“ခုခံအားကျဆင်းရေး ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး အမိန့်ထုတ်ထားပေမယ့် ရဲတွေကမလိုက်နာလို့ သူတို့ဋ္ဌာနတွင်း အရေး ယူခဲ့တဲ့ အဖြစ်တွေ ရှိပေမယ့်လည်း အခုအချိန်ထိ ရဲတွေက ကွန်ဒုံးကို အမှုအရေးယူရမှာ သုံးနေဆဲပဲ။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ် စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာ တွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ် ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး” ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက ပြောပြခဲ့သည်။
29
Dec
မျှော်လင့်ချက်နှင့် အသက်ဆက်သူ
“အဖေလဲမရှိတော့ဘူး၊ အမေလဲမရှိတော့ဘူး၊ အကိုနဲ့ မောင်လေးလည်း မရှိတော့ဘူး။ နောက်ဆုံး ကျန်တဲ့ မောင်လေးက စစ်တပ်ထဲမှာရောက်နေတယ်။ ဘယ်ရောက်လို့ ရောက်နေ မှန်း မသိတော့ဘူး။ မသေခင်တော့ မောင်လေးနဲ့ ပြန်တွေ့ချင် သေးတယ်” လို့ ပါးစပ်အသာ ဟကာ အသက်ကို ရှူရင်း မဇာခြည်လင်းက လေသံတိုးတိုးလေးနဲ့ ပြောပြ နေခဲ့သည်။
သူမ.. ဒီအေအိုင်ဒီအက်စ် ရောဂါဆိုးကို ခံစားရတာ မကြာသေးပေမဲ့ လမ်းပေါ်ပျော်တဲ့ ဘ၀ကို ရောက်ခဲ့ရတာတော့ သူမအသက် ၁၈ နှစ်လောက် ကတည်းကလို့ မျက်လုံးကို မှေးရင်း ပြောပြ နေခဲ့သည်။

Follow me on: