28
Dec

TB ရောဂါ ကာကွယ်တိုက်ဖျက်ရေး နည်းလမ်းများ

ကျမတို့ ဝမ်းသာစရာ သတင်းကကြတော့ ကျန်းမာ ရေးဝန်ကြီးဌာနက ဒီ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းမှာ တီဘီဆေးတွေဟာ အလုံအလောက် ရှိတယ်၊ တနိုင်ငံလုံးမှာ ရှိနေတဲ့ တီဘီလူနာတွေကို အလကားပေးနိုင်တယ်၊ အခမဲ့ပေးနိုင်တဲ့ တီဘီ ဆေးတွေက အလုံအလောက်ရှိနေတယ်။ အဲဒီတော့ ရှိနေတဲ့ အပြင်ကို ပုဂ္ဂလိကဆေးခန်းတွေက လည်း မြန်မာနိုင်ငံဆရာဝန်အသင်းတို့ နောက် International NGO တခုဖြစ်တဲ့ population services international အဲလို အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ အကူညီပေးနေတဲ့ ဆေးခန်းတွေ အများ ကြီးရှိတယ်။ ဒါတွေဟာ အကုန်လုံးဟာ အလကားပဲပေါ့၊ တီဘီ သလိပ်စစ်တာကော အဲဒါတွေအားလုံး က အကုန်လုံး အလကားကုလို့ရတယ်။ နောက်တခါ တချို့အဖွဲ့အစည်းတွေဆိုရင် အဟာရထောက်ပံ့ မှုလေးတွေ ပေးတာလေးတွေရှိတယ်။ ဒီလို ခက်ခဲတဲ့ ချို့တည့်တဲ့ လူနာဆိုရင် သွားရေးလာရေး လွယ်ကူအောင်လို့ သွားလာစာရိတ်တွေ ထုပ်ပေးတာရှိတယ်။ တချို့တွေက လူနာကလိုအပ်လို့ ဓါတ် မှန်ရိုက်ရမယ် ဆိုလို့ရှိရင်လည်း ဓါတ်မှန်ဖိုးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီတော့ လူနာ တွေကိုယ်တိုင်က သတိပြုမိလာပြီးတော့ ဒီလိုအဖွဲ့စည်းမျိုးတွေက ပေးနေတယ်၊ ကျန်းမာရေးဌာနမှာ အလကားရနေတယ်ဆိုတဲ့ message တွေသာ များများရောက်ပေးနိုင်မယ်ဆိုရင် လူတွေက ပိုပြီး သတိပြုမိလာရင် ပိုပြီးတော့ ပြလာမှာပဲလေ အဲဒီတော့ အဲဒါဆိုရင်လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်ကူလာမယ်ပေါ့နော်။

Follow me on:

Back to Top