာများအား ည၉နာရီမတိုင်မီ ထုတ်လွှင့်ပြသခွင့်ပြုလိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ကွန်ဒုံးကြော်ငြာများအား အကြီးအကျယ်ကြော်ငြာခြင်းဖြင့် ဗြိတိန်နိုင်ငံရှိ ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်မှုနှုန်းကို လျှော့ချရန်လိုအပ်သည်ဟု အစိုးရအထောက်အပံ့ခံ အဖွဲ့ကထုတ်ဖော်ပြောဆိုခဲ့သည်။

4
Apr

တရားခံဘယ်သူလဲဟေ့

နောက်ပိုင်း အကြီးအကျယ်ဖျားတော့မှ အဖေကဆရာဝန်တစ်ယောက်ဆီ ခေါ်သွားတယ်။ ဆရာဝန်က သွေးစစ်ကြည့်တယ်။ ဆရာဝန်နဲ့ မျက်နှာချင်းမဆိုင်ချင်ဘူး။ အဖြေတစ်ခုထွက်လာမှာကိုကြောက်လို့။ ဆရာဝန်က သွယ်ဝိုက်ပြောတယ်။ ဒါပေမဲ့လေ အဖြေကတော့ အဖြေပါပဲ။ ဟုတ်ပါ့။ ကျွန်တော့်မှာ HIV ပိုးတွေ့တယ်။ AIDS ဖြစ်နေပြီတဲ့။ ကျွန်တော့်မှာ သေလုမတတ်ကြောက်သွားတာပဲ။

4
Apr

HIV ရောဂါရှိသူ များအနက် သုံးပုံနှစ်ပုံခန့်မှာ လူငယ်များဖြစ်

မြန်မာနိုင်ငံ၌ HIV ရောဂါပိုးရှိသူ အများစုအနက် သုံးပုံနှစ်ပုံခန့်မှာ လူငယ် လူရွယ်များ ဖြစ်ကြကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Follow me on:

Back to Top