နှစ်စဉ် ဒီဇင်ဘာ ၁ ရက်သည့် ကမ္ဘာ့ AIDS နေ့ ဖြစ်သည်။ ထိုနေ့တွင် တကမ္ဘာလုံး၌ AIDS ရောဂါ ကာကွယ် တားဆီးရေး လှုံ့ဆော်ပွဲများ၊ အခမ်းအနား များကို ပြုလုပ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း AIDS/HIV ကူးစက် ခံရနှုန်း လျော့ကျစေရေး အကူညီပေးနေသည့် အဖွဲ့အစည်း အသီးသီးက ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ကို ကျင်းပကြသည်။
ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ
HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရှောင်ကျဉ်ခြင်းအပြင်၊ ART ဆေး ရရှိနိုင်ရန် ဆောင်ရွက် ကြမှသာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေးART ဖြင့်ကုသပေး” ဟူသည့် ဆောင်ပုဒ်သည် အနှစ်သာရ ပြည့်ဝပေ လိမ့်မည်။
တိုးပွားလာနေတဲ့ HIV ပိုး ကူးစက်နေမှု ပြဿနာကို ဘယ်လို အဖြေရှာကြမလဲ
ဒီဇင်ဘာလ ၁ ရက်ဟာ ကမ္ဘာ့ HIV တိုက်ဖျက်နေ့ပဲဗျ။ WHO က ထုတ်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ကမ္ဘာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အထဲ ဆယ်ကျော်သက် လူငယ်တွေကြား HIV ကူးစက်ခံရတဲ့နှုန်းက သုံးပုံတစ်ပုံ ပိုများလာတယ်လို့ပြော ထားတာ တွေ့ရတယ်။ ဒီစာရင်းအရဆိုရင် AIDSရောဂါဟာ ကမ္ဘာကြီး ကလူသားအားလုံးရဲ့ အသက် အန္တရာယ်ကို မီးမောင်းထိုး ပြနေတာပဲဗျ။
ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည် များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။
တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိ
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးပေးသည့် HIV Test-kits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့မှုများ
ယနေ့ကျရောက်သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ အထိမ်းအမှတ်အဖြစ် ဟင်းမ် စာဖတ်ပရိသတ်များအား ၂၀၁၃ ခုနှစ်အတွင်း ဟင်းမ်အနေဖြင့် လုပ်ဆောင်ခဲ့မှုများအား ယခုပို့စ်ကို ရေးသား တင်ပြအပ်ပါသည်။ ဟင်း(မ်)ကို ၂၀၀၆ ခုနှစ်တွင် အင်္ဂလိပ်လို စတင် ထုတ်လွင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မြန်မာလို စတင် တင်ပြနိုင်ခဲ့ ပါသည်။ ဟင်းမ် မြန်မာပိုင်းအစီအစဉ်ကို ထုတ်လွှင့်ခဲ့သည်မှာ ယခုဆိုလျှင် ၄ နှစ် ခရီးသို့ ရောက်ရှိနေပြီဖြစ်သည်။

Follow me on: