7
Nov

HIV/AIDS လုပ်ငန်းများ အတွက် လိုအပ် ငွေ၏ ၉၅ ရာခိုင်နှုန်းအား အပြည်ပြည်ဆိုင်ရာ အလှူရှင် အဖွဲ့အစည်း များမှ တစ်ဆင့် လှူဒါန်းလျက်ရှိ

အခု လက်ရှိ ပြည်တွင်း HIV/AIDS လုပ်ငန်းများ ဆောင်ရွက် ရာမှာ လိုအပ်တဲ့ ငွေရဲ့ ၉၅ ရာခိုင်နှုန်း ခန့်ဟာ အပြည်ပြည်ဆိုင်ရာ အလှူရှင် အဖွဲ့အစည်းများရဲ့ လှူဒါန်းမှု များမှ တစ်ဆင့် ရရှိနေတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ The Global Fund ဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလ စီမံကိန်း အတွက် ရန်ပုံငွေ ထောက်ပံ့ ပေးဖို့ သဘော တူခဲ့ပြီး ဖြစ်ပါတယ်။

7
Nov

HIV ပိုးရှိ ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းကျော် အတွက် ARV ဆေးကုသမှု ရရှိရန် မျှော်မှန်းထား

မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ လာမယ့် ၂၀၁၅ ခုနှစ်မှာ မိခင်မှ ကလေးငယ် များသို့ HIV ပိုး ကူးစက်မှု အန္တရာယ် လျော့နည်း သွားစေဖို့နဲ့ HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းကျော် အတွက် ARV ဆေးဝါး ကုသမှုများ ရရှိစေဖို့ အတွက် ရည်မှန်း အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ HIV ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကလေးငယ်ကို ပိုးကူးစက်မှု လျော့နည်း ပပျောက်စေရေး အတွက် ARV ဆေးကို ကိုယ်ဝန် ၁၄ ပတ် ကစပြီး သောက်သုံး နိုင်တာ ဖြစ်ပါတယ်။

7
Nov

HIV/AIDS ရောဂါ မဟာဗျူဟာ စီမံချက်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံ ဆောင်ရွက် လျက်ရှိ

စီမံကိန်းမှာ ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းစဉ်များ အနေနဲ့ အန္တရာယ် ရှိတဲ့ လိင်ဆက်ဆံမှုနဲ့ မူးယစ်ဆေးဝါး ထိုးသွင်းမှု တို့ကြောင့် HIV ပိုးကူးစက်ခြင်းကို ကာကွယ်ရေးနဲ့ HIV ပိုးကူးစက် ခံရသူများ၊ AIDS လူနာများ အတွက် စဉ်ဆက်မပြတ် ပြီးပြည့်စုံတဲ့ ပြုစု ကုသ စောင့်ရှောက်ရေး လုပ်ငန်းများ ပါဝင်ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက် ခံရသူများ AIDS လူနာများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပေါ် ဆိုးကျိုး သက်ရောက်မှုများ လျော့နည်း စေရေးနဲ့ HIV ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

7
Nov

Civil society voices

The [him] moderator has recently received several emails from people who are part of civil society groups. These commenters do not want their emails posted but have asked for a summary of their points to be posted. Here is an edited summary: There are two mail points. 1) One is UN system organisations and their […]

7
Nov

Big funding for civsoc

Here is big funding for civil society organisations. Apply! [him] moderator ++++++++++++++++++ The United Nations Democracy Fund invites civil society organizations to apply for funding for projects to advance and support democracy. Project proposals may be submitted on-line between 15 November 2012 and 31 December 2012 at www.un.org/democracyfund. You can find guidelines, FAQs and lessons […]

Follow me on:

Back to Top