This kind of article makes my stomach turn. There is nothing about harm reduction. Ethnocentricity aside, it uses seropositivity rates among VCT clients to try to say something about the epidemic. VCT seropositivity rates say a lot about VCT targeting and nothing about the epidemic itself. HIV professionals in Myanmar today can rest assured that […]
Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ
လိင်ကနေတဆင့်ကူးစက်မှု ဖြစ်နိုင်ခြေရှိသူတိုင်းဟာ လိင်လမ်းနေရာတဝှိုက်မှာ အနီစက်၊ အနီပြင်၊ အနာပေါက်တယ်ဆိုရင် ဆေးစစ်သင့်တယ်။ လိင်ကနေတဆင့်ကူးစက်ရောဂါတွေဆိုတာ ဆစ်ဖလစ်တခုမက ရှိသေးပါတယ်။ တယောက်မှာ အပေါင်းပြနေရင် သူ့အဖေါ် (ဇနီး၊ ခင်ပွန်း) ကိုပါ ဆေးစစ်ရမယ်။ Chancres (ရှန်ကာ) ခေါ်တဲ့ ဆစ်ဖလစ် အနာရှိနေသူတွေမှာ HIV ပိုးပါဝင်ဘို့ အခွင့်အလမ်းက သူများထက် ၂-၅ ဆ ပိုများတယ်။
ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။
Marvelon (မာဗယ်လွန်) တားဆေး
သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅.၄% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ.၅% ကသာ အဲလိုဖြစ်တယ်။
လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။
Five more years of failure to eradicate drugs
Was it Rita Mae Brown or Narcotics Anonymous who first said: “”Insanity is repeating the same mistakes and expecting different results”? Five more years of failure to eradicate drugs is assured. Jamie ++++++++++++++++++ 15-year drug eradication effort failed: Minister The Irrawaddy 17 June 2104 A Home Affairs minister has told Parliament that despite a 15-year […]
HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ)
အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ်ဆေးထိုး ပြွန်နဲ့ အရေပြားဖောက်တဲ့ ပစ္စည်းတွေကို တခြားသူနဲ့ မျှဝေသုံးတာကို ရှောင်ပါ။ သွေးမလှူပါနဲ့။ မျက်ကြည့လွှာလှူတာ၊ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာကိုလည်း ရှောင်ရပါမယ်။
တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာသော ဆေးယဉ်မှုပြဿနာ
“WHO ရဲ့ အခု အစီရင် ခံစာဟာ တစ်ကမ္ဘာလုံးကို အချက်ပေး သံချောင်း ခေါက်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။ အစိုးရတွေ အနေနဲ့ လည်း ဆေးဝါး လုပ်ငန်းကြီး တွေက ဆေးဝါးတွေကို ငွေအတွက် အဓိကထား စမ်းသပ် ထုတ်လုပ်ရတဲ့ အခြေအနေမျိုး မရောက်အောင် ကူညီကြဖို့ လိုပါတယ်။ ဒါမှ ဆေးဝါးသစ်တွေ ထွက်လာမယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဘက်က ဆင်းရဲ နွမ်းပါး သူများပါ မကျန် အသုံးပြုနိုင်လာ မယ်” ဟု ဒေါက်တာ ကိုဟန်က သုံးသပ် ပြောကြားသည်။
Want data on HIV in Myanmar?
Want data? Remember the old days when it was extremely difficult to get HIV data on Myanmar and what data was available was years old. Now you can get lots of data on Myanmar on a speadsheet thanks to the AIDS Data Hub. http://1drv.ms/1mx9ssS Do what you want with it. Jamie
ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။
ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း
ရာသီလာရမဲ့ ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
HIV, CD4 နှင့် Viral Load အကြောင်း သိကောင်းစရာ
လူတွေ အများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွားမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေ ပါတယ်။ မြန်မာပြည်မှာလည်း HIV/AIDS ရောဂါ ကျဆင်း၊ ပပျောက်ပါစေ။

Follow me on: