14
Jun

မှားမိသည့် ဝန်တာ

ပတ်ဝန်းကျင် အသိုင်း အဝိုင်း ကိုလည်း ဖွင့်ဟလိုက်ပါပြီ။ ဒီထက်ပိုပြီး ဖွင့်ဟ ဝန်ခံဖို့ရာ ခုလို စာရေးပြီး လူအများသိအောင် ကိုယ့်ကိုယ်ကို ဖော်ထုတ်ဖို့ပဲ ရှိတော့တာ မဟုတ်လားလေ။
စာဖတ်သူများရှင် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ကြပါ။ “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုတာလို ဖြစ်နေတဲ့ သူတွေကို တွေ့ရင်လည်း ကူညီကြပါ။ ရိုင်းပင်းကြပါ။ ကြင်နာသနား မေတ္တာ ထားကြပါလို့။

14
Jun

ဆယ်ကျော်သက် ကျောင်းသားများ မူးယစ်ဆေးသုံး

မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်မြို့တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြပြီး ကျောင်းများ အနီးတွင် မူးယစ်ဆေးဝါး ရောင်းချ နေသောကြောင့် ကျောင်းသားများပါ သုံးစွဲနေကြ သည်ဟု ဟိုပင်မြို့ သားတဦးက ပြောသည်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၄)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါနဲ့ အန္တရာယ်ကို ငယ်ရွယ်သူများ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ မိဘများ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ထိန်းသူများနဲ့ ဘာသာရေး ခေါင်းဆောင် များဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်၊ လိင်ဆက်ဆံခြင်းမှ ကူးစက်သော အခြားကာလသား ရောဂါများနဲ့ ကြိုင်တင် စီစဉ်မှု မရှိဘဲ ရယူတဲ့ ကိုယ်ဝန်များရဲ့ အန္တရာယ် ကြီးမားပုံကို လူငယ်များကို သတိပေး ပြောကြား သင့်ပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၃)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိတ်ဒ်စ် ရောဂါဟာ ကုသလို့ မရနိုင်မယ့် ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်ပါတယ်။ အိတ်ဒ်စ် ရောဂါကို ဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်အင်္ဂါစွပ် မပါဘဲ လိင်ဆက်ဆံခြင်း) ပိုး ရှိ/မရှိ စစ်ဆေး မထားသော သွေးကို သွင်းမိခြင်း၊ (မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ သုံးစွဲသော) မသန့်ရှင်းတဲ့ ဆေးထိုးပိုက်/အပ်များကို အသုံးပြုခြင်း၊ ရောဂါပိုး ရှိသော မိခင်ထံမှ သူမရဲ့ ရင်သွေးထံသို့ (ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နဲ့ နို့တိုက်ကျွေးစဉ် များမှာ) ကူးစက်ခြင်း စသော နည်းလမ်းများနဲ့ ပြန့်ပွား ကူးစက်ကြပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၂)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – မိသားစုတိုင်းနှင့် လူ့အဖွဲ့အစည်းတိုင် သိခွင့်ရှိသော “မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်း ရောဂါ ” ဆိုင်ရာ အဓိကကျသော သတင်း အချက်အလက်များ

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၁)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါဟာ တကမ္ဘာလုံး ဆိုင်ရာ ပြဿနာတရပ် အနေဖြင့် တနေ့တခြား ပိုမိုကြီးထွား လာနေကြပါတယ်။ လက်ရှိ အခြေအနေအရ ကမ္ဘာ တဝှမ်းလုံးမှာ လူကြီးရော ကလေးပါ သန်းပေါင်း (၄၀) ခန့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက် ခံစား နေကြ ရပါတယ်။ လောလောဆယ်မှာ ကမ္ဘာပေါ်က အသက် (၁၅) နှစ်အောက် ကလေးငယ်ပေါင်း ဆယ်သန်းကျော် ကျော်ရဲ့ မိခင်များ (သို့မဟုတ်) မိဘ နှစ်ပါး စလုံးဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ကြောင့် သေဆုံး သွားကြပြီး ဖြစ်ပါတယ်။

14
Jun

Facebook and Twitter

The Burmese language section of HIV Information for Myanmar [him] is now on Facebook and Twitter! Check them out. … And while you are on line, please subscribe to the Burmese language email list. himburmese@gmail.com.

Follow me on:

Back to Top