ဒီ AIDS ရောဂါဟာ ကိုယ်ကျင့်သိက္ခာ လုံခြုံမှု တစ်ခုတည်းနဲ့တင် ကာကွယ်လို့ မရတာ နင်လဲ သိပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက် အမျိုးမျိုးနဲ့ ငါတို့ ခန္ဓာကိုယ်ကို ဝါးမျိုးခဲ့လို့ ဒီရောဂါနဲ့ လူတွေ ဘယ်လောက်သေခဲ့ရပြီလဲ။ AIDS ရောဂါ ရစေနိုင်တဲ့ နည်းအမျိုးမျိုးလဲ နင်သိပြီးသားပဲ။
ဘတ် ၅၀၀
ကျွန်မ အသက် (၃၀) ပါ။ ၁၉၉၀ မှာ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ဦးစီး ဘဝ မှာ ပျော်စရာ ချည်းပဲပေါ့ရှင်။ ၁၉၉၃ မှာ ကျွန်မ ကိုယ်ဝန် ရှိခဲ့ပါရော။ ဒါနဲ့ ဆေးခန်းသွားပြီး သွေးစစ်တော့ ကျွန်မသွေးက ပြဿနာ နည်းနည်းရှိ သတဲ့။ ဒါပေမဲ့ သိပ်အရေး မကြီးပါဘူးတဲ့။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ကျွန်မယောက်ျားကိုပါ သွေးစစ်ဖို့ စီစဉ်ပါတယ်။ သူ ဆေးကျပါတယ်။
Talk about you know what from MM at the UNAIDS PCB meeting
Swuan Pyae Phyo is the sixth person to talk about sex in this article. The UNAIDS governing body meeting seems to have had a lot of people talking about sex on the sidelines. One hopes the main forum also discussed sex.
(09-May) ပို့ကြည့်ပါ
တွေ့ဆုံမေးမြန်းမယ့် သတင်းရင်းမြစ်နဲ့ တွေ့ဆုံရချိန်မှာပဲ မိမိကိုယ်မိမိ မိတ်ဆက်ခြင်းနဲ့ တွေ့ဆုံခြင်းကို စတင်ပါ။ မိမိက ဘယ်သတင်းဌာနကို ကိုယ်စားပြုကြောင်း၊ တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖြစ်အောင် ပြောစေချင်ပါတယ်။ မေးမြန်းမှု မစတင်မီ ကတည်းက ယဉ်ကျေး သိမ်မွေ့မှုကို ပြထားရမှာ ဖြစ်ပါတယ်။
(Dec-09) ပို့ကြည့်ပါ
ကလေးသူငယ်များနှင့် ပတ်သက်၍ ဘယ်လို ရှုထောင့်မျိုးမှ သတင်းကို ရေးသည်ဖြစ်စေ ထိုသတင်းသည် ကလေးများအတွက် ထိခိုက်နစ်နာ လွယ်သော အခြေအနေကို ထုတ်ဖော် ပြောကြားသလို မဖြစ်စေရ။ သူတို့၏ အကျိုးစီးပွားကို မထိခိုက်စေရ။
Ricky makes some assertions about sex work in Myanmar
Here is the view of Ricky who recently spoke to the UNAIDS governing body. … He states: “the police continue to … arrest based on claiming that condom as evidence of sex work.” Is this true? Are condoms still used as evidence? … He also implies that the “100% CUP” is used to justify mandatory testing. Is mandatory testing related in any way to Myanmar's “100% CUP”?
Article on drug use in the country
Here is an article on drug use in Myanmar. There are a couple of predictable inaccuracies: “Drugs are widely available along the China-Myanmar border, like in the city of Lashio.” The [him] moderator was not previously aware that Lashio had been moved.
မျှော်တလင့်လင့်
ဒီနေ့ဟာ မိုးနေ့ပါပဲ။ ကျွန်မ ပြတင်းအပြင်ကို ထိုင်ငေးနေတာပေါ့။ ကျွန်မတစ်ကိုယ်တည်း အထီးကျန်လေ။ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။ ခုလိုပဲ အထီးကျန်နေရင် ကျွန်မတွေးတော ချောက်ချားရမြဲပါ။ လူလူသူသူတွေနဲ့ တွေ့တဲ့အခါမှာ ကျွန်မ ခံစားနေရတာတွေကို ဖွင့်ဟဖို့ မတွေးပါဘူး။ ကျွန်မ လူတွေကို ကြောက်နေပါတယ်။
ကွန်ဒုံးသုံးရန် ငြင်းဆန်လျှင်
သင်က အမျိုးသမီးတစ်ယောက် ဖြစ်လို့ သင့်အဖော်က ကွန်ဒုံးသုံးဖို့ ငြင်းဆန်ရင် အောက်ပါ အချက်တွေက ကူညီမှာ ဖြစ်ပါတယ်။ ကွန်ဒုံးသုံးရတာ သက်သာမှု မရှိဘူး။ စိတ်အနှောက်အယှက် ဖြစ်စေတယ် စသည်ဖြင့် သင့်အဖော်က ကွန်ဒုံးသုံးတာနှင့် ပါက်သက်ပြီး ငြင်းဆန်ကောင်း ငြင်းဆန်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးသုံးတာ သူ့ဆီက သာမက သင့်ဆီကပါ လိင်ကနေ တစ်ဆင့် ရောဂါပိုးတွေ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်မရအောင်ပါ တားဆီးပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ဆေးစစ်မှု မခံယူရသေးခင်နဲ့ ရောဂါပိုးရှိမှန်း သေချာ မသိသေးချိန်မှာ ကွန်ဒုံးသုံးဖို့ ပြောပါ။
အိဒ်စ်ရောဂါ ပြန့်ပွားမှုကို ငှက်ပျောသီးက ဟန့်တား ပေးနိုင်ဖွယ်ရှိ
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးအား တိုက်ဖျက်ချေမှုန်း ကာကွယ်ကုသရာတွင် ငှက်ပျောသီးက ထိရောက်စွာ အထောက်အကူ ဖြစ်စေဖွယ်ရှိကြောင်း သိရသည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ချက်အရ ငှက်ပျောသီးတွင် အိတ်ခ်ျအိုင်ဗွီပိုးအား ချေမှုန်းသည့် အာနိသင် ထက်မြက်သော Banlec ပါဝင်ကြောင်း သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ကြသည်။ Banlec အပေါ် အခြေခံသော ကုထုံးအားဖြင့် လူပေါင်းများစွာ တို့၏ အသက်အား ကယ်တင်နိုင်လိမ့်မည်ဟု သိပ္ပံပညာရှင် တို့က ယုံကြည် လျက်ရှိသည်။
HIV ကာကွယ်ဆေး ထိရောက်လာပြီ
စမ်းသပ်ဆဲ HIV ကာကွယ်ဆေးတစ်မျိုးက ပထမဆုံးအကြိမ် ထိရောက်ကြောင်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အစောပိုင်း စမ်းသပ်ဆဲ ကာကွယ်ဆေးနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ အဲဒီကာကွယ်ဆေးကို ထိုင်းမှာ လူပေါင်း ၁၆၀၀၀ နဲ့ အကြီးမားဆုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးက HIV ကူးစက်နိုင်ခြေကို သုံးပုံတစ်ပုံနီးပါး လျှော့ချပစ်နိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း အိတ်ခ်ျအိုင်ဗွီ ပို၍ကူးစက်နိုင်ဟုဆို
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ခင်ပွန်းသည် အမျိုးသားများအား အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးကူးစက်ရန် နှစ်ဆပိုများကြောင်း သုတေသီများက သတိပေးပြောကြားသည်။

Follow me on: