မဖြူဖြူသင်းနှင့် NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များ စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း ဒဂုန်မြို့သစ်(တောင်ပိုင်း) ရှိ HIV ဝေဒနာရှင်များကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုအားပေးစဉ်။ စောင့်ရှောက်ထားသည့် ဝေဒနာရှင် ၈၀ ကျော်ရှိသည်။
Summer course on human rights and drug policy
This course is free if you are accepted for study. They say Budapest is nice in the summer.
လှဝင်းရီ အပိုင်း (၇)၊ (၈)၊ (၉)
ဘဲဥတွင် မကောင်းသော အလေ့တစ်ခု ရှိ၏။ ထို့အလေ့မှာ မည်သည်ကိုမျှ သိုသိပ် မျိုဝှက်မှု မရှိခြင်း ပင် ဖြစ်သည်။ ထိုအကျင့်ထူးကြောင့် သူ့ဘ၀ တလျှောက်လုံးတွင် ပြဿနာ ပွေခဲ့ရလေသည်။ ထိုည နေတွင် ဘဲဥသည် ပါးစပ် အငြိမ် မနေ။ သူ သဂျုသွေး စားခဲ့ရသည်ကို စကားမရှိ စကားရှာပြီး အိမ်ကို ပြန်ပြော၏။ ထို သဂျုသွေးမှ မီးခိုး ကြွက်လျှောက်လိုက်၍ ကျွန်ုပ်တို့ နှစ်ဦး ကျောင်းပြေးသည်ကို မိဘ များ သိသွားတော့သည်။ ဘဲဥ၏ အမေသည် သူ့သားကို သူရိုက်ယုံမျှနှင့် ကျေနပ်တော် မမူသေး။ ကျွန်ုပ် အိမ်သို့ တကူးတက ရောက်လာပြီး နတ်သံနှောကာ ဇာတ်စုံခင်း၏။ “သုသာန်က ဟာတွေနဲ့ ပေါင်းပြီး စဏ္ဍာလကျင့် စဏ္ဍာလကြံ ကြံတယ်၊ မကြံကောင်း မစည်ရာ သုသာန်က အုန်းသီးနဲ့ ငှက် ပျောသီး ကို တခုတ်တရ သွားစားကြတယ်တဲ့၊ ကောင်းကြသေးရဲ့လား” ဟူသည့် ဘဲဥအမေ၏ တိုင်ကြားချက် အဆုံးတွင် မာတာ မိခင်သည် ကျွန်ုပ်၏ ကျောပြင်ကို ဗျောတင်လေ၏။
လှဝင်းရီ အပိုင်း (၄)၊ (၅)၊ (၆)
လှဝင်းရီသည် သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်၊ ဆန်းဆန်းပြားပြား သေဆုံးခြင်းဖြစ်သဖြင့် အလောင်းကို အရိုးပြာကျအောင် မီးသင်္ဂြိုဟ်ရမည် ဟူသည့် ဆရာတော့် အမိန့်ကြောင့် ကျွန်ုပ်တို့ လူသိုက်သည် လှဝင်းရီကို မီးပြင်းတိုက်ရန် ပြုရလေသည်။ နွေနေ့လယ်အချိန်တွင် မီးသင်္ဂြိုဟ်ရသည် မှာ အလွန် ပင်ပန်းလှသည့် အလုပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာတော့်စကားကို ပယ်ရှားရန် မဖြစ်နိုင်။ သမှည့်၊ ကနစို အမြစ်ဆုံကြီးများကို ထင်းအဖြစ်စီမံပြီး လှဝင်းရီကို ထိုထင်းပုံကြီးပေါ်တွင် မှောက်ခုံ တင်လိုက်၏။
“ကဲ မီးစတိုက်ရအောင် ကျပ်ခိုးရေ၊ မော်တော်ကား တာယာတွေ ယူခဲ့အုံး။ ရေနံဆီဖြန်း ပြီးရင် ပုံးကို ၀ါးရုံတောနားမှာ သွားထားချေ။ တော်ကြာ ရေနံဆီပုံး မီးထတောက်လို့ ငါတို့ပါ လှဝင်းရီနောက် လိုက်နေရအုံးမယ်” ဟူသည့် ကာလသားခေါင်း ဆင်ပေါက်၏ စကားအဆုံးတွင် ကျွန်ုပ်တို့သည် အလောင်းကို မီးသင်္ဂြိုဟ်ရန် စတင် ပြင်ဆင်ကြ၏။
A new HAARP newsletter
A new HAARP newsletter has just been published with the following two short news items on Myanmar …
လှဝင်းရီ အပိုင်း (၂)၊အပိုင်း (၃)
ငယ်သံယောဇဉ်ကြောင့် ကျွန်ုပ်သည် လှဝင်းရီ၏ အနီးသို့ အသာချဉ်းကာ ကြည့်ရှုမိသည်။ ပြာနှမ်းနှမ်း နှုတ်ခမ်းပါးထက်တွင် အပြုံးကလေးတပွင့် တင်ကျန်နေသည်ကို တွေ့ရ၏။ လှဝင်းရီကား သေသော် လည်း အပြုံးမပျက်ချေ။ သေပန်းပွင့်သည်ဟု ဆိုရကောင်း၏။ “ အို ဒွန္နယာကြီး သင် မည်မျှပင် ဆိုခဲ့ စေကာမူ သင့်ကို ကျွန်ုပ် မေတ္တာမပျက်ပါ” ဟု ပြုံးပြုံးကလေး လုပ်၍ နှုတ်ဆက်သွားခြင်း ဖြစ်ချေသ လော။ သို့တည်းမဟုတ် သေခါနီး ဂတိနိမိတ် ထင်ဟပ်လာချိန်တွင် အတိတ် နိမိတ်ကောင်းများကို မြင်တွေ့သွားခဲ့သောကြောင့် ကျေနပ်အားရဖြစ်ကာ ပြုံးသွားခဲ့ခြင်း ဖြစ်ချေသလော။ သို့သော် လှဝင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်ကလေးမှာ အနည်းငယ် တွန့်၍ နေသောကြောင့် လှဝင်းရီ သည် သေခါနီးတွင် လောကကြီးကို စိတ်အနာကြီး နာကျည်းကာ မဲ့ပြုံး ပြုံးပြသွားခြင်း ဖြစ်တန်ရာ၏ ဟု ကျွန်ုပ် မနေနိုင် မထိုင်နိုင် တွေးမိသည်။
Drugs, sex, and Bangladesh near Rakhaing
You can feel censoriousness seeping out of the writer of this article.
