26
Dec

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

ဒေါက်တာစစ်နိုင်က “ဂလိုဘယ်ဖန်းဟာ ဖွံ့ဖြိုးဆဲ ဘယ်နိုင်ငံက မဆို ရောဂါကြီး (၃) မျိုး ဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ် ရောဂါတွေ အတွက် လျှောက်ထားပြီး လှမ်းတောင်းလို့ ရတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်။ 3D Fund ကျ မြန်မာပြည် အတွက်ပဲ လုပ်ပေးတယ်။ ဂလိုဘယ်ဖန်းနဲ့ အစိုးရပိုင်း ဒီဘက် ကလည်း နည်းနည်းဟ၊ ဟိုဘက်ကလည်း နည်းနည်းဟနဲ့ ပြေလည် ပါတယ်။ ပြေလည်လို့လည်း ဒီအဆင့်ကို ရောက်လာရခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
အစိုးရနှင့် ညှိနှိုင်းမှု အပိုင်းကိုလည်း ၎င်းကပင် “သဘောတူတယ်၊ မတူဘူး အဲလို မဟုတ်ပါ ဘူး။ ဥပမာ ဆေးဝါးတွေကို သိုလှောင်ဖို့ ဌာနတို့၊ ဂိုဒေါင်တို့က အစ ဒီဟာနဲ့ ဆံ့ပါ့မလား။ မဆံ့ရင် နောက် တခု ထပ်ဆောက်မလား။ ဟိုဟာ လိုအပ်မယ် ထင်လိုက်၊ တမျိုး တောင်းလိုက် အဲလို ပုံစံမျိုးပါ” ဟု ပြောသည်။

Follow me on:

Back to Top