2
Aug

ဒီမယ်မိတ်ဆွေတို့ အဖော်ဆောင်ရင် အညှော်တောင် ရှောင်စရာမလိုဘူး မှတ်ပါ

ဒီမယ် ဒီမယ် မိတ်ဆွေတို့၊ အညှော်ရှောင်ချင်ရင် မောရိယမန်းဆေးဆောင် (အဲဟုတ်ပေါင်) “အဖော်ဆောင်ရင် အညှော်တောင် ရှောင်စရာမလိုဘူး” “အချိန်မတော်မှာ ၀ရိန်ဆော်ချင်ရင်လည်း ဟောဒီအဖော်ကို ဆောင်ဖြစ်အောင် ဆောင် ကြပါဗျို့”

2
Aug

ယုံကြည်ခဲ့သော အချစ်…..

အင်ကြင်းက positive ဆိုတာကို သေသေချာချာ မသိလေတော့ ကြောက်ရကောင်းမှန်းလဲ မသိခဲ့ ပါဘူး။ ဘာမှ မမှုဘူးပေါ့လေ..။ နောက်တော့ ဆရာဝန်က သေသေချာချာ ရှင်းပြတော့မှ ငါ့အဖြစ် ရှုံးလိုက်လေခြင်း ဆိုပြီး ငိုမိပါတယ်…။ အင်ကြင်း ခေါင်းထဲမှာ ဘာမှ မရှိတော့ပါဘူး….။ ဘာကိုမှ လည်းမတွေးချင်တော့ပါဘူး…။ သေမထူးနေမထူးတဲ့ ဘဝပါ….။ အင်ကြင်းမှာ လာမယ့်နှစ် ဘွဲ့ယူတဲ့ အထိရော အသက် ရှင်နိုင်ပါဦးမလား…။ ဘွဲ့ဝတ်စုံကို အခန့်သား ဝတ်လို့ သစ်ပုတ်ပင်ကြီး နောက်ခံ ထားပြီး မိဘတွေနဲ့အတူ ဓာတ်ပုံ ရိုက်ခွင့်ရော ရပါတော့မလား….။ ကျောင်းက သူငယ်ချင်းတွေကိုရော ဘယ်လို မျက်နှာပြရမလဲ…။ အင်ကြင်း ဘဝမှာ တစ်ခါ မှားမိခဲ့ပါတယ်…။ အဲဒီ အမှားက သေရာပါ အမှား ဖြစ်ခဲ့လေတယ်လေ…။

Follow me on:

Back to Top