This kind of article makes my stomach turn. There is nothing about harm reduction. Ethnocentricity aside, it uses seropositivity rates among VCT clients to try to say something about the epidemic. VCT seropositivity rates say a lot about VCT targeting and nothing about the epidemic itself. HIV professionals in Myanmar today can rest assured that […]
Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ
လိင်ကနေတဆင့်ကူးစက်မှု ဖြစ်နိုင်ခြေရှိသူတိုင်းဟာ လိင်လမ်းနေရာတဝှိုက်မှာ အနီစက်၊ အနီပြင်၊ အနာပေါက်တယ်ဆိုရင် ဆေးစစ်သင့်တယ်။ လိင်ကနေတဆင့်ကူးစက်ရောဂါတွေဆိုတာ ဆစ်ဖလစ်တခုမက ရှိသေးပါတယ်။ တယောက်မှာ အပေါင်းပြနေရင် သူ့အဖေါ် (ဇနီး၊ ခင်ပွန်း) ကိုပါ ဆေးစစ်ရမယ်။ Chancres (ရှန်ကာ) ခေါ်တဲ့ ဆစ်ဖလစ် အနာရှိနေသူတွေမှာ HIV ပိုးပါဝင်ဘို့ အခွင့်အလမ်းက သူများထက် ၂-၅ ဆ ပိုများတယ်။
ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။
Marvelon (မာဗယ်လွန်) တားဆေး
သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅.၄% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ.၅% ကသာ အဲလိုဖြစ်တယ်။
လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

Follow me on: