9
May

စအိုနေရာယားခြင်း

စအိုတ၀ိုက်မှာ ယားယံနေသည်မှာ နှစ်လကျော်လောက် ရှိပါပြီ။ သံချဆေး Albandazone 400mg ကို နှစ်ပတ်ခြားတစ်ခါ သုံးကြိမ် သောက်ပြီးပါပြီ။ ဒါပေမယ့် စအိုပတ်လည်တင် မကဘဲ မိန်းမအင်္ဂါ ဘေးနှစ်ဘက်နှင့် အပြင်လမ်းကြောင်းမှာပါ ယားယံနေပါတယ်။ နေ့ရောညပါ ယားနေတာပါ။ အရင် ယားနေတာ အဖြူမဆင်းပါဘူး။ အခု အဖြူဆင်းတာ နှစ်ရက်ရှိပါပြီ။

9
May

အိမ်ထောင်မပြုခင် ဆေးစစ်ချင်

အိမ်ထောင်ကျလို့ လင်-မယားအတူနေတဲ့အခါ ဆက်ဆံရေး ပြဿနာ မရှိအောင်၊ သူ့ရောဂါတွေကိုယ့်ကို၊ ကိုယ့်ရောဂါတွေ သူ့ဆီ မကူးစက်အောင်၊ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်မရှိအောင်၊ မွေးလာမဲ့ သားသမီးတွေလဲ ကျန်းမာ သန်စွမ်းအောင် ကြိုတင်ဆေးစစ်ထားဘို့ လိုအပ်ပါသလား။ လိုအပ်ပါတယ်။

8
May

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

ဩစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့ များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းထားသည်။

5
May

အပျိုစင်လေးများအတွက်သိကောင်းစရာ (၁၄)

Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။

5
May

သားဖွါး-မီးယပ်ဆေး (မစ်ဆိုပရိုစတောလ်)

ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်း ကုသပါ။

4
May

HIV ဝေဒနာရှင် ခုနစ်သောင်းကျော် ဆေးဝါ ကုသခွင့် မရသေး

လက်ရှိအခြေအနေ ၌ ပြည်တွင်းမှ HI ဝေဒနာရှင် များအတွက် ဆေးဝါးထောက်ပံ့မှုကို နိုင်ငံတော်ပိုင်းက တစ်နှစ်လျှင် ဝေဒနာရှင် တစ်ထောင်ကျော်အတွက် ထောက်ပံ့ပေးပြီး ကျန်သည့်ဝေဒနာ ရှင်များကို မူပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ကူညီလှူ ဒါန်းထောက်ပံ့ပေးကြကြောင်း HIV/AIDS ဝေဒနာရှင်များကို ကုသပေးနေ သည့် ဝေဘာဂီဆေးရုံကြီး၏ အငြိမ်းစား ဆေးရုံ အုပ်ဟောင်း ဒေါက်တာအောင်လွင်ကပြောသည်။

3
May

အပျိုစင်လေးများအတွက် သိကောင်းစရာ (၁၂)

‘အမျိုးသမီးတွေက မွေးလမ်းကြောင်းကို သန့်ရှင်းအောင်ထားမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ အဖြစ်နည်းနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကိုတော့ အထူးဂရုစိုက်ဖို့ လိုတာပေါ့ကွယ်။ အိမ်သာသွားပြီးတိုင်း၊ အပေါ့သွားပြီးတိုင်း သေချာဆေးကြော သန့်စင်ဖို့လိုတယ်’

3
May

အမေးအဖြေ (၃၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ယောက်ျားလိင်အင်္ဂါ မသန်မာချိန်မှာ မိန်းကလေး အင်္ဂါက စွပ်စိုမှု အများကြီးရှိမနေရင် ထိုးသွင်းဘို့ခက်ပါမယ်။ သုက်ရည်ဆိုတာ ယောက်ျားလေးမှာ လိင်စိတ်ကျေနပ်မှု ရှိရင် ထွက်နိုင်ပါတယ်။ ဖါသာအာသာဖြေ တာဖြစ်ဖြစ်၊ အောင်မြင်တဲ့ ဆက်ဆံမှုဖြစ်ဖြစ်၊ မအောင်မြင်တဲ့ လိင်ဆက်ဆံမှုဖြစ်ဖြစ်ကနေ ထွက်နိုင်ပါတယ်။

1
May

အမေးအဖြေ (၃၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Sex က လူကော စိတ်ကော အတွက် လိုအပ်ပါလား။ Sex လုပ်တဲ့လူနဲ့ မလုပ်တဲ့လူ ဘယ်သူက ပိုပြီးကျန်းမားလဲ။ ကျွန်တော်ပြောတာ အလွန်အကျွံ မဟုတ်ဘူးနော်။ ကျွန်တော် သိချင်လို့ သာဓကလေးတွေနဲ့ ဖော်ပြပေးပါ …

Follow me on:

Back to Top