16
Jun

လိင်ကျွန်များ၏ စေတနာ

မျက်မှောက်ခေတ် လိင်ကုန်ကူးမှု လုပ်ငန်းတွင် တမင်တကာ အစီအစဉ်တကျ အမျိုးသမီးများနှင့် ကလေးများကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ ကျွန်ပြု ခြင်းနှင့် သန်းပေါင်း များစွာသော အမျိုးသမီးများနှင့် ကလေးများကို သတ်ဖြတ်ရာတွင် လူသတ်မှုဖြင့် တိုက်ရိုက် ကျူးလွန် ကြခြင်း(သို့) သွယ်ဝိုက်သော နည်းဖြင့် မူးယစ်ဆေးဝါး ဆေးစွဲရာမှ အသက်ဆုံးရှုံး ရခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများဖြင့် အသက် ဆုံးရှုံးရခြင်းတို့ ပါဝင်သည်။

16
Jun

Learn more about support for people living with HIV

Learn more about support for people living with HIV and the rainbow without colour here.

16
Jun

မလေးရှားရောက် သားကောင်များ

မြန်မာနိုင်ငံက စီးပွားရေး အခြေအနေကြောင့် ဒီကို အားကိုးတကြီး လာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုသလို ဒီရောက်လာမှ ဒုက္ခ အကြီးအကျယ် ရောက်ကြ ရတော့တာ ပါပဲ။ မြန်မာပြည်က အေးဂျင့်တွေက လစာ ဘယ်လောက် ရမယ်၊ overtime ဘယ်နှနာရီ ရှိတယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး အထင်ကြီး လာခဲ့သမျှဟာ ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြောဟာ လိမ်ညာမှု့တွေ ပဲလို့ သိရပေမယ့် ဘာမှ မတတ် နိုင်တော့ ပါဘူး။ ဒီဘက်က အေးဂျင့်တွေ ပြုသမျှမှာ နုရတော့ တာပါပဲ…. မြန်မာပြည်က အေးဂျင့်တွေက ပိုက်ဆံရရင် ပြီးရောဆိုပြီး လွှတ်တယ်၊ ဒီက အေးဂျင့် တွေကလည်း ပိုက်ဆံရမှာမို့ ခေါ်ပါတယ်။

15
Jun

ကမ္ဘောဒီးယားပြုပြင်ပျိုးထောင်ရေးစခန်းမှ ကလေးသူငယ်များကို ဘယ်သူကာကွယ်ပါ့

ဂျိုးဇတ်အမွန်ရဲ့ ယူနီဆပ်ဖ် အရာရှိကြီး တွေက လူမှုရေးရာ ဝန်ကြီးဌာနက သူတို့ အပေါင်းအသင်းတွေကို ကာကွယ်ပေးနေတဲ့ အချိန်မှာ၊ ယူနီဆပ်ဖ် အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ စင်တာက ကလေးတွေနဲ့၊ နိုင်ငံတဝှမ်းက မူးယစ်ဆေးစွဲ သူများ ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းက ကလေးတွေကို ဘယ်သူတွေက အကာအကွယ် ပေးပေးကြမှာတုန်း။

15
Jun

AIDS ဝေဒနာရှင်များ NLD ခေါင်းဆောင် နှစ်ဦးကို ဂါရဝပြု

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ရောဂါ တိုက်ဖျက်ရေးနဲ့ အကူအညီ ပေးရေးအဖွဲ့ တာဝန်ခံ မဖြူဖြူသင်း ဦးဆောင်ပြီး ဝေဒနာရှင် ၆ဝ လောက်က အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ နှစ်ဦးကို ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဂါရဝပြု ကန်တော့ပွဲ တရပ် ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

15
Jun

အပျော်ဆိုတာ ရှောင်

အဲဒီကစပြီး ကျွန်တော်ဟာ ကိုယ့်လို ရောဂါရှင် တွေကို အားပေးဖို့ ကူညီဖို့ ဆုတောင်း ပတ္တနာ ပြုဖို့တွေကို လုပ်ရင်း ဘဝကို ရဲရဲ ရင်ဆိုင် ဖြေရှင်းဖို့ နားလည် သွားပါ တော့တယ်ဗျာ …..။

