12
Nov

AIDS ဆိုတာဘာလဲ (၂)

အရင်တုန်းကလို ပုန်းလျှိုး မဟုတ်ကြတော့ဘူး၊ ထုံးစံအတိုင်း ဘယ်ကိစ္စမျိုးမှာမဆို သတိနဲ့ မထိန်းရင် တစ်ဘက်စွန်း ဆိုတာ ရောက်တက်စမြဲပဲ။ အဲဒီ အချိန်လောက်မှာ “ဂေး” တွေဟာ တော်တော်ပဲ ပရမ်းပတာ ထကြွခဲ့ကြတယ်။ အမေရိကန်မှာ ဆိုရင် ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ဟာ ဒီ “ဂေး” ဦးရေများပြီး သူတို့ ကျက်စားရာ ထင်ရှားတဲ့ မြို့တော်ကြီး ၂ မြို့ ဖြစ်တယ်။

11
Nov

AIDS ဆိုတာဘာလဲ (၁)

ဒီလိုနဲ့ စမ်းသပ်မှုတွေ လုပ်ရင်း လုပ်ရင်းနဲ့ နောက်ထပ် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေကို လက္ခဏာအရ သက်သာရာ ရအောင် အမျိုးမျိုး ကုကြတယ်။ ဒါပေမယ့် မရပါဘူး။ ဆုံးသွားရှာတယ်။ သူဆုံးခါနီးကျမှ အဖြေပေါ်လာတော့တယ်။ သူ့မှာဖြစ်နေတဲ့ ရောဂါဟာ ရောဂါသစ်ဖြစ်တဲ့ AIDS ပဲတဲ့။ သူရောဂါရလာပုံကတော့ သူ့ကို သွင်းပေး လိုက်တဲ့ သွေး ပစ္စည်းထဲမှာ ဗိုင်းရပ်စ်ပိုးပါလာလို့ပဲ။ ဒီသွေးပစ္စည်းဟာ လူအများစုဆီက ရထားတာဆိုတော့ ဘယ်တစ်ဦးဆီက ဗိုင်းရပ်စ်ပိုး ရလိုက်တယ် ဆိုတာတော့ မသိရတော့ဘူး။

8
Nov

သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ၈၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သုံးကြိမ်ထိုးရမည့် HPV ကာကွယ်ဆေး၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းကြောင့် အလွန် အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ်နိုင်ကြောင်း မေရီလန်း တက္ကသိုလ်၊ ကင်ဆာနှင့် မျိုးဗီဇဌာနမှ သုတေသီ ဖြစ်သူ Mahboobeh Safaeian မှ ပြောကြားထားသည်။

7
Nov

ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင် ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေ ဆီက အကြံဥာဏ် အကူအညီမလို ဘူးထင်ပါတယ်။

6
Nov

ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်

ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်လည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

6
Nov

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁၅၀၀၀ လောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီက ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။

6
Nov

ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေမှာ မြန်မာပြည်သား များပြား

လိင်ပညာပေး အသိနဲ့ပတ်သက်လို့တော့ လိင်လုပ်သားငယ်အများစုဟာ ကွန်ဒုံး အကာအကွယ် အသုံးပြုတာရှိကြပေမယ့် ဖောက်သည် တွေရဲ့ အလို လိုက်ရတာတွေလည်း ရှိပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိင်လုပ်သား ထက်ဝက်ကျော်က HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှု မလုပ်ဘူးကြဘဲ HIV ရောဂါ ကူးစက်ခံရမှု အန္တရာယ် က တော့ လိင်လုပ်သားတွေမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတယ်လို့ မစ္စတာ ဂျရက် ဒေးဗစ်က ဧရာဝတီ ကို ရှင်းပြပါတယ်။

5
Nov

HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည်

HIV ဝေဒနာရှင် ဦးစရကိုက မြို့နယ်ပေါင်း ၂၅၅ မြို့သို့ တစ်ကိုယ်တော် စက်ဘီးစီးနင်း သွားရောက်၍ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ သက်တမ်းစေ့နေနိုင်ရေး အတွက် အကြံပြု ဆွေးနွေးချက်များ ပြုလုပ် သွားမည်ဟု သိရသည်။ စနေနေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပသည့် ခရီးစဉ် မိတ်ဆက်ပွဲ၌ ကိုးနှစ်ကြာ HIV နှင့် နေထိုင်ခဲ့သည့် ဦးစရကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

4
Nov

၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်

ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာ ရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။

1
Nov

AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည်

ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲမည့် DF Based ဆေးဝါးများ၏ အနိမ့်ဆုံး တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂၀ မှ ၁၄၀ ထိရှိကြောင်း၊ ယင်းကြောင့် ၂၀၁၃ ခုနှစ်တွင် AIDS ဝေဒနာရှင် တစ်ထောင်ကျော် ကိုသာ ယင်းဆေးဝါးများ ပံ့ပိုးခဲ့ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။

1
Nov

A photo essay with positive images

Here is a posting on a photo essay on tuberculosis in Myanmar. It appears that some people portrayed have both tuberculosis and HIV. It may be a bit ‘image heavy’ to be seen easily in browsers in the country. But please notice how both patients and health care providers are portrayed in a positive light. […]

Follow me on:

Back to Top