Weekly Eleven,
No-6, Vol- 3 ,21/11/2007
3D Fund တွင် ဌာနေကိုယ်စားလှယ် (Non Government
Organization) များပိုမို ပါဝင်ပတ်သက်ခွင့် ရှိစေရန် လေ့လာမှုများပြုလုပ် နေသည်ဟု 3D
Fund ၏ စီအီးအိုဖြစ်သူ Mikko Lainejoki က 3D Fund နှင့်လက်တွဲဆောင်ရွက်နေသည့် Partner
အဖွဲ့ အစည်း များထံပေးပို့ သောစာစောင်တွင် ဖေါ်ပြထားချက် အရသိရှိရသည်။
ယင်းလေ့လာမှုနှင့် ပတ်သက်သည့် အစီရင်ခံစာကို
လာမည့်ဒီဇင်ဘာလလည် (သို့ မဟုတ်)လနှောင်းပိုင်း တွင်တင်သွင်းနိုင်မည်ဟု သိရှိရသည်။
လေ့လာမှုမှရရှိသည့် အစီရင်ခံစာများကို စောင်းဆိုင်းနေစဉ် ကာလအတွင်း နိုဝင်ဘာ ၂၇၊၂၈
တွင်ကျင်းပရန်စီစဉ်ထားသည့် 3DFund ၏ပထမအကြိမ် Annual Review အစည်းအဝေးသို့ ရွှေ
့ဆိုင်းထားကြောင်း ဖေါ်ပြချက်အရသိရသည်။ ယင်း အစည်းအဝေးကျင်းပမည့် အချိန်ကို ယခုလကုန်တွင်
ကျင်းပမည့် ဘုတ်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ပြီး ဒီဇင်ဘာ လဆန်းတွင်
Partner များထံ အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း သိရသည်။
3D Fund – Three Disease Fund သည်
မြန်မာနိုင်ငံတွင် တီဘီ၊ ငှက်ဖျားနှင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါများ
တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ အစည်းများကို
အထောက်အပံ့ပေးရန် ထူထောင်ထားသည့် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ တစ်ခုဖြစ်သည်။ 3D
Fund ၏ပထမ အသုတ်ရန်ပုံငွေ ထောက်ပံ့မှု အစီအစဉ်တွင် အင်န်ဂျီအို၊
အိုင်အင်န်ဂျီအိုနှင့် ယူအင်န် အေဂျင်စီများအပါအ၀င် အဖွဲ့ အစည်း ၂၆ ခုက Partner အဖြစ်ဆောင်ရွက်လျက်ရှိသည်။
ပထမအသုတ် ရန်ပုံငွေ ထောက်ပံ့မှု အစီအစဉ်အရ Partner အဖွဲ့ အစည်းများကို
အမေရိကန်ဒေါ်လာ ၂၁သန်းကျော်ထောက်ပံ့သွားရန်စီစဉ် ထားကြောင်းသိရသည်။
3D Fund တွင် ထည့်ဝင်ထားသည့် အလှူရှင်များ
၁။ ယူကေ (DFID) (ငါးနှစ်အတွက်) စတာလင်ပေါင် သန်း ၂၀
၂။ သြစတြေးလျ (AusAID) (သုံးနှစ်အတွက်) သြစတြေးလျ
ဒေါ်လာ ၁၅ သန်း
၃။ နော်ဝေ (ပထမနှစ်အတွက်) ကရုန်း ၁၅ သန်း
၎။ နယ်သာလန် (ငါးနှစ်အတွက်) ယူရို ၅ သန်း
၅။ ဆွီဒင် ( Sida ) (ငါးနှစ်အတွက်) ကရိုနာ
သန်း ၁၁၀
၆။ ဥရောပကော်မရှင် (လေးနှစ်အတွက်) ယူရို
၁၈ သန်း