အင်တာနက်သုံးစွဲသူများအတွက် သတိပေးချက် ၈ ချက်
အင်တာနက်မှတဆင့် ရာဇဝတ်မှုများနှင့် နှောက်ယှက်မှုများ လုပ်ဆောင်လာကြပါသည်။ရာဇဝတ်မှုများအနေဖြင့် ခွင့်ပြုချက်မရပဲ ကွန်ပျူတာအတွင်း ဝင်ရောက်ကြည့်ရှုခြင်းနှင့်ကိုယ်ရေးအချက်လက်များကို ခိုးယူခြင်း၊ ကိုယ်ပွားရယူအသုံးပြုခြင်း၊ ဆိုက်ဘာနည်းအားဖြင့် တိုက်ခိုက်ခြင်းများအထိ လုပ်ဆောင်လာပါသည်
Graduate Diploma in International Health (Ethics)
If you are interested the email address is at the end of the posting.
လှဝင်းရီ
နောက်ဆုံးတွင် ထိုသီလရှင် တသိုက်သည် လှဝင်းရီကလေးကို အညာစောင်ပါးကလေး တထည်ဖြင့် အသာ အုပ်ထားခဲ့ပြီး မီးခွက်ကိုယ်စီကိုင်၍ တောရကျောင်း ဆရာတော်ထံပါးသို့ ချဉ်းကပ်ကာ ဖြစ်ပုံပျက်ပုံ အလုံးစုံကို သီလရှင်သံနှောကာ လျှောက်တင်ကြလေသည် ဟူသတတ်။ ဆရာတော် သည် ထိုသတင်းကို ကြားသော် မည်သို့မျှ မဆို၊ အနိစ္စ သဘောကိုသာ ဖြောင့်ဖြောင့်ကြီး ဆင်ခြင် သည်။ ထို့နောက်တွင်မှ တိုက်အုပ်ကိုယ်တော်၊ တိုက်ကြပ်ကိုယ်တော်၊ ခန်းနေကိုယ်တော်တို့အား ဆင့်ခေါ်၍ လှဝင်းရီ၏ အလောင်းကို သဂြိုဟ်ရန် စီစဉ်စေ၏။
More interest in HIV in Myanmar in the last two months
What 'international community' is involved?
ကျွန်တော် သို့မဟုတ် … … … …
တစ်နေ့တော့ မန္တလေးက MSM တစ်ယောက် ရောက်လာပြီး HIV/AIDS နဲ့ ပတ်သက် တာတွေ ပြောပြတယ်။ ပြီးတော့ သူတို့ဆီမှာ သွေးစစ်ပေးတယ်၊ ဆေးလဲ ကုပေးတယ်၊ ဆေးလဲပေးတယ်ဆိုတော့ ကျွန်တော် အားတက်သွားခဲ့တယ်။ ကျွန်တော် အခုလို HIV (+) ဖြစ်နေတာကို ကျွန်တော့် မိသားစု အသိုင်းအ၀ိုင်းက မသိကြဘူးလေ။ သိမှာကိုလဲ ကျွန်တော် စိုးရိမ်တယ်။ ဘာ့လို့လဲဆိုရင် ကျွန်တော့်မိဘ ညီအစ်ကို မောင်နှမတွေက ၀ိုင်းပြီး ပြောကြမယ်၊ ဆိုကြမယ်၊ ပြစ်တင်ကြမယ်လေ။ သူငယ်ချင်းအပေါင်း အသင်းတွေကလဲ သိရင် မပေါင်းကြတော့မှာစိုးလို့ ကျွန်တော်လူမသိ သူမသိဘ၀နဲ့ မန္တလေးက TOP CENTER ဆိုတဲ့ သဇင်ဆေးခန်းကို ရောက်သွားခဲ့တယ်။ အဲဒီက သွေးစစ်ပြီး SEPTRIM နဲ့ အားဆေးတွေ ပေးပါတယ်။ ဒီလိုနဲ့ HIV(+) ဘ၀နဲ့ ပြန်ကျန်းမာလာတယ်၊ ပြန်ဝလာတယ် ဆိုပါတော့။ HIV(+) ဆိုတဲ့ ဘ၀ကြီးကို ခေတ္တ မေ့သွားခဲ့တယ်။ ဆေးတွေသောက်ဖို့လဲ မေ့သွားခဲ့တယ်။

Follow me on: