မြန်မာနိုင်ငံရှိ အဓိက ရောဂါကြီး ၃ မျိုး တိုက်ဖျက်ရေး လုပ်ငန်း 3D Fand မှ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ရောဂါကြီး ၃ မျိုးအတွက် အမေရိကန် ဒေါ်လာ ၁၀၅သန်းကို ထောက်ပံ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထောက်ပံရာမှာ HIV ရောဂါ အတွက် ဒေါ်လာ ၆၁ သန်း၊ တီဘီရောဂါ အတွက် ဒေါ်လာ ၁၆ သန်း၊ ငှက်ဖျား ရောဂါ အတွက် ဒေါ်လာ ၂၈ သန်း စုစုပေါင်း ဒေါ်လာ ၁၀၅ သန်းကို ပြည်တွင်းမှာ ထောက်ပံ့ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားရောဂါ နှစ်မျိုးနဲ့ အထက် အတွက်လည်း ဒေါ်လာ ၈သန်း ထောက်ပံ့ပေးခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ သရီးဒီဖန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေဟာ HIV ကို တားဆီးနိုင်ဖို့ condom ၅၁ သန်းကျော်နဲ့ ဆေးထိုးအပ် ၁၁ သန်း နီးပါးကိုလည်း ပြည်တွင်းမှာ ဖြန့်ဖြူးပေး ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းမှ တီဘီ ရောဂါသည် တစ်သိန်း ခြောက်သောင်း နီးပါး ကိုလည်း အထောက်အပံ့ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူပေါင်း ၁.၇ သန်းရဲ့ငှက်ဖျား ရောဂါကို ကုသမှု ဆောင်ရွက်ပေးခဲ့သလို ငှက်ဖျား ရောဂါကနေ ကာကွယ် နိုင်အောင် မိသားစု တွေကို ခြင်ထောင် ၁.၉ သန်း ဝေငှပေး ခဲ့တယ်လို့ သိရပါတယ်။
ယခု ဆိုရင်တော့ အဆိုပါ 3D Fand ဟာ ၅ နှစ် သက်တမ်း ကုန်ဆုံး သွားပြီတဲ့ အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းတွေ ကိုလည်း ယခုနှစ် ဇွန်လမှာ အဆုံးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို 3D Fand ရဲ့ ၅နှစ်တာ ကာလပြီးဆုံး သွားပြီ ဖြစ်သဖြင့် ရှေ့ဆက်ပြီး ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို 3MDG လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - 3D Fund မှ ရောဂါကြီး ၃ မျိုး အတွက် ဒေါ်လာ ၁၀၅ သန်း ထောက်ပံ့ ပေးထားပြီးဖြစ်