15
Jun

မင်္ဂလာ မရှိသော မင်္ဂလာဆောင်

ကျွန်မတို့ လက်ထပ် ပြီးလို့ ရက်ပိုင်း အကြာမှာပဲ ချိုင်ဝပ်ဟာ အရက် တွေသောက်၊ အရင်က သူသိတဲ့ မိန်းကလေးနဲ့ ဆက်ဆံတော့ တာပါပဲ။ ကျွန်မတို့ အမြဲတမ်း ရန်ဖြစ် စကားများ ကြတာ ပေါ့လေ။ ဒါနဲ့ ကျွန်မက အဘွားအိမ် ပြန်မယ် ပြောတော့ သူ့အမေက လူသိရှင်ကြား တရုတ်လို မင်္ဂလာ ဆောင်ထား တာမို့ ကျွန်မ အိမ်ပြန်လို့ မသင့်တော်ဘူး ဆိုပြီး တားပါတယ်။ ပြီးတော့ သူ့ရဲ့ ဆိုင်ကိုလည်း ငွေကြေးက အစ ကျွန်မတို့ကို လွှဲပေး လိုက်ပါတယ်။ ဒီမှာတင် ချိုင်ဝပ်ဟာ ပိုက်ဆံ တွေကို ဖြုန်းပြီး အရက် ကိုလည်း မိုးအလင်း သောက်တော့ တာပါပဲ။ လက်ထပ် ခြင်းဟာ ကျွန်မ ဘဝရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဆိုရင် ကျွန်မ လက်ထပ်တဲ့ မင်္ဂလာကို ဆောင်ခဲ့မှာ မဟုတ်ပါဘူး။

15
Jun

Generic "Artripla" on the border

Here is a paper in AIDS on the use of a generic three drug regimen on the border. … The generic formulation used is not WHO prequalified.

14
Jun

မှားမိသည့် ဝန်တာ

ပတ်ဝန်းကျင် အသိုင်း အဝိုင်း ကိုလည်း ဖွင့်ဟလိုက်ပါပြီ။ ဒီထက်ပိုပြီး ဖွင့်ဟ ဝန်ခံဖို့ရာ ခုလို စာရေးပြီး လူအများသိအောင် ကိုယ့်ကိုယ်ကို ဖော်ထုတ်ဖို့ပဲ ရှိတော့တာ မဟုတ်လားလေ။
စာဖတ်သူများရှင် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ကြပါ။ “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုတာလို ဖြစ်နေတဲ့ သူတွေကို တွေ့ရင်လည်း ကူညီကြပါ။ ရိုင်းပင်းကြပါ။ ကြင်နာသနား မေတ္တာ ထားကြပါလို့။

14
Jun

ဆယ်ကျော်သက် ကျောင်းသားများ မူးယစ်ဆေးသုံး

မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်မြို့တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြပြီး ကျောင်းများ အနီးတွင် မူးယစ်ဆေးဝါး ရောင်းချ နေသောကြောင့် ကျောင်းသားများပါ သုံးစွဲနေကြ သည်ဟု ဟိုပင်မြို့ သားတဦးက ပြောသည်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၄)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါနဲ့ အန္တရာယ်ကို ငယ်ရွယ်သူများ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ မိဘများ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ထိန်းသူများနဲ့ ဘာသာရေး ခေါင်းဆောင် များဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်၊ လိင်ဆက်ဆံခြင်းမှ ကူးစက်သော အခြားကာလသား ရောဂါများနဲ့ ကြိုင်တင် စီစဉ်မှု မရှိဘဲ ရယူတဲ့ ကိုယ်ဝန်များရဲ့ အန္တရာယ် ကြီးမားပုံကို လူငယ်များကို သတိပေး ပြောကြား သင့်ပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၃)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိတ်ဒ်စ် ရောဂါဟာ ကုသလို့ မရနိုင်မယ့် ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်ပါတယ်။ အိတ်ဒ်စ် ရောဂါကို ဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်အင်္ဂါစွပ် မပါဘဲ လိင်ဆက်ဆံခြင်း) ပိုး ရှိ/မရှိ စစ်ဆေး မထားသော သွေးကို သွင်းမိခြင်း၊ (မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ သုံးစွဲသော) မသန့်ရှင်းတဲ့ ဆေးထိုးပိုက်/အပ်များကို အသုံးပြုခြင်း၊ ရောဂါပိုး ရှိသော မိခင်ထံမှ သူမရဲ့ ရင်သွေးထံသို့ (ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နဲ့ နို့တိုက်ကျွေးစဉ် များမှာ) ကူးစက်ခြင်း စသော နည်းလမ်းများနဲ့ ပြန့်ပွား ကူးစက်ကြပါတယ်။

Follow me on:

Back to Top