23
Apr

MANA ဘာလုပ်နေလဲ - အပိုင်း (၁၂)

၂၀၁၃ ခုနှစ်တွင် ပိုမို၍ ထူးကဲစွာ MANA အသင်းကြီးအနေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်ခဲ့သဖြင့် MANA ဗဟို ရုံးစိုက်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် သာမက မန္တလေးတိုင်းဒေသကြီး MANA မှ မန္တလေးမြို့ပေါ်တွင်လည်းကောင်း၊ မွန်ပြည်နယ် MANA အသင်းမှ ဦးစီး၍ မော်လမြိုင် တက္ကသိုလ်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လည်းကောင်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခဲ့ ပါသည်။

23
Apr

Fomer UNICEF staffer Yin Yin Nwe gets some heat

Whoa. Maung Zarni really has it in for this former UNICEF staffer as a shill. https://www.facebook.com/maung.zarni.9/posts/10200841551599825 Jamie

22
Apr

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ

“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်း အတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”

22
Apr

Conflating drug production and drug consumption

The Economist appears to conflate drug production and drug consumption in Myanmar. There is scientific evidence for increased production. But there are only anecdotal reports of increased consumption apart from opium in  producing areas. Methamphetamine use engenders moral panic. Not all users develop into the zombies we see on Breaking Bad. And there is little […]

21
Apr

မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင် ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သင်္ကြန် ကာလအတွင်း လူမျိုးရေး ဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့ အတွက် လက်ကမ်း စာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

21
Apr

The next twenty years of prevention

Happy New Year! Some superstars of HIV prevention have written their view of the next stage in HIV prevention. Now that incidence has decreased and continues to decrease in most places and in most populations. HIV will become endemic rather than epidemic. Ten years from now you will remember this paper. You will have to […]

13
Apr

မြန်မာနှစ်သစ်ကူး

ဟင်းမ် စာမျက်နှာ အနေဖြင့် ၂၀၁၄ ခုနှစ် အတွက် ကျရောက်သော သင်္ကြန်ပွဲနှင့် မြန်မာနှစ်သစ်ကူး ကာလအတွက် ဧပြီလ ၁၄ ရက်မှ ဧပြီလ ၂၀ ရက် ၂၀၁၄ အတွင်း ခေတ္တ ရပ်နားထားပါမည်။ ဧပြီလ ၂၁ ရက်မှ စတင်ပြီး ပုံမှန်ဝန်ဆောင်မှုများ ပြန်လည် လုပ်ဆောင်ပါမည်။

12
Apr

မွေးလမ်းကြောင်း ပိုးဝင်ခြင်း

လိင်ကတဆင့် ကူးစက်တယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါ အရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ၊ ဆီးအောင့်ဖြစ်မယ်။ ရာသီလာ အပြီး ပိုဆိုးတယ်။ ပျို့အန်တတ်တယ်။ လိင်ဆက်ဆံဘက်ကိုပါ ရောဂါ လက္ခဏာပြပေမဲ့ တခါတည်း ဆေးကုရမယ်။

10
Apr

HIV ကူးစက် ခံနေရပြီလား (၇) (အမေးအဖြေ)

အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တဲ့ အတွက် စိတ်ပူနေမှာတော့ အမှန်ပဲ။ လည်ပင်း အကြိတ်တွေ ကြီးလာတာ၊ အခြား အကြိတ်တွေ ကြီးလာတာ ကတော့ ဒီရာသီဥတုမှာ ဖြစ်တတ်ပါတယ်။ ပူအိုက်တဲ့ ရာသီမှာ အပူရှပ်ပြီး ဒီလို တုတ်ကွေး ဆန်ဆန် ဖျားတတ်ကြပါတယ်။ ဒါကို HIV ကြောင့် ဖြစ်တာလို့ ပုံသေကားချပ် ပြောလို့မရပါဘူးခင်ဗျာ။

10
Apr

HIV, ART နှင့် ကာကွယ်ဆေးများ (အမေးအဖြေ)

လောလောဆယ်တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ အစိုးရ ပြည်သူ့ဆေးရုံတွေမှာ ART ပေးနေပါတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနလို့ ခေါ်ပါတယ်။ ဖုန်းနံပါတ်တော့ မရနိုင်သေးပါဘူး ခင်ဗျာ။ တခြား NGO တွေကို စုံစမ်းပြီး ထပ်ပြောပေးပါ့မယ်။ မဲဆောက်မှာတော့ IOM အဖွဲ့ရှိပါတယ်။ အရင်က သံဖြူဇရပ်နဲ့ မုဒုံမှာလည်း IOM ရှိပါတယ်။ အခုတော့ ရှိသေးလား မသေချာပါဘူး။

9
Apr

HIV သတိပေးတာကောင်းပါတယ် ဒါ့အပြင်

HIV ပိုးကို အဲလိုနည်းနဲ့ကူးအောင်လုပ်တာအတွက် အစိုးရိမ်မကြီးသင့်ပါ။ HIV ပိုးဟာ လူ့ကိုယ်ခန္ဓာထဲမှာသာ ပျော်တယ်။ ကိုယ်ထဲကနေ အပြင်ရောက်တာနဲ့ ကြာကြာ မနေနိုင်ပါ။ မိနစ်တွေနဲ့ နာရီတွေ အထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိ မရှင်ပါ။ သူတို့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲ ထွက်နေရတာ ကြာလေလေ နည်းလာလေလေ ဖြစ်တယ်။ ကိုယ်ပူချိန် ၉၈.၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်နိုင်ပါ။

8
Apr

ပန်းအဖျား လှီးဖြတ်ပေးခြင်း

ပန်းငုံတာဖြတ်ခြင်းနဲ့ HIV အကြောင်း သိသင့်တယ်။ ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ Translational Genomics Research Institute နဲ့ Johns Hopkins University တွေက သုတေသန လုပ်ထားတယ်။ “အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။

Follow me on:

Back to Top