AIDS ရောဂါဟာ ဒီနေ့အထိ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမတွေ့သေးတဲ့ရောဂါပါ။ ဒါပေမဲ့ ကာကွယ်နိုင်တဲ့ ရောဂါပါ။ အကောင်းဆုံးကာကွယ်ရေးဒိုင်းလွှားဟာ ကိုယ်ကျင့်တရား လို့ပဲ ဆိုရပါလိမ့်မယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ဆေးထိုးအပ်သုံးခြင်းတို့ကတစ်ဆင့် ရောဂါကူးပါတယ်။
ရန်ကုန်မြို့တွင် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို စုပေါင်းကျင်းပကြမည်
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲကို မြန်မာပြည်တွင်းရှိ HIV/AIDS ခေါ် ခုခံအားကျဆင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကွန်ယက် ၇ခုမှ ဒီဇင်ဘာလ ၃ရက်နေ့တွင် ရန်ကုန်မြို့ ယုဒသန်ရိပ်သာ၌ စုပေါင်းကျင်းပကြမည် ဖြစ်သည်။
HIV/AIDS စောင့်ရှောက်ရေး ပိုကျယ်ပြန့်လာ
HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်သည့် လုပ်ငန်းများကို ယခင်ကထက် လူသိများလာပြီး ၎င်းတို့၏ အကူအညီပေး ရေး လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာကြောင်း မဖြူဖြူသင်းက ယနေ့ ပြောကြားသည်။
အရှုံးမပေး
မဇ္ဈိမသို့ ပေးပို့လာသည့် HIV နှင့် အသက်ရှင်နေထိုင်သူတို့၏ ပေးစာများကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ ကာယကံရှင်တို့၏ အမည်များကို ပြောင်းလဲထားသည်။
မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်းလာ
တရုတ်နိုင်ငံမှာ မိခင်ကနေ မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်းလာတယ်လို့ ၂၈-၁၁-၂ဝ၁၁ နေ့ကလာတဲ့ (ဆင်ဟွာ) သတင်းတခုက ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကူးစက်နှုန်း ၃၄့၈% ရှိခဲ့ရာကနေ ၂ဝ၁ဝ အကုန်မှာ ၇့၉% သာရှိတယ်လို့ တရုပ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုတာ ဖြစ်ပါတယ်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ NLD အဖွဲ့ချုပ်ရုံးများတွင် ကျင်းပမည်
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်အပြင် ပြည်နယ်နဲ့တိုင်းအသီးသီးက ရုံးတွေမှာပါ တချိန်တည်း တပြိုင် တည်း ကျင်းပဖို့စီစဉ်နေပါတယ်။
မဝေးတော့ပြီ ART
တစ်ကမ္ဘာလုံး၌ HIV ကာကွယ်ရေး နှင့် တိုက်ဖျက် ရေးလုပ်ငန်း များကို အစွမ်း ကုန်အားထုတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ရာ စာရေးသူတို့နိုင်ငံတွင်လည်း HIV ကာကွယ်ရေး တိုက်ဖျက်ရေး ပြုစုစောင့် ရှောက်ရေးနှင့် ကုသရေးလုပ်ငန်းများကို လည်း နိုင်ငံတကာနည်းတူ ပြုလုပ်ဆောင် ရွက်လျက်ရှိကြပါသည်။
HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပ
HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ ‘သုခရိပ်မြုံ’ နဲ့ ‘World Vision’ တို့ ပူးပေါင်းပြီး ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေးစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကျွန်းမှာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ ဒီနေ့ ကျင်းပပါတယ်။
HIV/AIDS ရောဂါ အကြောင်းကို ဗဟုသုတရဖွယ် ဟောပြော ဆွေးနွေးခဲ့
UMFCCI မှာ လူ့အဖွဲ့အစည်းတွင် HIV/AIDS ရောဂါကြောင့် လူမှုရေး ဒုက္ခ ကြုံတွေ့ ရတာတွေ၊ နိုင်ငံ ပေါင်းစုံမှ ကာကွယ် တိုက်ဖျက် နေတာ တွေကို HIV/AIDS သမိုင်းကြောင်း တစ်လျှောက် အောင်မြင်မှု များနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဒေါက်တာ စစ်နိုင်နှင့် ဆရာဦး ကိုကိုလှိုင်တို့မှ ဟောပြော ဆွေးနွေး ခဲ့တယ်လို့ သိရပါ တယ်။
ဟီလာရီကလင်တန် တောင်ဒဂုံရှိ HIV ဂေဟာသို့ သွားရောက်မည်
ဟီလာရီ ကလင်တန်သည် ရန်ကုန်မြို့သို့ရောက်ရှိခိုက် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ HIVပိုးကူးစက်ခံရသူ လူနာများကိုပြုစုစောင့်ရှောက်ပေးနေသော ဂေဟာသို့ လာရောက် ရန်ရှိကြောင်း အဆိုပါဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်း က The Voice Weekly သတင်းဌာနသို့ပြောကြား ကြောင်းသိရ
HIVဝေဒနာရှင်များအတွက် လှူဒါန်းနိုင်ပါသည်
RAVEN BLOOD DONAR CLUB မှဦးဆောင်၍ (11.12.2011)နေ့တွင် တောင်ဒဂုံမြို့နယ်အတွင်းရှိ HIV ဂေဟာတွင် HIV ရောဂါဝေဒနာ ခံစားနေရသော လူနာအယောက်(၁၂၀) အား အဟာရဒါန အဖြစ် အစားအစာ နှင့် ဆေးဝါးများ သွားရောက်ကျွေးမွေး လှုဒါန်းမည် ဖြစ်ပါသည်။HIV ဝေဒနာရှင်များအတွက် လှုဒါန်းချင်သော စေတနာရှင်ပြည်သူများ ဆက်သွယ် နိုင်ရန်………
ကမ္ဘာ့ ကုလသမဂ္ဂ၊ (အေ-အိုင်-ဒီ-အက်စ်) နေ့ အစီရင်ခံစာ (၂ဝ၁၁)
တကမ္ဘာလုံးမှာ HIV သုည ဖြစ်ရေး၊ HIV ပိုးရှိနေသူတွေကို ခွဲခြားဆက်ဆံတာ သုညဖြစ်ရေး၊ AIDS ကြောင့်သေဆုံးရတာ သုညဖြစ်ရေးဆိုတဲ့ မဟာ-မျှော်မှန်းချက်ကြီးဆီ ဦးတည် ပါတယ်။ လက်တွဲလုပ်ဆောင်နေသူတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ ဝေဒနာသည်တွေကနေ အဲလို မျှော်မှန်းထားတာပါ။

Follow me on: