နိုင်ငံတစ်ခုကို ရောက်နေတဲ့ (ဘလော့ဂ်) ကိုလည်းဖတ်တဲ့၊ ရောဂါတစ်ခုခုလည်းရှိနေတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။
(Nov-2009) ပို့ကြည့်ပါ
HIV/AIDS နဲ့ နေထိုင်သူများဟာ သူတို့ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စများကို ဖွင့်ဟပြောလိုတဲ့ဆန္ဒ မရှိကြဘူး ဆိုတာပါပဲ။ အဲဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းကတော့ ဝေဒနာသည်က မိမိကိုယုံကြည် နိုင်လောက်တဲ့ စိတ်နေစိတ်ထား ရှိတဲ့ သတင်းထောက် တစ်ယောက်အဖြစ် မြင်စေဖို့ပဲ ဖြစ်ပါတယ်။ သတင်းသမား အနေနဲ့ HIV/AIDS ဝေဒနာရှင်များရဲ့ သတင်းများကို ရေးသားရာမှာ ရိုးသားမှု ရှိပြီး လူ့ဂုဏ်သိက္ခာကို လေးစား ကာကွယ်တဲ့ သတင်းသမား ဖြစ်ဖို့ လိုပါတယ်။
HIV ပတ်သက်ပြီး ဒေါက်တာစစ်နိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ဒီဇင်ဘာ ၁ ရက်က World AIDS Day နေ့ ဖြစ်ပါတယ်။ HIV ပိုးဟာ ကမ္ဘာမြေပေါ် ရောက်ရှိ ကိုယ်ထင်ပြလာတာ အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်ကျော် လာပါပြီ။ အရင်တုန်းက HIV/AIDS ဆိုရင် ‘ကုရာနတ္ထိ ဆေးမရှိ’ လို့ ပြောခဲ့ကြပေမယ့် အခုဆိုရင် ဒီရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေကလည်း အများအပြား ပေါ်ထွက်လာခဲ့ပါပြီ။ ဒါပေမဲ့ အများအားဖြင့် သွေးစစ် ကြည့်ပြီး ကိုယ့်ဆီမှာ HIV ရောဂါပိုး တွေ့တဲ့အခါ သိတဲ့အခါ ချက်ချင်း ဘာလုပ်လို့ လုပ်ရမှန်း မသိကြတာ များပါတယ်။

Follow me on: