“ကောင်းတာပေါ့။ ကိုတို့ကလေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးတာပေါ့” လို့ဆိုပြီး အတူ တကွ တက်ကြွ ပျော်ရွှင်စွာနဲ့ အထူးကုဆေးခန်း တစ်ခုမှာ ကိုယ်ဝန်အပ်ခဲ့ ကြတယ်။ ထူးဆန်းတာက အဲဒီ ရက်မှာ ရင်ငြိမ်း ချောင်းတ အားဆိုးနေသလို ကိုကလည်း ပိန်နေတယ်။ ဆရာဝန်ရဲ့ သံသယ အကြည့် ကို ရင်ငြိမ်း မကြိုက်ပေမယ့် ကလေးအတွက် ဆရာဝန်ခိုင်းတဲ့ သွေးစစ်တာကို လက်ခံခဲ့တယ်။
AMFAR grant to HREIB
The [him] moderator would like to post more information about these grant activities if the implementers send them to [him].
လိင်တူချစ်သူ အခွင့်အရေး စီတန်းလှည့်လည်
လမ်းလျှောက် ဆန္ဒပြပွဲကို ထိုင်း-မြန်မာ လူအခွင့်အရေးအဖွဲ့များ၊ HIV/AIDS အကူအညီပေးရေး အဖွဲ့များ နှင့် လိင်တူချစ်သူ အခွင့်အရေးအဖွဲ့များက ဦးဆောင်ခဲ့ကြပြီး လိင်တူချင်းစုံမက်သူ အမျိုး သမီး၊ အမျိုးသားများ၊ လိင်တူ လိင်ကွဲ ၂ မျိုးလုံး စိတ်ဝင်စားသူနှင့် ဆန့်ကျင်ဘက် လိင်အဖြစ် ပြောင်း လဲ ခွဲစိတ်ထားသူများ လူစည်ကားသည့် ချင်းမိုင်ညဈေးကို ပတ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ခဲ့ကြ သည်။
လိင်တူချစ်သူများကို ပိုမို အသိအမှတ်ပြုလာဟု ဆို
ထိုင်း၊ မြန်မာတက်ကြွလှုပ်ရှားသူများက လိင်တူချစ်သူများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးလမ်းလျှောက် ချီတက်ပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
Three Diseases Fund review meeting evaluation
Here is a valuable attempt to increase transparency. The Three Diseases Fund has published the evaluation report on its review meeting.
ဆေးစစ်မှုပြုလုပ်ရာတွင် ရလဒ်အဖြေမှားယွင်းသည့် ဖြစ်ရပ်များရှိနေပြီး သက်ဆိုင်ရာမှ ...
ကျန်းမာရေးဝန်ကြီး ဌာနမှ အရည်အသွေးမပြည့်မီသည့် ဓာတ်ခွဲခန်းများကို စစ်ဆေးတွေ့ရှိပါ က သက်ဆိုင်ရာ တည်ဆဲဥပဒေများ အရအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့်အိန္ဒိယ၊ ထိုင်း၊ ဟောင် ကောင်၊ သြစတြေးလျ၊ ဂျပန်၊ အမေရိကန်စသည့် နိုင်ငံများနှင့် ပူးပေါင်းကာ ကျန်းမာရေး ဓာတ်ခွဲ ခန်းများ၏ အရည်အသွေးများမြှင့်တင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
HIV ၊ ကာလသားရောဂါနှင့် TG များ ဆက်နွယ်မှု
နောက်တစ်ချက် သတိထား ရမှာက အရက်နဲ့ မူးယစ်ဆေးဝါးများပဲ ဖြစ်ပါတယ်။ အရက် (သို့) အခြား မူးယစ်စေတတ်သော အရာများကို သုံးစွဲထားမိပါက မှန်ကန်သော ဆုံးဖြတ်ချက်များကို မချနိုင် တော့ပါဘူး။ ဥပမာ – ကွန်ဒုံးမပါပဲ လိင်ဆက်ဆံတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တဒင်္ဂ ပျော်ရွှင်မှု အတွက် မိမိတို့ရဲ့ ဘ၀တစ်ခုလုံးကို အဆုံးရှုံး မခံသင့်ပါဘူး။ မိမိရော မိမိအဖေါ် အတွက်ပါ အန္တရာယ် ကင်းစေရန်အတွက် စဉ်းစားသင့်ပါတယ်။
AIDS COLUMN
ထို့ပြင် နို့နှင့် နို့ထွက် ပစ္စည်းများမှလည်း ကယ်လ်စီယမ်နှင့် အသားဓာတ်တို့ ရရှိ နိုင်သဖြင့် တစ်နေ့လျှင် နှစ်ကြိမ် စားသုံး ပေးခြင်းဖြင့် သတ္တုဓာတ်များ ရရှိ စေနိုင်ပါသည်။ အချို့သူ များသည် နို့နှင့်နို့ထွက်ပစ္စည်းတို့တွင် ပါဝင်သော သကြားဓာတ်တစ်မျိုး လက်တို့စ်နှင့်ဓာတ် မတည့် ဖြစ်တတ်သောကြောင့် လက်တို့စ် ပါဝင်မှု နည်းသော နို့နှင့်နို့ထွက် ပစ္စည်းများကို ၀ယ်ယူ စား သုံးသင့်ပါသည်။
အရွယ်ရောက်လာသည့်အကြောင်း
မျိုးပွားခြင်းလုပ်ငန်း အရွယ်ရောက်ချိန်၌ စတင်ပေါ်ပေါက်လာရခြင်း အကြောင်းကို ဆေးပညာ ရှင်များက လေ့လာသုတေသန ပြုခဲ့ကြသည်။ ဤတွင် တင်စားသုံးနှုန်းသော အဖြေစကားတစ်ရပ် ရှိလာသည်။ “အိပ်ပျော်နေသော ဟိုက်ပိုသားလမတ် (Hypothalamus) နိုးလာခြင်းကြောင့် အရွယ် ရောက်ချိန် ဖြစ်လာရခြင်းဖြစ်သည်”ဟု ဆိုပါသည်။ ဟိုက်ပိုသားလမတ်သည် ဦးနှောက်၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းပေါင်းများစွာ လုပ်ဆောင်ပေးသည်။ ဟိုက်ပိုသားလမတ်ကို ယနေ့အချိန် တွင် ဇီဝနရီဟုပင် သုံးနှုန်းခေါ်ဆို လာကြသည်။ ဟိုက်ပိုသားလမတ်သည် ဝှေးစေ့နှင့် မမျိုးဥအိမ်တို့၏ အဓိကလုပ်ငန်းနှစ်ခု (က)လိင်ဟော်မုန်း ထုတ်လုပ်ခြင်းနှင့် (ခ) မျိုးဥတည်ဆောက်ခြင်း အမျိုးသားများ တွင် သုက်ပိုးတည်ဆောက်ခြင်းနှင့် အမျိုးသမီးများတွင် မမျိုးဥ တည်ဆောက်ခြင်းတို့ကို ထိန်းချုပ်ပေး သည်။
အမျိုးသား အင်္ဂါပေါ်က အနာများ
လိင်မှတစ်ဆင့် ကူးစက်ရရှိတဲ့ရောဂါ (STD) များရှိနေပြီလား ဆိုပြီး ပူပင်သောက ရောက်ရတတ်ပါတယ်။ တကယ်တော့ အမျိုးသား အင်္ဂါပေါ်က ပုံမမှန် လက္ခဏာ အများစုဟာ အဖြစ်များပြီး ယေဘုယျ အားဖြင့် အန္တရာယ် မရှိတတ်ကြပါဘူး။ အမျိုးသားတွေ အနေနဲ့ စိုးရိမ်သင့်တဲ့ အခြေအနေနဲ့ စိုးရိမ်မနေ သင့်တဲ့ အခြေအနေတွေကို ခွဲခြား သိထား သင့်ပါတယ် ။
ဂုဏ်ယူတယ်ဆို ကူကြပါ
ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရ တာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကို ရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။
ချစ်သူများနေ့ လက်ဆောင်
“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခို ခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော် ဖြောင့်တာ။ တချို့ဆို အခန်း ပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့်နေရတဲ့ အထိပါ ရှိတယ်” လို့ ကန် တော်ကြီးအနီးမှာ ရှိတဲ့ နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။

Follow me on: